Channel Myanmar

Adam Alpert

I Love You Forever (2024) 6.0
I Love You Forever (2024)  တစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးက title ကိုကြည့်လိုက်ရင်တော့ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းလို့ထင်သွားကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီရုပ်ရှင်ဟာသမီးရည်းစားဆက်ဆံရေးကြားက မွန်းကြပ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်အနိုင်ကျင့်မှုတွေကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ မက်ကန်ဇီဟာ အသက် ၂၆နှစ်အရွယ် ဥ‌ပဒေကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကို သမားရိုးကျ နေထိုင်နေတဲ့သာမန်ကောင်မလေးတစ်ယောက်ပါ။တစ်နေ့ကျတော့ မက်ကန်ဇီရဲ့ သူငယ်ချင်းမွေးနေ့ပါတီပွဲမှာဖင်းဆိုတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ဒီလိုကနေ ဇာတ်လမ်းတွေငြိပြီး သူတို့နှစ်ယောက်တွဲဖြစ်သွားကြပါတယ်။ ဆက်ဆံရေးအစပိုင်းမှာ ဖင်းကမက်ကန်ဇီကို ရေကုန်ခမ်းကုန်ကြူးပြတာတွေ ချစ်ပြတာတွေကြောင့် မက်ကန်ဇီလည်း ဖင်းကိုတော်တော်လေးချစ်မိသွားပါတယ်။ ဒါပေမဲ့ တွဲလာတာ ၃လလောက်ကြာတဲ့အခါမှာ ဖင်းရဲ့ ချစ်သူရည်းစားအပေါ် အလွန်အကြူး ခြယ်လှယ်ချုပ်ကိုင်တတ်တဲ့ စိတ်ရင်းမှန်ကဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။ဒီလို မွန်းကြပ်ဖွယ်ရာ ဆက်ဆံရေးထဲ ပိတ်မိသွားတဲ့မက်ကန်ဇီတစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားမျိုးပါ။အခုရုပ်ရှင်ထဲမှာပါတဲ့ မက်ကန်ဇီနဲ့ ဖင်းတို့ရဲ့ ဆက်ဆံရေးမျိုးကို တကယ့်လက်တွေ့ဘဝမှာကြုံတွေ့နေရသူတွေလည်းရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားနှိပ်စက်တာမဟုတ်တိုင်း ဘာမှမဖြစ်ပါဘူးလို့ မြင်ကြပြီး စိတ်ပိုင်းဆိုင်ရာabuse လုပ်နေကြသူတွေလည်းတစ်ပုံတစ်ပင်ကြီးပါ။ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရ၊ manipulate လုပ်ခံနေရတဲ့ အဆိပ်အတောက်ဆန်ဆန် ဆက်ဆံရေးမျိုးတွေထဲမှာ ပိတ်မိနေတယ်ဆိုရင် ...
movie

I Love You Forever (2024)

The Pregnancy Promise (2023) 5.5
The Pregnancy Promise (2023) The Pregnancy Promise (2023) ======================စကိုင်းရဲ့မိဘတွေက ချုပ်ချယ်လွန်းတဲ့မိဘတွေပါ။ အထက်တန်း ကျောင်းသူအရွယ်ပဲရှိသေးတဲ့စကိုင်းကို ပါတီမသွားရဘူး၊ ရည်းစား မထားရဘူး၊ မိတ်ကပ်မလိမ်းရဘူး၊ ငါတို့ဝယ်ပေးတဲ့အဝတ်အစား တွေပဲဝတ်ဆိုတဲ့ မိဘတွေပေါ့။ စကိုင်းကလည်း တက္ကသိုလ်တက် ရင်တောင် သူသင်ချင်တဲ့ပန်းချီမသင်ဘဲ မိဘတွေစိတ်ကြိုက် ဗိသု ကာတက်ဖို့အထိ နာခံတဲ့ သမီးလိမ္မာလေး။ ဒီသမီးလိမ္မာလေးကို သူ့bffဖြစ်တဲ့ လူစီက အားမရပါဘူး။ဒါကြောင့် အထက်တန်းမပြီးခင် အထက်တန်းကျောင်းသူဘဝကို အကောင်းဆုံးနေမယ်ဆိုပြီး စကိုင်းကိုပါတီတစ်ခါခိုးခေါ်သွားလိုက် တာ စကိုင်းက ရည်းစားရသွားပါတယ်။ ဘဲရသွားတဲ့စကိုင်းက ဘဲ နဲ့ပဲအချိန်ကုန်ပြီး လူစီ့ကိုပလစ်ပါတော့တယ်။ တစ်ယောက်တည်း ဖြစ်သွားတဲ့ လူစီက စကိုင်းမရှိတော့ စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးပြီး တွဲဖြစ်သွားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ စကိုင်းရော လူစီရော ပြိုင်တူကိုယ်ဝန်ရလာကြ ပါတယ်။ မိဘတွေကတော့ သူငယ်ချင်းနှစ်ယောက်က ကိုယ်ဝန် ပြိုင်တူရအောင် တမင်လုပ်တာလားလို့ မယုံသင်္ကာဖြစ်ကြတာ ပေါ့။ စကိုင်းတို့ကိစ္စကြောင့် စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘ တွေက ခြိမ်းခြောက်စာတွေပို့ခံရ စီးပွားပျက်လုနီးပါး နှောင့်ယှက် ခံရနဲ့ အခက်အခဲမျိုးစုံတွေ့ပါတော့တယ်။ ဒါတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူလဲ ဘာလို့စကိုင်းတို့မိသားစုကို ပစ်မှတ်ထား နေရတာလဲ သူငယ်ချင်းနှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ် သွားမလဲဆိုတာ ကြည့်ရှုရမဲ့ Thriller ကားလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ...
movie

The Pregnancy Promise (2023)

2023