Channel Myanmar

Warner Bros. Television

Supernatural (2005-2020) 8.295
Supernatural (2005-2020) နာမည်ကျော်စီးရီး Supernatural ကို BluRay 1080p/720p Quality နဲ့ CM Version အဖြစ် စဆုံးပြန်လည်တင်ဆက်လိုက်ပါပြီ။ Supernatural စီးရီးကို ၂၀၀၅ ခုနှစ်ကနေစတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းနိုင်ပါတယ်။ စီစင်အနေနဲ့ ၁၅ ခုထိရှိပြီး အပိုင်းပေါင်း ၃၂၇ ပိုင်းရှိပါတယ်။ အညွှန်းကိုတော့ Myanmar Varient Entertainment FB Page ကနေ ခံစားရေးဖွဲ့ထားတာနဲ့မိတ်ဆက်ပေးခဲ့ချင်ပါတယ်။ +++++++++++++++++++++++ 🎬 Supernatural သို့ လွမ်းခြင်း (၁၅ နှစ်တာ အမှတ်တရ)နိုဝင်ဘာ ၃၀၊ ၂၀၂၂။◼ CW ရဲ့ အပိုင်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ဟာ မြန်မာပရိသတ်တွေကြားမှာ နေရာတစ်ခုအမြဲရယူခဲ့တယ်ဆိုတာ ငြင်းစရာအကြောင်းမရှိခဲ့ပါဘူး။ အများစုက "မိစ္ဆာမုဆိုး" "ပညာသည်နှစ်ဦး" စတဲ့ နာမည်အသီးသီးနဲ့သိကြသလို တချို့တွေကလည်း Supernatural နာမည်နဲ့ပဲ ကြည့်ခဲ့ကြပေမယ့် ကာလတစ်ခုအထိ Supernatural ဟာ ပရိသတ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအထိ ရှိနေဦးမှာပါပဲ။◼ ...
8.295
TMDb: 8.295/10 7372 votes
tv

Supernatural (2005-2020)

2005
Presumed Innocent (2024) 8.064
Presumed Innocent (2024)  Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေRusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga ကသူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာတရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းအပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်းမီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခုဖြစ်နိုင်ပါတယ်။ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမားတရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။သက်သေအထောက်အထားတွေအားလုံးက Rusty ဟာလူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့်အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာသူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရားပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက်မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။   File Size – ...
8.064
TMDb: 8.064/10 47 votes
tv

Presumed Innocent (2024)

2024
Pretty Little Liars: Original Sin (2023) Season 2 7.959
Pretty Little Liars: Original Sin (2023) Season 2 Pretty Little Liars (2023 ) ======================Pretty Little Liarsဟာ ၂၀၀၆မှာ စထွက်ခဲ့တဲ့ စာအုပ်ကနေ အစပြုခဲပြီး စာအုပ်ပေါင်းများစွာနဲ့ တီဗီစီးရီးလေးခု WEBစီးရီးတစ်ခုထွက်ထားတဲ့  အောင်မြင်တဲ့ franchiseတစ်ခုပါပဲ။ 2010မှာ တီဗီစီးရီးအဖြစ် စအသက်သွင်းခဲပြီး။ ခုထိကို တစ်ခု ပြီးတစ်ခု ဆက်တိုက်ထွက်နေခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၂၂ဗားရှင်းရဲ့ ပထမတွဲမှာတော့ မေးလ်ဝုဒ်မှာနေတဲ့ ကောင်မလေးငါးယောက်နဲ့ အေလို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားဆိုက်ကိုကောင်ကြားက ပြဿနာတွေကိုပြသွားခဲ့သလို အဆုံးမှာ အေကိုလည်း ဖမ်းမိသွားကြတယ်။ ဒီ၂၀၂၄မှာထွက်တဲ့ ဒုတိယတွဲမှာတော့ အဲဒီနေရာကနေပဲ ပြန်စထားပါတယ်။ အေကြောင့် ထရော်မာရနေတဲ့ ကောင်မလေးငါးယောက်ဟာ အေကို စိတ်မကျန်းမာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပဲ ပြစ်ဒဏ်ချလိုက်ရင် လွတ်လာပြီး သူတို့ကိုလာသတ်တော့မှာပဲဆိုပြီး  ပူနေကြတာပါ။ တကယ်လည်း အေကလွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖမ်းမိသွားပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရတယ်။ စိတ်အေးလက်အေးနဲ့ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းရတော့မယ် ထင်ခဲ့ကြပေမဲ့ အေနဲ့တစ်ပုံစံတည်းတူတဲ့ နောက်ထပ်ကွင်းဆက်လူသတ်သမားတစ်ယောက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့တွေ ဘာတွေကိုရင်ဆိုင်ရဦးမလဲ ...
7.959
TMDb: 7.959/10 184 votes
tv

