Channel Myanmar

Adam David

A Simple Wish (1997) 5.3
A Simple Wish (1997) A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie

A Simple Wish (1997)