Channel Myanmar

Aaron Taylor-Johnson

Angus, Thongs and Perfect Snogging (2008) 6.3
Angus, Thongs and Perfect Snogging (2008) Angus, Thongs and Perfect Snogging (2008)IMDb - 6.3ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ဂျော့ဂျီယာလို့ခေါ်တဲ့ကောင်မလေးက ၁၅နှစ်ပြည့်တော့မယ် ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးပါ။ သစ်ရွက်ကြွေတာ မြင်ရင်တောင် ရင်ခုန်နေကြတဲ့ အရွယ်က ဂျော့ဂျီယာကလည်း မထူးဘဲရည်းစား ငမ်းငမ်းတက်လိုချင်နေသူလေးပေါ့။သူတို့က ကျောင်းမှာဆိုရင် အရမ်းမထင်ပေါ်လှတဲ့ အုပ်စုဖြစ်ကြပေမဲ့ ဂျော့ဂျီယာကတော့ အနမ်းကိုတောင် အဆင့်ဆယ်ဆင့်လောက်ခွဲပြီး ရည်းစားရဖို့အရေးကို ကြံစည်ကြိုးစားနေတဲ့ကောင်မလေးပါ။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့ကျောင်းကို လန်ဒန်က မြို့ကြီးသားအမြွာညီအစ်ကိုနှစ်ယောက်က ရောက်လာတော့ ဂျော့ဂျီယာနဲ့ သူငယ်ချင်းတစ်သိုက်လည်း ကြိုက်ကုန်ကြပါတော့တယ်။သူ့သူငယ်ချင်းဂျက်စ်နဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်စီကို အကြ့အစည်တွေနဲ့ ရေလာ‌မြောင်းပေး ဆည်ကျိုးကြပါတော့တယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းးဂျက်စ်က ညီအစ်ကိုတစ်ယောက်နဲ့အဆင်ပြေသွားပေမဲ့ ‌‌ဂျော့ဂျီယာကျ အဆင်ပြေသလိုလိုနဲ့ ကောင်လေးက ကျောင်းကဒိတ်ဒိတ်ကြဲကောင်မလေးတစ်ယောက်နဲ့ဖြစ်နေပါတယ်။အဲ့‌တော့ ရည်းစားလိုချင်နေတဲ့ ဂျော့ဂျီယာက ဘယ်လိုအကြံအစည်တွေသုံးပြီး မြို့ကြီးသားလူချောကို ရအောင်ကြံမလဲဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝရဲ့အလွဲတွေ၊ အိမ်က မိသားစုဆီက ပြသာနာလေးတွေနဲ့ ဂျော့ဂျီတစ်ယောက် မြို့ကြီးသားလူချောလေးကို အပိုင်သိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File ...
movie

Angus, Thongs and Perfect Snogging (2008)

The Greatest (2009) 6.6
The Greatest (2009) The Greatest (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ...
movie

The Greatest (2009)

The Thief Lord (2006) 5.9
The Thief Lord (2006) The Thief Lord (2006)ဇာတ်လမ်းအညွှန်း-ဘွန်နီဖေ့ ဆိုတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးနဲ့ အစ်ကိုဖြစ်သူ ပရော်စပါတိုဟာ အမေဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ တစ်ယောက်က အဒေါ်ဇနီးမောင်နှံရဲ့ ခေါ်ယူမွေးစားခံလိုက်ရပြီး တစ်ယောက်ကတော့ မိဘမဲ့ဂေဟာရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်ကို မလိုချင်တဲ့အတွက် အစ်ကိုဖြစ်သူဟာ မိဘမဲ့ဂေဟာကနေ ခိုးထွက်ခဲ့ပြီး အဒေါ်တိုအိမ်ရောက်နေတဲ့ ညီငယ်လေးကိုသွားခေါ်ကာ အဝေးတစ်နေရာက ဗင်းနစ်မြိုကို ထွက်လာခဲ့တာပေါ့။ ဗင်းနစ်မြိုမှာ မလည်မဝယ်ဖြစ်နေရှာတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ လမ်းဘေးမှာ ဒုက္ခရောက်နေတုန်း သူခိုးဘုရင် ဆိုတဲ့ အသက် ၁၆နှစ်အရွယ် စကစ်ဆိုတဲ့ကောင်လေးရဲ့ခေါ်ယူစောင့်ရှောက်ခြင်းကို ခံထားရပါတယ်။ တစ်ဖက်မှာလည်း ဘွန်နီဖေ့ လေးကို ပြန်လိုချင်တဲ့ အဒေါ်ဇနီးမောင်နှံဟာ စုံထောက် ဗစ်တာကို အလုပ်အပ်ပြီး ဘွန်နီဖေ့ လေးကို လိုက်ရှာနေခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဘွန်နီဖေ့ တို ညီအစ်ကိုနှစ်ဦး ဘယ်လိုတွေကြုံတွေ့ရမလဲ၊ စုံထောက်ဗစ်တာနဲ့ရော ဘယ်လိုတွေဇာတ်လမ်းသွားကြမလဲ၊ ဗင်းနစ်မြိုရဲ့ အခက်အခဲတွေကိုရော ဘယ်လိုရင်ကြရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုကြရမှာပါ။File ...
movie

The Thief Lord (2006)

