Channel Myanmar

王忠浩

Room 6 At Midnight ( 2024 ) 5.8
Room 6 At Midnight ( 2024 ) စိတ္တဇဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ လူ ၅ ယောက်ထိုင်နေကြပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်လို့ ထင်ရတဲ့ ချန်ဝေနဲ့ ရွှီမင်၊ စိတ်ကစဉ့်ကလျားဖြစ်နေပုံပေါက်တဲ့ ရန်ကျင့်နဲ့ ရန်ချန် ပြီးတော့ လုံခြုံရေးအစ်ကိုကြီးတစ်ယောက်......ချန်ဝေနဲ့ ရွှီမင်က ရန်ကျင့်နဲ့ ရန်ချန်တို့ တိုက်ပျက်ကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သိရဖို့ သီးသန့်အင်တာဗျူးရအောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကျင့်နဲ့ ရန်ချန်တို့ ပြောတဲ့ အကြောင်းအရာက နှစ်မျိုး ကွဲနေပါတယ်။ အဲဒီမှာ ရွှီမင်က သူတို့နှစ်ယောက်လုံး ပြောတာ မဟုတ်ဘူးဆိုပြီး နောက်ထပ်ဇာတ်လမ်းတစ်မျိုးကို ထုတ်ပြောခဲ့ပါတယ်။သူတို့ပြောတဲ့ ဇာတ်လမ်းမှာ ဘယ်တစ်ခုက အစစ်အမှန်ဖြစ်မလဲ...... တိုက်ပျက်ကြီးထဲက အဖြစ်အပျက်တွေကရော တကယ်ဖြစ်ခဲ့တာလား...... နောက်ဆုံးမှာ ဘယ်သူက တကယ့်အစစ် စိတ်ကျန်းမာရေးကုသမှုတွေ ခံယူဖို့ လိုအပ်နေသလဲ...... ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေထုတ်လိုက်ရအောင်နော်။ သရဲကားမဟုတ်တဲ့ သဲထိတ်ရင်ဖိုကားလေးဖြစ်လို့ သတ္တိခဲတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Filesize : 3 GB / 930 MB / 467 MB Quality : WEB-DL 4K HEVC , 1080p ...
movie

Room 6 At Midnight ( 2024 )

4K HEVC
I’m From the Mountains ( 2024 ) 5.7
I’m From the Mountains ( 2024 ) တန်းနစ်အားကစားကို "တော်ဝင်အားကစား" လို့ ခေါ်ကြပြီး လူချမ်းသာတွေသာ ထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးက မှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲက ဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီး ကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကို ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲက သွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကို ကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ ...... တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက် ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ...... ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.56 GB / 867 MB Quality : WEB-DL 1080p HEVC , 720p HEVC Format ...
movie

I’m From the Mountains ( 2024 )