Exit print mode Print Data A+ A- Undo all

Way Back Home (2013)

Isolated in an unknown word lost innocence, lost communication.
Way Back Home (2013)Way Back Home (2013)

Synopsis:

Way Back Home (2013)
***********************
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်

Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့

442

Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီး

Bae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်

ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း …

ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က

ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ

ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။

ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ

ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့

အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။

သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်

သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ

ဂင်ဂျုံးဘယ်ရဲ့ ဇနီးဖြစ်သူဟာ ပဲရစ်ကို ကျောက်ရိုင်းတုံး မှောင်ခိုတင်သွင်းရုံနဲ့

ပိုက်ဆံတွေအများကြီးရမဲ့အလုပ်ကို လုပ်ကြည့်ဖို့ဖြစ်လာပါတော့တယ် ..

သို့သော် သူမ ထင်သလို ကျောက်ရိုင်းတုံး မဟုတ်ဘဲ ကိုကင်းတွေ ဖြစ်နေတဲ့အခါမှာတော့ ….

ဒီကားလေးက IMDb rating 7.5/10 ရရှိထားပြီး ဆုပေးပွဲ ၈ ခုမှာ ၃ ဆုရထားတဲ့အပြင်

ဆန်ကာတင်စာရင်းတွေ တစ်သီကြီးဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..

ငွေသာအရာရာဖြစ်တဲ့လောကကြီးထဲ အိမ်နဲ့ဝေးလံလှတဲ့ နိုင်ငံရပ်ခြားမှာ

အခက်အခဲတွေကို ခါးစည်းခံကျော်ဖြတ်ပြီး ခင်ပွန်းဖြစ်သူနဲ့သမီးလေးဖြစ်သူဆီ ပြန်လာဖို့လမ်းကို ရှာဖွေနေတဲ့

အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ကို

Channel Myanmar ကနေ ကွာလတီအ‌ကောင်းစားနဲ့ တင်ဆက်ပေးထားတာကြောင့် ပြန်လည်ခံစားကြည့်ရှုလိုက်ရအောင်ပါ….

File size…    2.04 GB /  846 MB
Quality… Blu Ray 1080p / 720p
Format… mp4
Duration…. 2 hr. 11 min.
Genre …..  Prison SettingDrug TraffickingFamily RelationshipFilmed AbroadBased On A True Story
Subtitle…. Myanmar Subtitle (Hard Sub)
Translated by …. Su Sandi
Encoded by …. AHtet



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
13.613
Status
Released
ID IMDb.com
242458
IMDB Rating
7.5
IMDB votes
1500
ID Themoviedb.org
242458
TMDb Rating
7.481
TMDb votes
54