Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abigail Esmena Froehle
7.8
Bob Trevino Likes It (2024)
မိဘဆိုတာ ကိုယ်မွေးလာကတည်းက လက်ရှိအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ကျွေးမွေးလာခဲ့ပေမဲ့လေးစားချစ်ခင်ရတဲ့ မိဘတွေဆိုတာရှိသလို ငရဲပေးတဲ့မိဘတွေလည်းရှိပါတယ်။ကိုယ့်ဖက်က ဘယ်လောက်ပဲကောင်းအောင်နေပြီး ချစ်ခင်နေပေမဲ့ ကိုယ့်အပေါ်မှာဆိုးသွမ်းတဲ့ အနိုင်ကျင့်တဲ့ မိဘတွေလည်းရှိနေတယ်ဆိုတာကတော့ ကြုံတွေ့ဖူးသူတွေမှသိနိုင်မဲ့ ငြင်းလို့မရတဲ့ခါးသီးတဲ့အမှန်တရားပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း အဲ့လိုမျိုးမိဘဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့သမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘ၀အပေါ်မှာ အခြေခံပြီးဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bob Trevino Likes It ဖြစ်ပြီးလက်ရှိ IMDb Rating 7.9 အထိရရှိထားတဲ့အတွက်တကယ်ကောင်းတဲ့ဇာတ်ကားလေးဆိုတာကတော့ငြင်းမရပါဘူး။အဓိကဇာတ်ဆောင်တွေအနေနဲ့လည်းNope တို့ Euphoria တို့လိုနာမည်ကြီး ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Barbie Ferreira နဲ့မျက်နှာချိုချိုနဲ့မင်းသားကြီး John Leguizamo တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ လီလီဆိုတဲ့ကောင်မလေးဖြစ်ပြီး သူ့အမေက ငယ်စဉ်ကတည်းကထွက်ပြေးသွားခဲ့တဲ့အတွက် အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ရသူဖြစ်ပါတယ်။သူ့အဖေကလည်း အသက်ကြီးကာမှသူငယ်ပြန်ပြီး အားနေဆော်ကြောင်နေတဲ့အတွက် သူ့ကိုစိတ်ထဲတောင်မရှိဘူးလို့ထင်ရပါတယ်။ဒီလိုနဲ့ ဆော်ကိစ္စမှာပဲ လီလီနဲ့ပြဿနာထတက်ခဲ့ပြီး ကလေးတစ်ယောက်လိုစိတ်ကောက်ကာ လီလီ့ကိုအဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။ငယ်စဉ်ကတည်းက မိဘမေတ္တာအပြည့်အ၀မရခဲ့တဲ့ လီလီလည်း အဖေဖြစ်သူမခေါ်မပြောနိုင်ဖြစ်နေတာကို စိတ်ညစ်ပြီး Facebook မှာ လျှောက်မွှေနှောက်နေခဲ့ရင်းနဲ့မှ သူ့အဖေနဲ့နာမည်ချွတ်စွပ်တူနေတဲ့ဇာတ်ကားနာမည်ထဲကအတိုင်း ဘော့ဘ်ထရက်ဗီနိုဆိုတဲ့လူတစ်ယောက်ကိုသွားတွေ့ခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ပဲသူနဲ့အမျိုးတော်နေမလားလို့ ...