Pretty Little Liars: Original Sin (2023) Season 2

2022
Sweet Tooth Season 3 7.837
Sweet Tooth Season 3 [ဇာတ်ကြောင်းနားလည်ဖို့ ရှေ့စီစန်တွေကို ကြည့်ဖို့ လိုအပ်ပါတယ်]အားလုံးချစ်တဲ့ သမင်တစ်ပိုင်းလူတစ်ပိုင်း ဆွိတုလေး ပြန်လာပါပြီ CM ပရိသတ်ကြီးရေ။စီစန်သရီးမှာတော့ ... The Sick ဆိုတဲ့ ‌ကူးစက်ရောဂါကြီးကြောင့် လူသားမျိုးနွယ်တစ်ခုလုံး မျိုးသုဉ်းဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ Sick အတွက် ဖြေဆေးကို ရှာဖို့ အဖွဲ့ပေါင်းစုံကလည်း ပထမဆုံး hybrid ဖြစ်တဲ့ ဆွိတုလေးကို အသည်းအသန် လိုက်ရှာ ဖမ်းဆီးဖို့ ပြင်ဆင်နေကြပါပြီ။ဆွိတုလေးဟာလည်း ဖြေဆေးရှာပေးနိုင်မယ်လို့ ယုံကြည်တဲ့ သူ့အမေရှိရာ အလက်စကာကို ခရီးဆက်ဖို့ ကြိုးစားလို့နေပါတယ်။ ဒီတော့ ဒီအန္တရာယ်တွေကြားကနေ ဆွိတုလေး လွတ်မြောက်သွားမလား။ လူသားတွေနဲ့ မျိုးစပ်တွေကြား ဘယ်လို သဘောထားတွေ ကွဲလွဲပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူအားပေးကြပါဦး။File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7.837
TMDb: 7.837/10 1349 votes
tv

Sweet Tooth Season 3

2024
The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017
The Girls on the Bus (2024) 6.6
The Girls on the Bus (2024) The Girls on the Bus (2024) ===================== IMDb Rating - 6.6/10စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ "The Girls on the Bus" ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ် ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the Bus ဆိုတာ ဒီလို။အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်‌စည်းရုံးရေးတွေဆင်း ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက် တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း ထောက်(၄)ယောက်က "The Girls on the Bus"ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ် ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ...
6.6
TMDb: 6.6/10 1200 votes
tv

The Girls on the Bus (2024)

2024
Dead Boy Detectives (2024) 7.264
Dead Boy Detectives (2024)   DC Fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့ နောက်ထပ် Series တစ်ခု ဖြစ်တဲ့ Dead Boy Detectives ...The Sandman နဲ့ Timeline တစ်ခုတည်းဖြစ်ပြီး Neil Gaiman ရဲ့ Dead Boy Detectives Comics ရဲ့ LA version လည်းဖြစ်ပါတယ် Netflix ကထုတ်တာဖြစ်ပြီး rating 7.3 နဲ့ ကောင်းတဲ့အထဲပါတယ် ...Episode 1 နဲ့တင်တော်တော်လေးမိုက်ပါတယ်1900 ခုနှစ်‌ထဲက သေဆုံးခဲ့ အက်၀င်နဲ့ ချားစ်ဆိုတဲ့ ဝိဉာဉ် 2 ကောင်ဟာ ဘ၀မကူးဘဲ တမင်လူ့လောကမှာ ကျင်လည်ပြီး သေမင်းလာခေါ်ရင် ရှောင်တိမ်းကာ သဘာ၀လွန်အမှုတွေကို လိုက်လံဖြေရှင်းပေးနေပါတယ် ..တစ်နေ့ သူတို့ဘ၀ထဲကို ခရစ်စတယ်လို့ခေါ်တဲ့ နတ်ဆိုးပူးကပ်နေတဲ့ အကြားအမြင်‌ရ စိတ်တန်ခိုးရှင် ကောင်မလေးရောက်လာတဲ့အခါမှာတော့ စုံစမ်းစရာ အမှုတွေနဲ့ အန္တရာယ်စွန့်စားခန်းတွေပိုမိုများပြားလာပါတော့တယ် ။ File ...
7.264
TMDb: 7.264/10 36 votes
tv

