“အလွဲလေးတွေ ကြားထဲကနေပေါက်ဖွားလာတော့မယ့် ချိုမြိန်သောချစ်ခြင်းများ”
လူသားမျိုးနွယ်စုရဲ့ ဘုရင်မကြီးဟာ ထူးဆန်းစွာနဲ့ပဲအမွှာမင်းသမီးငယ်လေး နှစ်ဦးကိုမွေးဖွားခဲ့ပါတယ် ။
အမွှာညီအစ်မတွေဆိုပေမဲ့လို သူတိုနှစ်ဦးရဲ့ ကံကြမ္မာတွေကတော့ တူညီခြင်းမရှိခဲ့ပါဘူး ။
❏ နူးညံ့သိမ်မွေ့လှပြီး မျိုးနွယ်စုတွေရဲ့ အားပေးထောက်ခံမှုတွေကို ရရှိကာ
နတ်ဘုရားမျိုးနွယ်စုရဲ့ မိဖုရားအဖြစ်တင်မြှောက်ဖိုရွေးချယ်ခြင်းခံရတဲ့ အစ်မဖြစ်သူ – ချင်းခွေ
❏ ဉာဏ်ကောင်းပြီးထက်ထက်မြတ်မြတ်ရှိပေမဲ့လဲ မျိုးနွယ်စုတွေရဲ့ အနိုင်ကျင့်မှုကို ခံရကာ
နတ်ဆိုးမျိုးနွယ်ရဲ့ မိဖုရားအဖြစ်တင်မြှောက်ဖို ရွေးချယ်ခြင်းခံရတဲ့ ညီမငယ်လေး – ယဲ့ထင်
အမွှာညီအစ်မတွေဖြစ်ပေမဲ့ ကံတရားခြင်းကွာခြားလှတဲ့ ညီအစ်မနှစ်ယောက်ဟာ နတ်ဘုရားလောကနဲ့
နတ်ဆိုးလောက တို အတူတူလက်ဆက်ပွဲကျင်းပနေစဥ်အတွင်း မတော်တဆ မင်္ဂလာဝေါယာဥ်မှားကာ
အလွဲလွဲ အမှားမှားတွေ ဖြစ်ကုန်ပါတော့တယ် ။ ဒီလိုနဲ့ ညီမငယ်ဖြစ်သူ ယဲ့ထန်ဟာ
နတ်ဘုရားလောကကိုရောက်ရှိသွားပြီး နတ်သား ရွှမ်ရှန်းကျွင်း နဲ့ မေတ္တာမျှဖို အကြောင်းဖန်လာခဲ့ပါတော့တယ် ။
တစ်ဆက်ထဲမှာပဲ အစ်မဖြစ်သူ ချင်းခွေကတော့ နတ်ဆိုးလောကကို ဝင်ရောက်သွားခဲ့ပြီး
နတ်ဆိုးလောကရဲ့ မင်းသား ၃ အရမ်းချစ်မြတ်နိုးရတဲ့ စစ်တုရင်အရုပ်လေးသဖွယ် ဖြစ်လာခဲ့ပါတော့တယ် ။
ဒီလိုနဲ့ပဲ စုံတွဲ ၂ တွဲဟာ အလွဲလွဲအမှားမှားတွေကို ကျော်ဖြတ်ပြီး ချစ်ခြင်းမေတ္တာလေးတွေ တိုးပွားလာခဲ့ပေမဲ့
သူတိုဆီကို အန္တရာယ်ဆိုးကြီးကျရောက်လာမှာကိုတော့ မသိရှာခဲ့ပါဘူး ။
လောကနယ်ပယ်လေးရပ်ရဲ့ ရှင်သန်ခြင်း ပျက်ဆီးခြင်းလျှိဝှက်ချက်ဟာ အမွှာညီအစ်မနဲ့ သက်ဆိုင်နေခဲ့တဲ့အကြောင်း
မသမာသူတွေ သိရှိသွားပြီး အမွှာညီအစ်မကို သတ်ပြစ်ဖို ကြိုးစားလာခဲ့ကြတဲ့အခါမှာတော့….?
❏ အမွှာညီအစ်မ နှစ်ဦး ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေကြားထဲကနေ ဒီအန္တရာယ်ကြီးကို ရင်ဆိုင်နိုင်ပါ့မလား ?
❏ ညီအစ်မတွေအတူတူ နောက်ဆုံးအခြေအနေအထိ သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ်ပြီး အမှောင်ထုကိုဖြိုခွင်းကာ
အလင်းကိုဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။
(Reviewed By Chit Mya Mya Hmwe)
Quality : WEB-DL 720p,1080p
Total Episodes : 40
Format : mp4
Genres : Romance, Wuxia, Fantasy
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။