movie
Bob Trevino Likes It (2024)
3.6
Hauntology (2024)
Hauntology (2024)IMDb Rating (3.6) Hauntology သည် 2024 တွင်ထွက်ရှိထားသော Horror ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ မှတ်ဉာဏ်၊အချိန်နဲ့ အတိတ်မှာတည်ရှိနေတာတွေကို ခြောက်လှန့်ဖွယ်ရာအဖြစ် စိတ်ကူးယဥ်ဆန်ဆန် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းမိဘတွေနဲ့အဆင်မပြေလို့ အိမ်ကထွက်လာတဲ့ညီမလေးကို အစ်မဖြစ်သူက မြင်သွားတဲ့အခါမှာ အိမ်ပြန်သင့်ကြောင်းနားချပါတယ်။ဒါပေမဲ့ မရတဲ့အဆုံးမှာ သူ့ညီမကိုကားပေါ်တင်ပြီး သူတို့မြို့လေးက ခြောက်ခြားဖွယ်ရာဇာတ်လမ်းတွေအကြောင်းကိုတစ်နေရာပြီးတစ်နေရာခေါ်သွားရင်းပြောလိုက်တယ်။ဇာတ်လမ်းတွေက တစ်ခုပြီးတစ်ခု ပိုပိုထူးဆန်းလာပြီး ညီအစ်မနှစ်ယောက်နဲ့ပါ ဆက်နွယ်မှုရှိလာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:44:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing
movie
Hauntology (2024)
2024
5.4
A Merry Single Christmas (2022)
အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.85GB) / (`898.45Mb) / (457.4MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
A Merry Single Christmas (2022)
4.0
Terror Trips (2021)
Terror Trips (2021) ==============Horror ကားနှစ်ခြိုက်သူပရိသတ်ကြီးအတွက်ဆိုရင်တော့ Get Away တို့ဘာတို့ ကြည့်သလောက် အရသာအထိတော့ သေချာပေါက် ထိမိဂွိရစေမှာပါ။ Horror ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဒုက္ခရောက်မှာလား၊ လွတ်သွားမှာလားကို သည်းထိတ်ရင်ဖိုနဲ့ တကယ်ကြည့်ရပါတယ်။ အားမလိုအားမရဖြစ်စရာတွေ ထောက် ပြစရာတွေပါပေမဲ့ Horror ကားအနေနဲ့မဆိုးတာမို့ ကြည့်ရတာတော့ အဆင်ပြေစေမှာပါ။ဇာတ်လမ်းထဲကအကြောင်းအရာကတော့ ပုံမှန်ဇာတ်လမ်းတွေနဲ့ ထူးမခြားနားဆိုပေမဲ့ ဇာတ်လမ်းလေးကတော့ အရင်ကားတွေနဲ့ ထပ်မနေပါဘူး။ Horror ကားတွေရိုက်လေ့ရှိတဲ့နေရာတွေကို လိုက်ပတ်လှည့်ချင်ကြတဲ့ သူငယ်ချင်း တစ်စုဟာ Friday the 13th ရုပ်ရှင်ကားထဲကလိုနေရာကို သွားရောက်လှည့်ပတ် ကြပါတော့တယ်။ အဲလိုလည်ပတ်တဲ့အခါ ဘာတွေတွေ့ကြုံကြမလဲ၊ ဘာတွေဆက် ဖြစ်လာမလဲကိုတော့ သေချာပေါက် မျှော်တလင့်လင့်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးမို့ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(730 MB) / (500 MB) Quality............WebRip 1080p / 720p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......San Thu Aung Encoder..........SWM
movie
Terror Trips (2021)
2021
5.9
Don’t Tell a Soul (2020)
Don’t Tell A Soul (2020)***********************IMDbမှာ 5.9 အထိ ရထားတဲ့ Thriller ကားကောင်းလေးပါ။ဆယ်ကျော်သက်အရွယ် မက်နဲ့ ဂျိုဝီတို့က နေမကောင်းဖြစ်နေတဲ့ အမေဖြစ်သူရဲ့ ဆေးဝါးစရိတ်တွေ အတွက် သက်ကြီးရွယ်အိုတွေနေတဲ့ အိမ်ကို လူတွေ မရှိချိန်မှာ ပိုက်ဆံတွေ သွားခိုးကြပါတယ် ...တစ်ခုခုဆို ကြောက်တတ်ပြီး ရိုးရိုးအေးအေးလေး နေတတ်တဲ့ ဂျိုဝီဟာ မက်လို့ ခေါ်တဲ့ အကို ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လေးဖြစ်တယ်အကို့ကိုလည်း ကြောက်ကလည်းကြောက် .... ပိုက်ဆံသွားခိုးဖို့လဲမိမှာ ကြောက်နေရှာတဲ့ ဂျိုဝီဟာ အကို ခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ခဲ့ရရှာပါတယ် ....ပိုက်ဆံခိုးရင်း သူတို့ ညီအကိုနှစ်ယောက်ဟာ လုံခြုံရေး အစောင့်နဲ့ တွေ့ပြီး ကိစ္စရပ်တွေဟာ စီစဉ်ထားသလို ဖြစ်မလာခဲ့ရတာကနေ ဒီဇာတ်လမ်းလေးကို သဲထိပ်ရင်ဖို အဆုံးထိ ဆွဲခေါ်သွားပါတယ်....ဝိဉာဉ်ကိုတောင်မှ ပြောပြလို့မရတဲ့ သဲထိပ်ရိပ်ဖို Drama ကားကောင်းလေး ဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်ဘာသာပြန်ဆိုသူ Theint Theint ဖြစ်ပါတယ်File Size : (1.35 GB) ...
movie
Don’t Tell a Soul (2020)
2020