Dead Boy Detectives (2024)

2024
Found (2023) 7.333
Found (2023)  ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။ ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်းဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုကဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကိုထောက်ပြထားတာပါ။ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီးအမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelကရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးနာမည်ကြီး Paranormal Activity ဇာတ်ကားမှာ မာရီဆိုးအဖြစ် လူသိများခဲ့တဲ့ ဂေဘရီရယ်ဝက်ချ်ကရှေ့နေ ဥပဒေပညာရှင် လေစီ အဖြစ် ပါဝင်ထားပါတယ်။ ဒီစီးရီးက အောက်တိုဘာ ...
7.333
TMDb: 7.333/10 3 votes
tv

Found (2023)

2023
Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
Riverdale Season 1+2+3+4+5+6+7(2017) 8.5
Riverdale Season 1+2+3+4+5+6+7(2017) ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ...ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ...ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ...အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ ...
8.5
TMDb: 8.5/10 13005 votes
tv

Riverdale Season 1+2+3+4+5+6+7(2017)

2017
Friends (2003) – Season 10 (Complete) 8.5
Friends (2003) – Season 10 (Complete) F.R.I.E.N.D.S (Season 10) ~ IMDb rating - 8.5/10 ~ချန်ဒလာ၊ မော်နီကာ၊ ရေချယ်လ်၊ ဖီဘီ၊ ဂျိုဝီ၊ ရော့စ် တို့နဲ့ နှုတ်ဆက်ရတော့မယ့် နောက်ဆုံးစီဆင်ရောက်လာပါပြီ။ ဒီခရီးဟာ နောက်ဆုံးတော့ ဆုံးခန်းတိုင်တော့မယ်ဆိုတာ လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။ ဒါပေမဲ့ ပြီးသွားလည်း ကိစ္စမရှိပါဘူး။ အစကနေ အဆုံးထိ ပြန်မာရသွန်ဖို့ ထိုက်တန်တဲ့ စီးရီးတစ်ခုပဲ မဟုတ်လား။ နောက်ဆုံးစီဆင်ဟာ ကျန်တဲ့ စီဆင်‌ထက် အပိုင်းနည်းပေမဲ့ တခြားစီဆင်တွေထက်ကို ရသမျိုးစုံ ပေးနိုင်ပါလိမ့်မယ်။ ခွီရရင်လည်း ပိုခွီရ၊ လွမ်းမောစရာတွေလည်း ပိုကြုံရ၊ မျက်ရည်ဝဲစရာတွေကလည်း ထိန်းမရနိုင်အောင် ဖြစ်ပါလိမ့်မယ်။ FRIENDS ဟာ ထူးထူးခြားခြားအနေနဲ့ Sitcom Series ထဲမှာ အကောင်းဆုံး Ending တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Sitcom တစ်ခုပါ။ ကျန်တဲ့စီးရီးတွေကတော့ အစပိုင်း ကောင်းပေမဲ့ အလယ်မှာ အီသွားတာမျိုး၊ အဆုံးကျ တက်သုတ်ရိုက် ...
8.5
TMDb: 8.5/10 5693 votes
tv

Friends (2003) – Season 10 (Complete)

