Rana Naidu (IMDb 7.4/10)
**************************
ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့
Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့
အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း
cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်….
ဇာတ်လမ်း အကျဉ်း
ရာနာနိုင်ဒူဆိုတာ ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ
ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ
အတွင်းရေးတွေလူသိမခံချင်ဘူးလား
ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား
မယားငယ်ထားပြီးတိုင်ပတ်နေလား
ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ..
အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ…..
သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ်
သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ
ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ
အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင်
ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော
ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ
ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့
အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်
Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း
အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ
ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ
မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။
File Size – 800MB / 400MB
Quality – 1080p WEB DL / 720p
Duration – 50m
Total Episodes:
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama, Mystery
Translator – BpL~ SaiThuRein~Yunni~Thaik San~Khin Khin
Encoder – YK
Rana Naidu season 2 (2025)
“နိုင်ဒူသားအဖရဲ့ဘ၀ခရီးကြမ်းကြမ်း”
ဘောလိဝုဒ်စီးရီးပရိသတ်ကြီးအတွက် အမိုက်စားသရုပ်ဆောင်တွေပါ၀င်ထားတဲ့ Rana Naidu စီးရီးရဲ့စီစန်တူး ထွက်ရှိလို့လာပါပြီ။
အရင်စီစန်ထဲကလိုပဲ မင်းသားကြီးဒက်ကူဗာသီဗန်ကာတေ့ရှ်နဲ့ ရာနာဒက်ကူဗာသီတို့က ဆက်လက်ခေါင်းဆောင် ပါ၀င်ထားပါတယ်။
ဒီစီစန်မှာလည်း နိုင်ဒူသားအဖရဲ့အမိုက်စားစွန့်စားခန်းတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဆက်လက်ရှုစားကြရမှာပါ။
စီစန်၀မ်းထဲကနေ ပြန်ကောက်ရရင် ရာနာနိုင်ဒူဟာ နာမည်ကျော်တွေရဲ့လျှို့ဝှက်အလုပ်တွေကို နောက်ကွယ်က လိုက်ရှင်းပေးရသူပါ။
သူ့အလုပ်က တရားမ၀င်ကိစ္စတွေ ဒုစရိုက်သမားတွေနဲ့လည်း ပတ်သက်နေတာမို့ ရန်သူလည်းမနည်းလှပါဘူး။
မိသားစုဘ၀တည်ဆောက်ဆောက်ပြီး သားနဲ့သမီးနဲ့ဖြစ်နေတဲ့ ရာနာဟာ သူ့အလုပ်ကိုစွန့်လွှတ်ပြီး ဘ၀သစ်စဖို့ ခြေလှမ်းပြင်နေပါတယ်။
ဒါပေမဲ့ ကံကြမ္မာက ရာနာ့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ မထင်မှတ်တဲ့ကိစ္စတစ်ခုကြောင့်
ရာနာတစ်ယောက် အဲဒီလောကထဲမှာ သံသရာပြန်လည်ရဖို့ ဖြစ်လာပါတယ်။
နိုင်ဒူသားအဖတွေ မတည့်ကြပေမဲ့ တကယ်တမ်းဒုက္ခတွေကြချိန်မှာ ဘယ်လိုလက်တွဲကြမလဲ၊
ဘာပြဿနာတွေ ထပ်ဖြစ်ကြဦးမလဲ၊ ဘယ်လိုအန္တရာယ်တွေ အခက်အခဲတွေရင်ဆိုင်ရဦးမလဲဆိုတာ စီစန်တူးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။
(ဒီစီးရီးအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)
File Size – 1 GB (Appx;)@Episode
Quality – 1080p WEB DL
Duration –50minute (@Episode)
Total Episodes:8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama, Mystery
Translator – CM Bollywood Team
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။