ဒီဇာတ်လမ်းတွဲလေးပါဝင်တဲ့မင်းသားနဲ့မင်းသမီးကိုတော့စိမ်းတဲ့သူ
ရှိမယ်မထင်ပါဘူး K Drama ပရိတ်သတ်ဆိုရင်ပေါ့
မင်းသား Ji Chang Wook နဲ့ မင်းသမီး Park Min Young တို့ပါဝင်သရုပ်ဆောင်ထားတဲ့
Healer ဇာတ်လမ်းတွဲဟာ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး On Air ပြသစဉ်က
ပရိတ်သတ်တွေကိုရင်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်
အခုတဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအမျိုးအစားကတော့ Action နဲ့ Romance ပေါ့
အညွန်းလေးကတော့ Seo Jung-hoo ( Ji Chang Wook ) ဟာ ကိုယ်ခံပညာကို
ကောင်းစွာတတ်ကျွမ်းပြီး Healer ဆိုတဲ့လူတစ်ယောက်အဖြစ်
ကြေးစားအနေနဲ့ မြေအောက်လောကမှာ ပါဝင်အလုပ်လုပ်နေတဲ့သူတစ်ဦးပေါ့
သူ့နောက်ကွယ်မှာတော့ သူ့ကိုအမြဲတမ်း အလုပ်ရှာပေးတဲ့
အမျိုးသမီးကြီးတစ်ဦးရှိပါတယ် Chae Young-shin ( Park Min Young ) ကတော့
သတင်းထောက်လေးတဦး ..မိမိလိုက်ရမယ့်သတင်းဆိုရင် အခက်အခဲကြားကနေ
ဘယ်လိုလိုက်ရလိုက်ရ စွန့်စားတတ်တဲ့ကောင်မလေး..အဲ့လိုမျိုးကြောင့်လည်း
မကြာခန အန္တရာယ်လေးတွေကြုံရတတ်တာပေါ့ တနေ့မှာ Healer တစ်ယောက်
သူ့ရဲ့အလုပ်ကိစ္စတခုကြောင့် သတင်းထောက်မလေးအနားကို
ရောက်အောင်ကြိုးစားရပါတော့တယ် ဒီလိုကြိုးစားတဲ့နေရာမှာလည်း
အူကြောင်ကြောင်ငတုံးလေးပုံစံဖမ်းပြီး အနားကိုရောက်ဖို့ကြိုးစားပါတယ်
ဒီလိုနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ healer ကိုရော ရိပ်မိသွားမလား
သတင်းထောက်မလေးနဲ့ သူတို့၂ယောက်ရဲ့အတိတ်က ပတ်သတ်ဆက်နွယ်မှု
ဆိုတာတွေရောဘာဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်
Quality : WEB-DL720p
Subtitle : Myanmar Subtitle ( Hardsub )
Subtitle Credit To Somonlian ( Subscene )
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။