1994
Friends (2002) – Season 09 (Complete) 8.5
Friends (2002) – Season 09 (Complete) F.R.I.E.N.D.S (Season 9)~ IMDb rating - 8.2/10 ~အရင်စီဆင်တွေမှာ Ross ဟာ သူ့သား Ben ကို Carol ဆီပဲ ပို့ထားခဲ့ရတဲ့အတွက် Ben အခန်းတွေဟာ နည်းတယ်လို့ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အခုစီဆင်မတော့ Emma လေးကို မွေးတဲ့သူဟာ Rachel လည်း ဖြစ်နေပြန်၊ တိုက်ခန်းမှာလည်း အတူနေကြပြန် ဆိုတော့ ကလေးမမွေးဖူးလို့ ကလေးမထိန်းတတ်တဲ့ ရေချယ်လ်နဲ့ အတွေ့အကြုံ ရှယ်ရှိပြီးသား ရော့စ်တို့ အဖြစ်ဟာ ရယ်လည်း ရယ်ရ၊ ကြည်နူးလည်း ကြည်နူးရပါိလိမ့်မယ်။ အမ်မာလေးကလည်း တအား ချစ်စရာကောင်းပါသေးတယ်။ အမ်မာလေးမွေးလာတော့ အန်တီ မော်နီကာလည်း ‌ကလေးပိုးထလာလို့ ချန်ဒလာခမျာ ကလေးတစ်ယောက် ဖန်တီးပေးရတာပေါ့။ ဒါမဲ့ ထုံးစံအတိုင်းပါပဲ။ ထင်ထားတဲ့အတိုင်း ဖြစ်ဖို့က ဘယ်လွယ်မလဲ။ စီဆင်ကိုးခုလုံးမှာ ဖီဘီ့ခမျာ ဘဲတွေ တစ်လှေကြီးနဲ့ဆိုတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ သူတကယ် ချစ်ခဲ့တာဆိုလို့ ...
8.5
TMDb: 8.5/10 5642 votes
tv

Friends (2002) – Season 09 (Complete)

1994
Friends (2001) – Season 08 (Complete) 8.5
Friends (2001) – Season 08 (Complete) F.R.I.E.N.D.S (Season 8) Complete~ IMDb Rating - 8.4/10 ~အရင်စီဆင်ကလည်း ထုံးစံအတိုင်းပဲ ကြည်နူးစရာအပြည့်နဲ့ ပြီးသွားပါတယ်။ ဒါပေမဲ့ တစ်ခုတော့ အားမလိုအားမရဖြစ်စေမဲ့ ဇာတ်တန်းလန်းကြီးနဲ့ သိမ်းသွားတာပေါ့။ ကိုယ်ဝန်ရှိနေတာ ဘယ်သူလို့ထင်ပါသလဲ။ တကယ်တမ်း သေချာတွေးကြည့်ရင် ဘယ်သူမှန်း အတော်လေးကို ရှင်းနေတာပဲမလား။ ဟုတ်ပါတယ် မိတ်ဆွေတို့ ထင်ထားတဲ့ တစ်ယောက်ပါပဲ။ ဒီစီဆင်ဟာ မော်နီကာရဲ့ ချန်ဒလာတို့ Mon-dler အတွဲရဲ့ အိမ်ထောင်ရေးခရီးကြမ်း ပေါက်တတ်ကရ ဇာတ်လမ်းတွေ အစပျိုးရာစီဆင်ဖြစ်သလို Joey ရဲ့ Character Development ကောင်းကောင်းကို တွေ့ရတော့မယ့် စီဆင်ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေအပေါ် ချစ်တဲ့၊ အနစ်နာခံလိုတဲ့ စိတ် အပြည့်နဲ့ပေါ့။ Joey ရဲ့ ဇာတ်ဟာ ဒီစီဆင်ကစပြီး ကြည့်တဲ့သူတွေပေါ် မူတည်ပြီး အတွေးစ နှစ်မျိုး ဝင်စေပါတယ်။ ဒီလို ဖြစ်စရာမလိုဘူး နဲ့ ဒီလိုက ...
8.5
TMDb: 8.5/10 5592 votes
tv

Friends (2001) – Season 08 (Complete)

