Channel Myanmar

Aayush Sharma

Ruslaan (2024)
Ruslaan (2024) Ruslaan (2024)ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့ အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့ အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ...... ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB ...
movie

Ruslaan (2024)

Antim: The Final Truth (2021) 7.6
Antim: The Final Truth (2021) ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်...မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ ...
movie

Antim: The Final Truth (2021)

1080p HEVC