Channel Myanmar

Aamir Khan

Raja Hindustani (1996) 6.1
Raja Hindustani (1996) Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie

Raja Hindustani (1996)

Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Bombay Talkies (2013) 6.6
Bombay Talkies (2013) Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Bombay Talkies (2013)

2013
Qayamat Se Qayamat Tak (1988) 7.4
Qayamat Se Qayamat Tak (1988) အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်  File Size :  3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running ...
movie

Qayamat Se Qayamat Tak (1988)

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Ishq (1997) 6.9
Ishq (1997) Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့​သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie

Ishq (1997)

Akele Hum Akele Tum (1995) 6.9
Akele Hum Akele Tum (1995) Akele Hum Akele Tum(1995) (I Am Alone, You Are Alone) Genre: Romance/Drama/Familyကျွန်တော်ဒီရုပ်ရှင်ရဲ့ Rating ကိုထည့်မရေးတော့ပါဘူး။ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က Rating နဲ့ဘယ်လိုမှကိုမလိုက်ဖက်လောက်အောင် ကောင်းလွန်းလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်ရင်းနဲ့မျက်ရည်ပါကျတဲ့အထိဖြစ်ခဲ့ရပါတယ်။အိမ်နဲ့ဝေးနေရတဲ့ခံစားချက်၊ ငယ်ဘဝကိုသတိရတဲ့ခံစားချက်၊မပြည့်စုံတဲ့ဘဝမှာနေရတဲ့ခံစားချက်၊ အဖေတစ်ယောက်ရဲ့ မေတ္တာတွေကိုနှလုံးခိုက်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အချစ်တော် မင်းသား Aamir Khan ရဲ့သရုပ်ဆောင်ချက်တွေကလည်းအပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းလှပါတယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။---------ဇာတ်ညွှန်း======= ရိုဟစ်ကူမာဆိုတာကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့လူလတ်ပိုင်းတက်သစ်စ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သူ့ကိုယ်သူတော့ တစ်နေ့မှာအောင်မြင်မှုအကြီးကြီးရနိုင်မယ့်လူတစ်ယောက်လို့လည်းခံယူထားပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အဆင်ပြေတော့အကြွေးတွေပတ်လည်ဝိုင်းရင်း ဘဝကိုဖြတ်သန်းနေရပါတယ်။ဒါပေမယ့်လည်း ရိုဟစ်က တစ်ယောက်တည်းသမားဆိုတော့သိပ်ပြီးလည်းအပူအပင်မရှိခဲ့ပါဘူး။ကီရန်ဆိုတာကတော့ ပိုက်ဆံရှိမိသားစုတစ်ခုကပေါက်ဖွားလာခဲ့တဲ့ခေတ်လူငယ်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ(မ) အိမ်က ဂန္တဝင်သီချင်းတွေဆိုခိုင်းပေမယ့်ကီရန်က ခေတ်သီချင်းတွေပဲဆိုချင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆိုနူနဲ့နှစ်ယောက်ပေါင်းဖက်ခဲ့ပါတယ်။အိမ်ကတားနေလျက်ကြားထဲကနေ ကီရန်တစ်ယောက်ရိုဟစ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။အိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ဆိုနူဆိုတဲ့သားလေးတစ်ယောက်ကိုလည်းမွေးခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ယောကျ်ားတစ်ယောက်ရဲ့ပြဿနာကမိသားစုကိုအချိန်အရမ်းပေးရင် အလုပ်မှာလစ်ဟင်းမယ်။အလုပ်ကိုအရမ်းဦးစားပေးပြန်ရင်လည်း မိသားစုက မျက်နှာကွက်မယ်။ဒီလိုနဲ့နှစ်ယောက်အိမ်ထောင်ရေးကခွာပြဲခဲ့ပြီးဆိုနူလေးကို ရိုဟစ်တစ်ယောာက်တည်း ထိန်းဖို့ဖြစ်လာခဲ့ပါတယ်။ကျန်တာတွေကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ဒီကားကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျရမယ့်အချစ်ကားမျိုးမဟုတ်ပဲ ရင်ထဲကလှိုက်ပြီးခံစားရမယ့်ဖခင်မေတ္တာကိုဖော်ကြူးထားတဲ့ကားဖြစ်ပါတယ်။ ရိုဟစ်ကူမာ အဖြစ်မင်းသား Aamir Khanကီရန်အဖြစ် မင်းသမီး Manisha Koiralaတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။  File size…    3.8 GB /  1.6 ...
movie

Akele Hum Akele Tum (1995)

1995
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Salaam Venky (2022) 7.3
Salaam Venky (2022) Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB  / 672MB Quality…1080p HD RIP ...
movie

Salaam Venky (2022)

2022
Laal Singh Chaddha (2022) 5.0
Laal Singh Chaddha (2022) Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie

Laal Singh Chaddha (2022)

