Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Behan
6.6
Bring Them Down (2024)
အရိုးရဲ့ "ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား"ဆိုတဲ့ကြက်ဥကိစ္စ ခွက်စောင်းခုတ်တဲ့သီချင်းကို မကြားဖူးတဲ့လူတော့ရှိလောက်မယ်မထင်ပါဘူး။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း ဒီသီချင်းနဲ့ခပ်ဆင်ဆင်ပါပဲ။မတူတာကတော့ သီချင်းကကြက်တွေအကြောင်းဖြစ်ပြီး ဒီကားကတော့ သိုးထီးတွေအကြောင်းဖြစ်နေတာပါပဲ။အဓိကအကြောင်းအရင်းကတော့ကျေးလက်ဒေသက သိုးမွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကြားကအားပြိုင်မှုတွေ မသမာမှုတွေ ခွက်စောင်းခုတ်ကြပုံတွေကိုစိတ်ဝင်စားစရာရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကတော့ Bring Them Down ဖြစ်ပြီး လက်ရှိIMDb Rating 6.6 အထိရရှိထားတဲ့အတွက် အဖြစ်သဘောမဟုတ်တဲ့ ဇာတ်ကားဆိုတာတော့သိသာနေပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း It Comes At Night တို့Poor Things တို့လိုဇာတ်ကားကြီးတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့Christopher Abbott တို့ နာမည်ကြီးဇာတ်လမ်းတွေတော်တော်များများမှာပါဝင်ခဲ့ဖူးတဲ့ Barry Keoghan တို့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်းဖြစ်ပြီး အဓိက မွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကတော့မိုက်ကယ်နဲ့ဂယ်ရီတို့ဖြစ်ပြီး ဂယ်ရီရောင်းတဲ့သိုးတွေထဲမှာမိုက်ကယ်က သူ့ရဲ့အမှတ်အသားလုပ်ထားတဲ့ သိုး ၂ ကောင်ကိုတွေ့ရာကနေစတာပါပဲ။မိုက်ကယ်က အေးအေးလူလူသမားပေမဲ့ဂယ်ရီက ပိုက်ဆံနောက်လိုက်ပြီး ပေါက်ပန်းလေးဆယ်တွေလိုက်လုပ်နေတဲ့လူဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီသိုး ၂ ကောင်ကအစပြုပြီး မွေးမြူရေးခြံ ၂ ...
movie
Bring Them Down (2024)