Channel Myanmar

Lord of the Mysteries (2025)

诡秘之主

1 Seasons 3 Episodes
Returning Series

Lord of the Mysteries (2025)

no data

General information

Original name诡秘之主

Backdrops

Lord of the Mysteries (2025)
Lord of the Mysteries (2025)
Lord of the Mysteries (2025)
Lord of the Mysteries (2025)
Lord of the Mysteries (2025)
Lord of the Mysteries (2025)
Lord of the Mysteries (2025)

Synopsis of Lord of the Mysteries (2025)

Lord Of Mysteries (ပဟေဠိများ၏ အရှင်သခင်) (2025)
…………………………………………………………………..

Webnovel(အင်တာနက်ဝတ္ထု)တွေထဲက ကြီး၃ကြီးကိုပြပါဆိုရင်

442

– Omniscient reader’s viewpoint
– Lord of Mysteries
– Reverend Insanity

အဲ့ဒီသုံးခုကိုပြရမယ်ထင်ပါတယ်။

Omniscient reader’s viewpoint ကတော့ Live action adaptation အနေနဲ့

မင်းသားလီမင်ဟိုပါတဲ့ရုပ်ရှင်တစ်ကား ထွက်တော့မှာပါ။

Reverend Insanity ကတော့ တမူထူးခြားပြီး လုံးဝကိုကျွတ်ဆင်ဇာတ်လမ်းကြီးဖြစ်ပေမဲ့

တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်မှုကြောင့် ပြီးခါနီး အပိုင်းအနည်းငယ် အလိုမှာ

ဆက်ရေးခွင့်မရပဲ ရပ်သွားခဲ့ပါတယ်။ (မြန်မာမှာတောင် ဘာသာပြန်ထားတဲ့

စာတွေကိုဖြုတ်ချခိုင်းတာ၊ Pageပါ ဖျက်ပေးရတာအထိ ဖြစ်ခဲ့ပါတယ်)

Lord of Mysteries ကတော့ ပြောရမယ်ဆိုရင် ဘာသာပြန်လောကမှာ

နတ်ကြီးတဲ့စာစဉ်လို နာမည်ကြီးခဲ့တယ်ဗျ။ ဘာသာပြန်ရ အတော်အချိန်ပေးရတယ်လိုပြောကြပြီး

ဇာတ်လမ်းအပိုင်းရေ သုံးပုံတစ်ပုံရောက်အောင် ဘယ်သူမှ မရေးနိုင်ကြပဲ

drop လိုက်ကြရတာများပါတယ်။ ဇာတ်လမ်းအနေနဲ့ကလည်း အစပိုင်း

အပိုင်း၁၀၀လောက်အထိ အနည်းငယ် Slow Pacing ဖြစ်နေပေမဲ့

အပိုင်း၁၀၀ကျော်လာရင်တော့ လုံးဝကို လက်က မချစတမ်းဖတ်မိစေတဲ့ ဝတ္ထုပါ။

ဇာတ်လမ်းကတော့ တရုတ်အင်တာနက်ဝတ္ထုတွေထဲမှာ လူကြိုက်များတဲ့

ဘဝကူးပြောင်းဇာတ်လမ်းဖြစ်ပေမဲ့ ခပ်ပေါ့ပေါ့ ဇာတ်လမ်းတော့မဟုတ်ဘူးဗျ။

ဘယ်ဇာတ်ကောင်မဆို တနေရာရာမှာ ပါဖူးရင် ဖြတ်လျှောက်အနေနဲ့မဟုတ်ပဲ နောက်ပိုင်းမှာ

သေချာပြန်ချိတ်ပြတာမျိုး၊ လှည့်ကွက်တွေအပြည့်ပါပြီး လျှိဝှက်ချက်တွေနဲ့

ရင်တသိမ့်သိမ့်တုန်စေတဲ့ဇာတ်လမ်းမျိုးပါ။

 