2022
Dil Chahta Hai (2001) Dil Chahtha Hain 8.1
Dil Chahta Hai (2001) Dil Chahtha Hain IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Dil Chahta Hai (2001) Dil Chahtha Hain

Dangal (2016) 9.2
Dangal (2016) Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie

Dangal (2016)

2016
HEVC 1080p
Thugs of Hindostan (2018) 4.1
Thugs of Hindostan (2018) ၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကိုCM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကိုသတ်ပစ်ခဲ့ပါတယ်...အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ပိုက်ဆံကလွဲပြီး ဘာမှ မသိ ...
movie

Thugs of Hindostan (2018)

2018
Koi Jaane Na (2021)
Koi Jaane Na (2021) Koi Jaane Na (2021)ကဗီရ် ဆိုတဲ့စာရေးဆရာလေးဟာ တက်ကျမ်းစာအုပ်တွေ မစားရဝခမန်း ရေးနေပေမယ့်သူတကယ်သိတဲ့အကြောင်းအရာလဲမဟုတ်သလို ရေးချင်စိတ်လဲမရှိပါဘူး..ဒါပေမယ့် စာချုပ်ချုပ်ထားရတော့လဲ တက်ကျမ်းတွေကို မတတ်သာဘဲရေးနေရရော...သူတကယ်ရေးချင်တာက လျှို့ဝှက်သည်းဖိုအကြောင်းအရာတွေဖြစ်တာမို့ လျှို့ဝှက်သည်းဖိုစာအုပ်တွေကိုပါ နာမည်ဝှက်နဲ့ ရေးသားဖြန့်ချိခဲ့ပါတယ်...တစ်နေ့မှာ သူနဲ့ ဆူဟာနာလို့ခေါ်တဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီးနောက်ပိုင်းလူသတ်မှုတွေ မြို့ထဲဆက်တိုက်ဖြစ်လာတဲ့အခါ...သူကိုယ်တိုင် လျှို့ဝှက်သည်းဖိုစာအုပ်ထဲကဇာတ်ကောင်တွေလိုပြုမူလာတဲ့အခါ....ရုပ်ပြောင်း ရုပ်လွှဲအတတ်ပညာနဲ့ သူ့ဝတ္ထုထဲကဇာတ်ကောင်တွေလို‌ ခန့်မှန်းရခက်လာတဲ့အခါ...စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် လျှို့ဝှက်သည်းဖို ရသစုံ Bollywood ဇာတ်ကားတစ်ကားဖြစ်ပါတယ်..Kunal Kapoor မှ အဓိကမင်းသားအဖြစ်ပါဝင်ထားပြီး မင်းသားကြီးအာမန်ခန်းကိုလဲ ခဏတဖြုတ်တွေ့ရမှာပါ။Mr.X တို့ Kung Fu Yoga ဇာတ်ကားတွေရဲ့ မင်းသမီးချော  Amyra Dastur က ဆူဟာနာအဖြစ်ပါဝင်ထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Sein Lae မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mkv Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sein Lae
movie

Koi Jaane Na (2021)

Fanaa [2006] 7.2
Fanaa [2006] Fanaa (2006) မြန်မာစာတန်းထိုး ====================IMDb...7.2ကဲ ... အခုလိုအေးချမ်းလှတဲ့ မိုးရာသီလေးမှာ ဆွတ်ပျံကြည်နူးစရာ အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ..ဘောလီဝုဒ်ရဲ့ ခန်း(မ်) ၃ ခန်း(မ်)ထဲက နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ အမီးရ်ခန်း(မ်)နဲ့ အခုချိန်ထိ ချောဆဲ လှဆဲ မင်းသမီးတစ်လက်ဖြစ်တဲ့ ကာဂျိုလ်တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားလည်း ဖြစ်ပါတယ်..သူ့ခေတ်သူ့အခါမှာ နာမည်ကြီး အောင်မြင်မှုတွေရခဲ့တဲ့အပြင် အခုထိလည်း လူကြိုက်များဆဲ ဇာတ်ကားကောင််း တစ်ကားဖြစ်ပါတယ်...ဇာတ်ဝင်တေးချိုချိုလေးတွေ၊မှိန့်မေားစရာ နောက်ခံတေးဂီတ ၊ ရိုက်ကွင်းရှု့ခင်း ခပ်လှလှလေးတွေနဲ့ ဆွေးစရာ၊ လွမ်းမောစရာ ကြည်နူးစရာ အချစ်ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်...ဆုတွေအနေနဲ့လည်း ဘောလီဝုဒ်ရဲ့ အကြီးမားဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ Filmfare Awards မှာBest Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer (Male) အဖြစ် Shaan Best Lyrics အဖြစ် Parsoon JoshiZee Cine Awards မှာလည်း Best Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer ...
movie

Fanaa [2006]

2006
Secret Superstar (2017) 8.2
Secret Superstar (2017) အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအ၀ိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို ...
movie

Secret Superstar (2017)

2017