A Real Bug’s Life (2024)
IMDb – 6.9
အင်းဆက်ပိုးကောင်လေးတွေရဲ့ ကမ္ဘာငယ်လေးတွေဆီကို အလည်သွားကြည့်ကြရအောင်။
အခုစီးရီးကတော့ National Geographic ကရိုက်ကူးထားပြီး
Disney+ မှာထုတ်လွှင့်ပြသခဲ့တဲ့ Documentary Series အသစ်လေးဖြစ်ပြီး
“A Bug’s Life” ဆိုတဲ့ Disney နဲ့ Pixar ထုတ် ကာတွန်းစီးရီးကို မှီငြိမ်းထားတာပါ။
သဘာဝတရားကြီးထဲကို လူတွေကျူးကျော်လာတာနဲ့အမျှ
ပိုးကောင်လေးတွေရဲ့ ကျက်စားနေရာလေးတွေလည်းပျက်စီးလာခဲ့ပြီး
ဂေဟစနစ်ဟန်ချက်ပျက်လာခဲ့ပါပြီ။ အင်းဆက်ပိုးကောင်လေးတွေဟာလည်း
အရွယ်သာငယ်ပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ သဘာဝဂေဟစနစ်ကို
ဟန်ချက်ညီအောင် ထိန်းသိမ်းပေးတဲ့နေရာမှာ
အံ့သြဖို့ကောင်းလောက်အောင်ကို အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြပါတယ်။
ဒီ Documentary ထဲမှာတော့ နယူးယော့ခ်မြို့ရဲ့ လမ်းပေါ်မှာ
နားခိုရာနေရာသစ်ရှာဖွေနေရတဲ့ ပင့်ကူငယ်လေးကနေ
ကိုစတာရီကာ သစ်ခွပျားလေးရဲ့ ရနံ့ရှာဖွေတဲ့ စွန့်စားခန်းအထိ
သေးငယ်လှတဲ့ ပိုးကောင်လေးတွေရဲ့ဘဝကို ရိုက်ကူးထားတဲ့အပြင်
မြို့ပေါ်နဲ့ တောတွင်းမှာနေထိုင်ကျက်စားကြတဲ့ ပိုးကောင်လေးတွေ
နေ့စဉ်ဖြတ်ကျော်ရတဲ့အခက်အခဲအတားအဆီးတွေ၊ အရွယ်သာငယ်ပေမဲ့
သူတို့ပါဝင်တဲ့ ကဏ္ဍကအရေးပါပုံတွေ၊ သဘာဝတရားကြီးကို
ဟန်ချက်ညီနေအောင် လုပ်ဆောင်ပေးကြပုံတွေ၊ အချင်းချင်းစုစည်းညီညွတ်စွာ
ဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားကြပြီး အခက်အခဲကျော်လွှားကြပုံတွေအပြင်
အင်းဆက်ပိုးကောင်လေးတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်နိုင်စွမ်းတွေကို
အနီးကပ် macro shot တွေနဲ့ရိုက်ကူးထားလို့ ရပ်သပ်ရှုမောဖွယ် ကြည့်ရှုကြရမှာပါ။
သရုပ်ဆောင်မင်းသမီး Awkwafina နောက်ခံစကားပြောပေးထားတာဖြစ်ပြီး
ကမ္ဘာပေါ်ကမတူညီတဲ့ ပိုးကောင်လောက (၉) နေရာကို နည်းပညာတွေ၊ ကင်မရာစွမ်းရည်တွေနဲ့
ပေါင်းစပ်ပြီး အသေးစိတ်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့
မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမဲ့ စီးရီးလေးတစ်ခုပါ။
ပိုးကောင်ငယ်လေးတွေရဲ့ ကမ္ဘာကိုအလည်သွားပြီး
သူတို့ရဲ့နေ့စဉ်ဘဝနဲ့ အမူအကျင့်တွေကို လေ့လာရင်းခံစားကြည့်ရှုလိုက်ကြပါဦးဗျ။
File size… 1.5 GB
Quality… Web-DL 4K HEVC
Format… MKV
Duration…. 32m
Genre ….. Documentary
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by TMMT
4K
EP 01 – Usersdrive/ Yoteshin / Megaup / Megaup / Streamvid
EP 02 – Usersdrive/ Yoteshin / Megaup / Megaup / Streamvid
EP 03 – Usersdrive/ Yoteshin / Megaup / Megaup / Streamvid
EP 04 – Usersdrive/ Yoteshin / Megaup / Megaup / Streamvid
EP 05 – Usersdrive/ Yoteshin / Megaup / Megaup / Streamvid
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။