********************************************
အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံး
အားလုံး inside out ဆိုတဲ့ အင်္ဂလိပ်ကာတွန်းကားလေး ကြည့်ဖူးကြတယ် ဟုတ်။
Yumi’s cell ဆိုတဲ့ webcomic ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်အသက်သွင်းထားတဲ့
ဒီကားလေးမှာလည်း အတူတူပါပဲ။
မင်းသမီးရဲ့ ဦးနှောက်ထဲမှာ အချစ်ဆဲလ်၊ ခံစားချက်ဆဲလ်၊ ဖက်ရှင်ဆဲလ်၊
ဆာလောင်မှုဆဲလ်၊ စုံထောက်ဆဲလ်၊ စိုးရိမ်မှုဆဲလ်၊ ဆင်ခြင်မှုဆဲလ် အစရှိတဲ့
ဆဲလ်တွေက မင်းသမီးရဲ့ ဦးနှောက်ထဲကနေ လူကို ထိန်းချုပ်သွားမှာပါ။
Inside out ကားထဲကလိုမျိုးပဲ ဆဲလ်တစ်ခုချင်းစီရဲ့ ကိုယ်ပိုင်အတွေးခံစားချက်တွေ
သက်ရှိတစ်ယောက်လို စကားပြောဆိုနေတာတွေကို animation တွေနဲ့ ပေါင်းစပ်ဖန်တီးထားမှာပါ။
Extraordinary ဇာတ်လမ်းမျိုးတွေနဲ့ အလိုက်ဖက်ဆုံးလည်းဖြစ်၊ Goblin နဲ့
The King: Eternal Monarch ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားသွားတဲ့
Kin Go Eun ကပဲ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဆိုတော့
သရုပ်ဆောင်ချက်တွေကို အထူးတလည် ပြောနေစရာ မလိုတော့ပါဘူး။
Animation ဆဲလ်ကောင်လေးတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေကပဲ
အသံသရုပ်ဆောင်အဖြစ် ပါဝင်ပေးထားတာပါ။ ထူးခြားတာက animation လေးတွေ
စကားပြောတဲ့အခါ ငယ်ငယ်က တီဗီမှာ ညနေတိုင်းစောင့်ကြည့်ရတဲ့
ကိုးရီးယားကာတွန်းကားလေးတွေ ပြန်ကြည့်နေရသလို vibe မျိုးလည်း ရရှိစေဦးမှာပါ။
ဒီတော့ ကိုရီးယားရဲ့ animation နဲ့ လူ ပေါင်းစပ်ဖန်တီးထားတဲ့ Yumi’s cell ဆိုတဲ့ကားလေးကို
အပတ်စဉ် သောကြာနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး။
Episodes: 14
Aired: Sep 17, 2021 – Oct 30, 2021
Aired On: Friday, Saturday
Genres: Psychological, Comedy, Romance, Drama
Translated by Hnin Pale, Mi Moe Set, Myo Myo Htet & Ichika
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။