ဘဝမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ…
ဘယ်အရာတွေကပဲ တားဆီးနေပါစေ…
“သူများကို ခေါင်းငုံ့စရာမလိုဘူး”…
“တက်နင်းတာ ခံစရာမလိုဘူး”…
“နောက်ပြန်လှည့်စရာမလိုဘူး”…
“အရှုံးပေးစရာမလိုဘူး”ဆိုတဲ့ အဓိပ္ပာယ်ကို အသက် ၄၀ အရွယ်အမျိုးသား Goo Pil-Soo (မင်းသားကြီးKwak Do-Won) တို့မိသားစုနဲ့
အသက်နှစ်ဆယ်အရွယ် Jung Seok (Yoon Doo-Joon) တို့နှစ်ယောက်အပေါ်အခြေခံပြီး ဖော်ပြထားပါတယ်။
Goo Pil Soo မှာ ငယ်ရွယ်စဉ်တုန်းက အရာရာတိုင်းအောင်မြင်ခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာပြီး မိန်းမနဲ့ သားလေးတစ်ယောက်ရလာတော့ အကြွေးကိစ္စ ၊ အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်လာခဲ့တယ်
ကြက်ကြော်နဲ့ဘီယာဆိုင်လေးဖွင့်ထားပြီး ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝမှာ ခက်ခက်ခဲခဲနေရတယ်
ကိုယ့်ရဲ့သားလေးကိုလည်း သူများတွေနဲ့တန်းတူဖြစ်စေချင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အမြဲစိတ်ညစ်နေရတယ်
အဲဒါကြောင့် သူ့မိန်းမနဲ့ သူ့သားလေးအတွက် ပိုကောင်းမွန်တဲ့ဘဝလေးရလာဖို့ အမြဲကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့
Jung Seok ကတော့ အရမ်းထက်မြက်ပေမဲ့ ဆင်းရတဲ့မိသားစုကနေပဲ ဆင်းသက်လာခဲ့တယ်
မိဘတွေရဲ့အကြွေးတွေကိုဆပ်ဖို့ သူ့ရဲ့ဦးနှောက်ကို အသုံးချပြီး ဝါသနာပါတဲ့ Start-Up ဖန်တီးသူဖြစ်လာခဲ့တယ်
ကိုယ်ဖန်တီးထားတဲ့ နည်းပညာတွေနဲ့ အောင်မြင်လာအောင် ကြိုးစားမယ့် လူငယ်လေးတစ်ယောက်ပါ။
သူတို့နှစ်ယောက်နဲ့ဆက်စပ်နေတဲ့ ချေးငွေပြဿနာတွေ၊ပညာရေးပြဿနာတွေ၊ဝန်ထမ်းပြဿနာတွေ၊ start-up ရဲ့ပြဿနာတွေနဲ့ လူတန်းစားခွဲခြားမှုတွေကို လက်တွေ့ကျကျဖော်ကြူးပြသထားတဲ့အပြင်…
ဟာသလေးနှောပြီး တစ်ငိုငိုတစ်ရယ်ရယ် နွေးနွေးထွေးထွေးကြည့်ရမယ့်ကားကောင်းလေးပါ။
ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာလေးကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်လမ်းတွဲလေးကို recommend ပေးလိုက်ပါတယ်။
( အညွှန်းရေးသားထားသူကတော့ Khaing Khin ပါ )
Translated by Khaing Khin , Thuu Thuu
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။