Graceful Family [2019]
ဒီတစ်ခါတော့ ဇာတ်လမ်းတွဲအဟောင်းတွေထဲက
ပရိသတ်ရင်ကို ထိမယ့် ကောင်းနိုးရာရာ ဇာတ်လမ်းတွဲတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်
၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ MBN ရုပ်သံလိုင်းရဲ့
နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့သလို
သူဌေးအိမ်က ငါးသေလို့ ဝန်ကြီးပါ စျာပနတက်ရတယ်ဆိုတဲ့
နာမည်ကြီးတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ …..
ချမ်းသာကြွယ်ဝလှတဲ့ သူဌေးကြီး မိုချောဟီး မှာ
တရားဝင်မယားကြီး(၂)ယောက်နဲ့ မယားငယ်တစ်ယောက်တို့နဲ့ရတဲ့
သား သုံးယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ်။
မိုဝမ်ဆို ၊ မိုဝမ်ဂျွန်း ၊ မိုဆောဂျွန်းဆိုတဲ့ သားသုံးယောက်က
တစ်ယောက်တစ်မျိုးစီ ဆိုးကြသလို
သမီးဖြစ်တဲ့ မိုဆော့ဟီးကလည်း ဆတ်ဆတ်ထိမခံတဲ့ မာနခဲတစ်ယောက်ဖြစ်ပါတယ်။
မိုချောဟီးပိုင်ဆိုင်တဲ့ MC လုပ်ငန်းစုက ကိစ္စ မှန်သမျှနဲ့
သားသမီးတွေ အရှုပ်တွေကို လိုက်လံဖြေရှင်းပေးတာကတော့
“TOP” ဆိုတဲ့ ဘက်စုံကျွမ်းကျင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီလိုနဲ့ ဟောယွန်းဒို ဆိုတဲ့ ရှေ့နေကောင်လေးက
မာနခဲလေး မိုဆော့ဟီးနဲ့ မမျှော်လင့်ဘဲတွေ့ဆုံမိရာကနေ
သူ့ဘဝအတွက် တစ်ဆစ်ချိုးပြောင်းလဲမှုကြီးဖြစ်လာပါတော့တယ်။
ကိုရီးယားနိုင်ငံရဲ့ဥပဒေထက် အသာစီးရတဲ့
“TOP” ဆိုတဲ့ အဖွဲ့ထဲကို ဝင်ဖို့ဖြစ်လာပါတယ်။
အပြင်ပန်းမှာခက်ထန်မာကြောနေကြပေမယ့်
ရင်ထဲက စိတ်ဒဏ်ရာတွေ၊ နှစ်ယောက်စလုံးရဲ့နစ်နာမှုတွေကို
မိုဆော့ဟီးနဲ့ ဟောယွန်းဒို တို့ အချင်းချင်းသိရှိသွားချိန်မှာတော့
လောဘ၊ဒေါသ၊မောဟတွေ ကြီးစိုးနေကြတဲ့ လူကုံထံ မိသားစုဝင်တွေကို
ဘယ်လိုတွေပညာပေးပြီး
နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခံရတဲ့ အမှန်တရားကို
ဘယ်လိုတွေဖော်ထုတ်သွားမယ်ဆိုတာကို
ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။
အညွှန်းကိုတော့ HAW က ရေးသားပေးထားတာ ဖြစ်ပြီး
ဘာသာပြန်တွေကတော့ HAW, JimX, Deer, Hanna, Milkeux တို့ပဲ ဖြစ်ကြပါတယ်။
Size : 600MB
Quality : 720p, 1080p
Format : mp4
Translators : HAW, JimX, Deer, Hanna, Milkeux
Encoder : August
1080p (Zip File)
=================================================
720p
Episode 01 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 02 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 03 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 04 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 05 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 06 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 07 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 08 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 09 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 10 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 11 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 12 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 13 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 14 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 15 – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
Episode 16 (End) – Yoteshin | Megaup | Userdrive | Streamsb | Veryfiles | VIP
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။