Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abdallah Charki
Striking The Palace / Petites Mains (2024)
ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်... Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်...သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်....ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်...ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာတွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်...နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်...လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ....တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး....နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး...ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး...အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်....ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်....အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ...Eva ရောဆန္ဒပြပွဲထဲပါလာမလား...သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ....File size…(1.7 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie
Striking The Palace / Petites Mains (2024)
6.1
My Sole Desire aka À mon seul désir (2023)
“My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်းလေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie
My Sole Desire aka À mon seul désir (2023)
5.2
My Sole Desire (2023)
ရည်ရွယ်ချက်မရှိ ပန််းတိုင်မရှိဘဲ ပေါ့ပေ့ါနေ ပေါ့ပေါ့စား Manon ဆိုတဲ့ ကောင်မလေးကတော့ ဖော်ချွတ်ကလပ်မှာ အလုပ်သွား၀င်ပါတယ်စစချင်းတော့ အဆင်ပြေနေပေမယ့် သူ့ထက်ပိုလှတဲ့ ကောင်မလေးတစ်ယောက်ရောက်လာချိန်မှာတော့....ဒီကားကတော့ ဖော်ချွတ်မယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama , Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
My Sole Desire (2023)