Channel Myanmar

尹思淇

Shuigui Bride ( 2024 ) 5.8
Shuigui Bride ( 2024 ) Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် The water trick Bride လို့ ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့ မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊ စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့ အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲ‌တွေကို မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့.. တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ? လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ? သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့် ဒီလိုတွေသတ်‌နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama , ...
movie

Shuigui Bride ( 2024 )

Galaxy Writer ( 2024 ) 5.9
Galaxy Writer ( 2024 ) ရုပ်ရှင်တွေကို အမြဲတမ်း ကြည့်နေရပေမဲ့ ရုပ်ရှင်တစ်ကားက ဘယ်လိုဖြစ်လာသလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြပါဘူး။ CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်ညွှန်းရေးဆရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Galaxy Writer ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားမထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၊ တစ်ယောက်က မာနကြီးတယ် တစ်ယောက်က သတ္တိရှိတယ်။သူတို့နှစ်ယောက် ပေါင်းပြီးရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ ကုမ္ပဏီကြီးတွေကို စိန်ခေါ်လိုက်တဲ့အခါ ပိုက်ဆံနဲ့ အိပ်မက်ကို ဘယ်လို ချိန်ဆကြမလဲဆိုတာကို အောက်ခြေက ဇာတ်ညွှန်းရေးဆရာတွေရဲ့ ဘဝကို ဟာသလေးတွေနဲ့အတူ စိတ်အပန်းဖြေ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

Galaxy Writer ( 2024 )