Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Arkin
5.8
Halloween H20: 20 Years Later (1998)
Halloween H20: 20 Years Later (1998)IMDb Rating (5.8) / Rotten Tomatoes (56%) ဒီကားကတော့ အထူးတလည် ညွှန်းစရာတောင်မလိုဘူးထင်ပါတယ်။ Thriller ကားတွေထဲမှာဆို classic ပဲ ၊ မိုင်ကယ်မိုင်ရားစ်ဆိုတဲ့ လူဟာ ဇာတ်ဆောင်ကယ်ရီရဲ့ မောင်ဖြစ်သူပါ။သူ့အစ်မက မိုင်ကယ်မမိအောင် နာမည်တွေပြောင်း ခြေရာတွေဖျောက်ပြီး နေနေပါသော်လည်း ဆရာသမားလေးက သိတဲ့အတိုင်းပဲ ရှာတွေ့ဖြစ်အောင် ရှာတွေ့တာဗျာ။အဲ့မှာ ကယ်ရီက သူ့သားလေးကိုရော သူ့ချစ်ရသူတွေကိုရော ကာကွယ်ပေးနိုင်ပါ့မလား။သူဘယ်လို သူ့မောင်လက်ကနေ အသက်ရှင်အောင်နေရမလဲဆိုတာမျိူး ကြည့်ရမှာဖြစ်ပါတယ်။ဒီကားက Franchise ကြီးတာမို့ တကယ်မိုက်တဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:26:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu ...
movie
Halloween H20: 20 Years Later (1998)
1998
7.0
A Serious Man (2009)
IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie
A Serious Man (2009)
5.6
Lake Placid (1999)
(function(f,b,n,j,x,e){})();ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ်နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ်(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie
Lake Placid (1999)
7.2
Pig 2021
နီကလက်ကေ့ဂျ်ကို ပေါကားပဲ ရိုက်နေတယ် ဆိုသူတွေအတွက် ချပြလိုက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ သူက ရော်ဘီ ဆိုတဲ့ တောထဲမှာတစ်ယောက်တည်း နေတဲ့ လူကြီးပေါ့။ ရော်ဘီ့မှာ ဝက်မ တစ်ကောင်ရှိတယ်။ အဲဒီဝက်မက သူ့မိန်းမမသေခင် အမှတ်တရ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီဝက်မက မှိုရှာတာတော်ပြီး ရော်ဘီက မှိုတွေရောင်းစားတယ်။ ဒီတော့ သူ ဝက်မကိုချစ်တယ်။ ရော်ဘီဆီကနေ မှိုဝယ်နေကျ ဖောက်သည်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ညဘက်ကြီးရော်ဘီကို ရိုက်ပြီး ဝက်မကို လုသွားတယ်။ အဲဒီဝက်မကို ပြန်ရဖို့ ရော်ဘီတစ်ယောက် မြို့ပေါ်တက်လာရတော့တာပဲ။ ဒီတော့မှ ရော်ဘီဟာ တစ်ချိန်က မြို့ထဲမှာ လူသိများခဲ့တဲ့ ရာဇဝင်ရှိတဲ့ ဆရာကြီးတစ်ယောက်ဆိုတာ သိလာရတော့တယ်။ လူသတ်သမားကြီးတော့မဟုတ်ဘူး စားဖိုမှူးကြီးမို့လူသိများတာ။ လူသိများပေမယ့် ပြန်လာတော့လည်း သိပ်သောက်ဖက်မလုပ်ကြပါဘူး။ ဒါနဲ့ပဲရော်ဘီတစ်ယောက် တစ်နေရာပြီး တစ်နေရာလိုက်စုံစမ်းရင်း လူမိုက်တွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ ရင်ဆိုင်တော့လည်း အထိုးခံရတာပေါ့။ ဒီလိုနဲ့နောက်ဆုံး ဝက်ကို ခိုးသွားတဲ့လူက နယ်နယ်ရရလူမဟုတ်တာကို သိလာချိန်မှာတော့... တစ်ခုတော့ ရှိတယ် တစ်ခုခုကို ဆုံးရှုံးရတဲ့ ခံစားချက်ဟာ အသက်ရှင်နေကြောင်း ဖြစ်တည်နေသေးကြောင်း ...
movie
Pig 2021
6.6
Hitch (2005)
Hitch (2005) IMDb - 6.6/10_____Rotten - 69% (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် :P ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့... ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး "ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်...(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ... * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ... >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ... >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား... >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်...>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် ...
movie
Hitch (2005)
2005