TO BE HERO X (2025)
IMDb Rating (7.6)
Japan x China Collaboration အနေနဲ့ ပွဲထွက်လာခဲ့တဲ့ Donghua Anime စီးရီးတစ်ခု ဖြစ်ပါတယ်။ ရုပ်ထွက်စတိုင်ကလည်း ထူးခြားစွာနဲ့ သာမန် Japan Anime တွေလို မဟုတ်ပဲ LoL:Arcane စတိုင်ဖက် နည်းနည်းရောက်တယ် ဆိုရမှာပေါ့။ ဒါတင်ပဲလားဆိုတော့ ဇာတ်လမ်းကလည်း တစ်မျိုးကွဲထွက်နေတဲ့ကောင်ပါ။ သူ ဇာတ်အိတ်တည်ထားတဲ့လောကကြီးမှာ အရာအားလုံးက Trust Value ဆိုတဲ့ ယုံကြည်မှုတန်ဖိုးနဲ့ တွက်ချက်ပြီး လက်ကောက်ဝတ်တွေမှာ ပေါ်တယ်၊ ဒီလိုအမှတ်တွေ များလာတဲ့အခါကျ သာမန်လူတစ်ယောက်ကနေတောင် Hero တွေ ဖြစ်လာနိုင်ပြီး ဒီလို ယုံကြည်မှုနဲ့ ဖန်တီးထားတဲ့ Hero တွေဆိုတာလည်း စူပါအစွမ်းတွေရ ကမ္ဘာကြီးကို ကယ်တင်နိုင်၊ Hero တွေကြားမှာလည်း အဆင့်သတ်မှတ်ချက်တွေနဲ့ ဘယ်သူက အဆင့်ဘယ်လောက်ဘာညာဆိုတာမျိုး။
အဲဒီလိုတွေနဲ့ ယုံကြည်မှုအများဆုံး ရနိုင်မယ့် Hero ကတော့ X အဖြစ် အသိအမှတ်ပြုခံရမှာပါ။ ကဲ ဒါဆို ဇာတ်လမ်အကျဉ်းးအကြောင်း ဆက်မယ်၊ MC ဖြစ်တဲ့ Lin Ling ဆိုတဲ့ကောင်လေးက Hero ကမ်ပိန်း ကြော်ငြာကုမ္ပဏီမှာ လုပ်နေတဲ့ကောင်လေး၊ ဘော့စ်က ထုလိုက်ထောင်းလိုက် ဖွာဆောင်းစိတ်ညစ်နေတဲ့ကောင်ပေါ့။ တစ်ရက်ကျ Nice ဆိုတဲ့ Hero အကြောင်းနဲ့ အလုပ်ထုတ်ခံလိုက်ရတယ်၊ အဲဒါနဲ့ စိတ်ညစ်လို့ တိုက်ပေါ်တက်ပြီး ကျိန်ဆဲနေတဲ့အချိန်မှာတင် Nice ဆိုတဲ့ Hero က ဒီတိုင်းကောက်ပေါ်လာပြီး သူ့ဘေးနားကနေ တိုက်ပေါ်ကနေခုန်ချ ပလိန်းသတ်သေသွားရော။ အဲဒါ သူ့အဖွဲ့အစည်းက လူတွေက ရောက်လာပြီး MC ကြီးကို ဖမ်းပြီး စစ်ဆေးမေးမြန်းနေတုန်း မျက်ခွက်ကို သေချာကြည့်ပြီး မင်းရုပ်က Nice နဲ့ ခပ်ဆင်ဆင်ရှိတာပဲဆိုပြီး သကောင့်သားကို Nice ဟန်ဆောင်ခိုင်းလိုက်ရာမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့….။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။)
File size…(500 MB)
Quality….WEB-DL 1080p
Format…. mp4
Genre….Action & Adventure,Animation,Sci-Fi & Fantasy
Duration….00:25:38
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thit San Khant
Translated by Thura Aung
EP 01 – UsersDrive / Yoteshin / GDtot / Megaup
EP 02 – UsersDrive / Yoteshin / GDtot / Megaup
EP 03 – UsersDrive / Yoteshin / GDtot / Megaup
EP 04 – UsersDrive / Yoteshin / GDtot / Megaup
EP 05 – UserDrive/ Yoteshin/ Megaup
EP 06 – UserDrive/ Yoteshin/ Megaup/ Telegram
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။