1994
Friends (2000) – Season 07 (Complete) 8.5
Friends (2000) – Season 07 (Complete) F.R.I.E.N.D.S (Season 7) Complete~ IMDb rating - 8.3/10 ~Season 6 ဟာ အတော်လေးကို ကြည်နူးစရာကောင်းလောက်တဲ့ ဇာတ်သိမ်းလှလှလေးနဲ့ သိမ်းသွားတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီစီဆင်မှာလည်း ကြည်နူးကြရပါဦးမယ်။ ချန်ဒလာနဲ့ မော်နီကာရဲ့ Mon-dler အတွဲဟာ Sitcom Series တွေရဲ့ အကောင်းဆုံးအတွဲတွေထဲက တစ်တွဲစာရင်းထဲ ပါသင့်မပါသင့် ကျွန်တော် မပြောတတ်လှပေမဲ့ ကျွန်တော့်အတွက်တော့ ဒီအတွဲဟာ တကယ့်စံပြပါပဲ။ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း တစိုးတစမကျန် အကုန်နီးပါးသိတယ်။ တစ်ချိန်လုံး ချစ်ကြောင်းကြိုက်ကြောင်း ရိုမနေသလို တစ်ယောက်နဲ့တစ်‌ယောက် ဘာဟိတ်ဟန်မှမရှိ ပြောင်ပြောင်နောက်နောက် ရွဲ့လိုက်စောင်းလိုက်နဲ့ပါပဲ။ ဒီလို ပေါက်တတ်ကရ‌တွေ တစ်ချိန်လုံးဖြစ်နေတာတောင်မှ တစ်ချက်တစ်ချက် ရိုပြီး ထွက်လာတဲ့ ချန်ဒလာရဲ့ တော်ကီတွေဟာလည်း တကယ့်အနှစ်တွေပဲမဟုတ်လားဗျာ။ တကယ်တမ်း ဒီစီဆင်က အရင်စီဆင်တွေထက် Iconic Legendary Scenes ...
8.5
TMDb: 8.5/10 5507 votes
tv

Friends (2000) – Season 07 (Complete)

1994
Friends (1999) – Season 06 (Complete) 8.4
Friends (1999) – Season 06 (Complete) F.R.I.E.N.D.S (Season 6) ~~~~~~~~~~~~~~~ ~ IMDb Rating - 8.5/10 ~Season 5 ရဲ့နောက်ဆုံးပိုင်း Las Vegas မှာ မစ္စတာရေချယ်နဲ့ မစ္စရော့စ်တို့ နှစ်ယောက်သား ဘယ်လိုဖြစ်သွားလဲ ဆက်ကြည့်ချင်ကြမယ်ထင်ပါတယ်။ အဲဒီအတွက် Season 6 အမြန်ဆုံး ပြန်လာပါပြီ။ S5 ဟာ Friends ရဲ့ စီဆင်တွေအကုန်လုံးထဲ လူကြိုက်အများဆုံး၊ အရီရဆုံးလို့ ပြောရတယ်ဆိုရင် ခု Season 6 ဟာလည်း Friends ရဲ့ အမှတ်ရစရာအကောင်းဆုံး အပိုင်းတွေ၊ နောင် ဘယ်ချိန်ပြန်ကြည့်ကြည့် ခွီနေရမယ့် အပိုင်းတွေပါတဲ့ စီဆင်တစ်ခုပါပဲ။ အဲဒါတင်မကသေးဘဲ ကြည်နူးပီတိဖြစ်ပြီး မျက်ရည်ဝဲမိမယ့် စီဆင်တစ်ခုဆိုလည်း မမှားပါဘူး။ တစ်ချိန်တည်းမှာပဲ အူတက်လို့လည်း မျက်ရည်ဝဲနေနိုင်တာပေါ့လေ။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ တစ်ခါတစ်ခါ ပေါ်ပေါ်လာတတ်ကြတဲ့ Cameo အပိုင်းတွေထဲ ဒီစီဆင်မှာ ပေါ်ချလာပြီး ရုပ်တည်ကြီးနဲ့ ...
8.4
TMDb: 8.4/10 5432 votes
tv

Friends (1999) – Season 06 (Complete)