ဇာတ်လမ်းအကျဉ်းအ‌နေနဲ့ ဝတ္ထုရဲ့ အတွဲ၁ဖြစ်တဲ့ The Fool (သူရူးကြီး) က

အစပိုင်းအခန်းအနည်းငယ်ကိုပဲ အကျဉ်းပြောပြပါမယ်။

သွေးနီရောင်လွှမ်းနေတဲ့လ‌ရောက်အောက်က ညတညမှာ ကျိုးမင်ယွဲတစ်ယောက်

ခေါင်းအရမ်းကိုက်ပြီး နိုးလာခဲ့ဧ။်။ ရှေ့က စာရေးစားပွဲပေါ်တွင်လည်း

ခြောက်လုံးပြူးသေနတ်တစ်လက်နှင့် မှတ်စုစာအုပ်တစ်အုပ် ဖွင့်လျက်သားရှိ‌နေသည်။

စာအုပ်ထဲတွင်ရေးထားသည့်စာက “ငါအပါအဝင် လူတိုင်းသေရတော့မယ်”ဟူ၍ပင်။

လက်မှာလည်း သွေးတွေပေနေသဖြင့် အခန်းထဲရှိ မှန်ရှေ့ကိုသွားကြည့်လိုက်သည်။

မှန်ထဲကနေ နားထင်‌ပေါ်က သေနတ်ဒဏ်ရာကို မြင်နေရပြီး ဦးနှောက်အတွင်းသားတွေ

လှုတ်စိလှုတ်စိဖြစ်နေသည်ကိုပါ တွေ့လိုက်ရ၏။ အထူးဆန်းဆုံးကတော့ မှန်ထဲရှိလူသည်

ကျိုးမင်ယောင်ဟုတ်မနေပဲ ကလိုင်း မော်ရက်တီဆိုသော လူဖြစ်နေ၏။

 

– ကျိုးမင်ယောင်တစ်ယောက် အဘယ်ကြောင့် ကလိုင်း မော်ရက်တီအဖြစ် ဘဝကူးပြောင်းခဲ့သနည်း။
– သေနတ်ဒဏ်ရာက ကိုယ့်ကိုကိုယ်သတ်သေခဲ့သဖြင့် ရခဲ့ခြင်းလော။ တပါးသူ၏ သတ်ဖြတ်မှုကြောင့် ရခဲ့ခြင်းလော။
– ဦးနှောက်ကိုပါမြင်နေရသည်အထိ သေနတ်ဒဏ်ရာရထားသော်လည်း အဘယ်ကြောင့်မသေရသနည်း။
– မှတ်စုစာအုပ်ထဲက စာသည် မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း။
– အရေးအကြီးဆုံးက ကလိုင်း မော်ရက်တီသည် မည်သူနည်း။

 

အစရှိတဲ့မေးခွန်းတွေကိုသိချင်ရင်တော့ ယခုထွက်ရှိလာတဲ့

တရုတ်ကာတွန်းစီးရီးလေးကို ကိုယ်တိုင်ပဲကြည့်ရှုခံစား အဖြေရှာကြည့်ကြပါ။

 

(အညွန်းနဲ့ ဘာသာပြန်ကတော့ Dr Nyan ဖြစ်ပါတယ်)

 

File size…  500 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 30m @Episode
Genre ….. Animation, Action, Fantasy, Mystery
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Dr Nyan

 

Season 1

 

Ep 1 – Userdrive / Megaup / Yoteshin / Telegram

Ep 2 – Userdrive / Megaup / Yoteshin / Telegram

Ep 3 – Userdrive / Megaup / Yoteshin / Telegram

Ep 4 – Userdrive / Megaup / Yoteshin / Telegram

 

>>>>> Ongoing <<<<<



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
TypeScripted
Popularity25.3876
TV StatusReturning Series

Seasons and episodes

No data available


Videos