Albert Nobbs (2011) 6.7
Albert Nobbs (2011)  IMDb 6.7/10ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Period Dramaကောင်းတစ်ခုဖြစ်တဲ့ Albert Nobbs ပဲ ဖြစ်ပါတယ် ။အဓိက ဇာတ်ကောင်ဖြစ်တဲ့ albert nobbs ဟာ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်တဲ့ စားပွဲထိုးတစ်ယောက်ပါ ။ရှက်တတ်ပြီး စကားသိပ်မပြောတဲ့ Albert မှာ လျှိဝှက်ချက်အကြီးကြီး တစ်ခုရှိပါတယ် ။ တစ်ရက်မှာတော့ ဟိုတယ်ကိုဆေးသုတ်ဖို ငှါးထားတဲ့ ဆေးသုတ်သမားတစ်ယောက်ရောက်လာတဲ့အခါ Albert နဲ့ တစ်ခန်းတည်း အတူနေဖိုဖြစ်လာပါတော့တယ် ။ တစ်ခန်းတည်း အတူနေရင်းနဲ့ Albert ရဲ့လျှိဝှက်ချက်ကို ဆေးသုတ်သမား Hubert က သိသွားပေမဲ့ဖြစ်ချင်တော့ သူတိုနှစ်ယောက်ဟာ ဘဝတူတွေ ဖြစ်နေခဲ့ကြပြန်ပါတယ် ။ ငယ်ငယ်တည်းက ရည်ရွယ်ချက်ကြီးတဲ့Albert ဟာ ဘဝတူ Hubert ကို ကြည့်ရင် ဘယ်လိုစိတ်ကူးအိပ်မက်လေးတွေ ဖြစ်လာမလဲ ။အဲဒီ စိတ်ကူးအိပ်မက်တွေကိုရော ဘယ်လိုအကောင်အထည်ဖော်မလဲ ။ အရေးအကြီးဆုံးကတော့ သူ့တစ်ဘဝလုံးစာ ...
movie

Albert Nobbs (2011)

Avengers: Age of Ultron (2015) 7.4

Avengers: Age of Ultron (2015)

2015
4K HEVC
Captain America: The Winter Soldier (2014)

Captain America: The Winter Soldier (2014)

4K HEVC
Kraven the Hunter (2024) 5.4
Kraven the Hunter (2024) အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ...နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ်ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universe ထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ...မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား ၂ ယောက်ရှိပါတယ်...ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ...ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့နီကိုလိုင်းက သား ၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ်အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့ နီကိုလိုင်းရဲ့ ...
movie

Kraven the Hunter (2024)

4K HEVC
Nosferatu (2024) 7.6
Nosferatu (2024)  Nosferatu (2024)IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။အခုရုပ်ရှင်ဟာ The Lighthouse ...
movie

Nosferatu (2024)

2024
4K HEVC
Nocturnal Animals (2016) 7.6
Nocturnal Animals (2016) Nocturnal Animals (2016)IMDb Rating (7.6) / Rotten Tomatoes (74%)မင်းသား Jake Gyllenhaal နဲ့ Aaron Taylor-Johnson , ရုပ်ချင်းခပ်ဆင်ဆင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Amy Adams နဲ့ Isla Fisher စတဲ့သရုပ်ဆောင်တွေနဲ့ Psychological Thrillers အမျိုးအစား ရင်ဘတ်ထဲက ၃ ၄ ရက်ခန့် ထုတ်မရဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းက အစမှာ ရွံစရာကောင်းတဲ့ စိတ်မသက်မသာအခန်းတွေနဲ့စလာပါမယ်...ပြီးရင်တော့ ထိုင်ရာမထဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အဆုံးမှာတော့ ရင်ဘတ်ထဲက ထုတ်မရ အတွေးတွေများသွား။အနုပညာ ပြခန်းတခန်းကနေ ဆူစန် (သူဌေး) စထွက်လာတာကနေစတယ် သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ... ထူးထူးခြားခြားသူမဆီကို ပါဆယ်တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ စက္ကူသားကြောင့် လက်ရှသွားပြီး ဝန်ထမ်းတစ်ယောက်ကိုဖွင့်ခိုင်းပြီး စာကို ဖတ်ခိုင်းတဲ့အခါ သူမ ယောင်္ကျားဟောင်း အက်ဝဒ် ...
movie

Nocturnal Animals (2016)

2016
The Fall Guy (2024) 7.3
The Fall Guy (2024)  Action , Comedy , DramaIMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင်ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကိုပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt ,Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲပြေးကြည့်လိုက်ပါတော့..ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်...သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်...ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ...
movie

The Fall Guy (2024)

4K HEVC
The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Shanghai Knights (2003) 6.2
Shanghai Knights (2003)  ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie

Shanghai Knights (2003)

2003
Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie

Kick-Ass 2 (2013)

2013
4K HEVCHDR
Kick-Ass (2010) 7.6
Kick-Ass (2010) Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie

Kick-Ass (2010)

2010
4K HEVCHDR
Savages (2012) 6.4
Savages (2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie

Savages (2012)

Bullet Train (2022) 7.5
Bullet Train (2022) Bullet Train (2022)ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ဇာတ်လမ်းအကျဉ်းဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့ သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေ အကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါ တလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Actjon, Comedy , Tbriller Quality…. 4K HEVC | 1080p | ...
movie

Bullet Train (2022)

2022
4K HEVC
Tenet (2020) 7.8
Tenet (2020) Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie

Tenet (2020)

4K HEVC
The King’s Man (2021) 6.7
The King’s Man (2021) The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie

The King’s Man (2021)

2021
Anna Karenina (2012) 6.6
Anna Karenina (2012) Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie

Anna Karenina (2012)

2012