Wonderful Youth ( 2024 )


Synopsis:
နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာ
အရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို
မှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။
ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာ နယ်မြို့လေးမှာ
အလယ်တန်းအောင်ပြီးတော့ မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါ
သူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက်
ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။
အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။
လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့
အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေ
ရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီး
အားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့
အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။
အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက်
နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့
ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့
လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။
Filesize : 1.85 GB / 1 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Drama
Runtime : 1h 35 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။