The Waking of a Nation Season 01 (2025) “နိုးထလာသော မျိုးချစ်စိတ်”
IMDb – 8/10
၁၉၁၉ခုနှစ် ဧပြီလ ၁၃ရက်နေ့၊ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာလုပ်တဲ့
ငြိမ်းချမ်းစွာစုရုံးဆန္ဒပြတဲ့ပွဲမှာဗြိတိသျှဗိုလ်မှူးချုပ်တစ်ယောက်အမိန့်နဲ့
ရက်ရက်စက်စက်ပစ်သတ်ခြင်းခံခဲ့ရပြီး အိန္ဒိယပြည်သူအယောက်လေးရာနီးပါးသေဆုံးခဲ့ပါတယ်။
ဒီစီးရီးကတော့ အထက်ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ သမိုင်းနောက်ခံဝက်ဘ်စီးရီးပါ။
အကြောင်းပြချက်တစ်ခုမှမပေးဘဲ အိန္ဒိယပြည်သူမည်သူကိုမဆိုတရားရုံးမတင် စစ်ဆေးမေးမြန်းခြင်းမရှိ
ဖမ်းဆီးထောင်ချခွင့်ရှိတဲ့ ရိုးလတ်အက်ဥပဒေကို ၁၉၁၉ခုနှစ် အိန္ဒိယမှာဗြိတိသျှအစိုးရက ပြဌာန်းခဲ့တယ်။
မဟတ္တမဂန္ဒီက ဒီဥပဒေကို ဆတ်တယာဂရာဟာအကျင့်လို့ခေါ်တဲ့
အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုနဲ့ဆန့်ကျင်ကြဖို့ ဆော်ဩခဲ့ပါတယ်။
ဧပြီလ ၁၃ရက်နေ့မှာတော့ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာ ဒီဥပဒေကို
အကြမ်းမဖက်ဆန္ဒထုတ်ဖော်ဖို့ စုဝေးကြရာမှာ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်
အရွယ်စုံအတန်းစားစုံအိန္ဒိယပြည်သူတို့ တက်ရောက်ခဲ့ကြပါတယ်။
ဗိုလ်မှူးချုပ်ဒိုင်ယာက ဒီစုရုံးမှုကို သိသိကြီးနဲ့လွှတ်ထားပေးပြီးမှ အကြမ်းဖက်သုတ်သင်ရှင်းလင်းဖို့စီစဉ်ခဲ့ပါတော့တယ်။
ဒီစီးရီးမှာတော့ အဲဒီအဖြစ်အပျက်ဖြစ်ပွားစဉ်အခြေအနေနဲ့ ဖြစ်ပွားပြီး ဗိုလ်မှူးချုပ်ကို
စစ်ခုံရုံးတင်စစ်ဆေးတဲ့အခြေအနေတွေကိုစိတ်ဝင်စားဖွယ်တင်ပြထားတာမို့ ကြည့်ရှုအားပေးကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်)
File Size – 900 MB(Appx;)@Episode
Quality – 1080p WEB DL
Duration – 50minute (@Episode)
Total Episodes: 6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – CM BOLLYWOOD TEAM
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။