1999
Friends (1998) – Season 05 (Complete) 8.4
Friends (1998) – Season 05 (Complete) F.R.I.E.N.D.S (Season 5 Complete) ================= IMDB Rating - 8.7/10Sit-com တွေထဲမှာ ထိပ်တန်းစာရင်းဝင်တဲ့ ဒီ FRIENDS စီးရီးရဲ့ စီဆင်ဆယ်ခုလုံးမှာ တစ်ကမ္ဘာလုံးက ဖရန့်ဖန်တွေ အကုန်နီးပါး တညီတညွတ်တည်းလက်ခံထားကြတဲ့ အမှန်တရားတစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့... "Season 5 က အကောင်းဆုံး စီဆင်တစ်ခုပါ" တဲ့။အကောင်းဆုံးဖြစ်ရဖို့ကလည်း တကယ့်ကို ရသမျိုးစုံနဲ့ Character Development မျိုးစုံပေးသွားခဲ့တဲ့ စီဆင်တစ်ခုပါပဲ။ Ross ကြီး Emily နဲ့ လက်ထပ်ပွဲမှာ Rachel ရဲ့ နာမည် မှားပြောတာကနေစပြီး Phoebe တစ်ယောက် သူ့မောင်ရဲ့ကလေး သုံးမြွှာပူးကို မွေးပေးလိုက်ရတာအပြင် ဖန်တွေရဲ့ အကြိုက်ဆုံး အတွဲလေးဖြစ်တဲ့ Mondler အတွဲခမျာ သူတို့တွဲနေတာ လူမသိသူမသိ ခိုးတွဲနေရတာအဆုံး တကယ့်ကို တသောသော စခွီထနေရမယ့် စီဆင်ပါပဲ။ FRIENDS Reunion မှာ Script ...
8.4
TMDb: 8.4/10 5239 votes
tv

Friends (1998) – Season 05 (Complete)

1998
Friends (1997) – Season 04 (Complete) 8.9
Friends (1997) – Season 04 (Complete) F.R.I.E.N.D.S =========== IMDb Rating - 8.9 / 10Sit-com လောကမှာအကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ လုံးဝလက်လွှတ်မရတဲ့ Sit-com ဟာ ဘာလဲဆိုရင် လူတိုင်းနီးပါး လက်ညိုးထိုးကြမှာ Friends စီးရီးပါပဲ။ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပဲ။ နယူးယော့ခ်မြို့မှာနေတဲ့ သူငယ်ချင်းခြောက်ယောက်ရဲ့ ဇာတ်ကြောင်းကို အချိန်နဲ့တင်ဆက်ပြသွားတာပါပဲ။ ဒါပေမယ့် ဒီစီးရီးကို ဘာတွေက Unique ဖြစ်စေလဲဆိုတာကတော့ ပြောရရင် အများကြီးပါပဲ။ ပထမဆုံးအနေနဲ့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းပြောကြည့်ပါမယ်။Ross ဟာ မထင်ရင် မထင်သလို တလွဲတွေလုပ်မိတတ်တဲ့သူမျိုး။ ပညာတတ် ဒေါက်တာဘွဲ့ရပေမယ့် သူရထားတဲ့ဒေါက်တာဘွဲ့ကို သူ့သူငယ်ချင်းတွေက အဖက်မလုပ်ဘူး မယုံဘူး။ခင်ဗျားတို့အနေနဲ့ ဒီစီးရီးကို စစကြည့်ချင်း ရယ်ရမှာကိုက Ross ရဲ့ အဖြစ်နဲ့စမှာ။ Lesbian ကို လက်ထပ်မိတဲ့ကောင်ဇိုးလေးပေါ့။နောက် Monica။ Ross ရဲ့ ညီမ။ ဇီဇာကြောင်တယ်။ အသန့်ကြိုက်တယ်။ သူ ဒါဆိုရင် ဒါလုပ်မှ ...
8.9
TMDb: 8.9/10 887000 votes
tv

Friends (1997) – Season 04 (Complete)

1997
Friends (1996) – Season 03 (Complete) 8.9
Friends (1996) – Season 03 (Complete) F.R.I.E.N.D.S =========== IMDb Rating - 8.9 / 10Sit-com လောကမှာအကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ လုံးဝလက်လွှတ်မရတဲ့ Sit-com ဟာ ဘာလဲဆိုရင် လူတိုင်းနီးပါး လက်ညိုးထိုးကြမှာ Friends စီးရီးပါပဲ။ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပဲ။ နယူးယော့ခ်မြို့မှာနေတဲ့ သူငယ်ချင်းခြောက်ယောက်ရဲ့ ဇာတ်ကြောင်းကို အချိန်နဲ့တင်ဆက်ပြသွားတာပါပဲ။ ဒါပေမယ့် ဒီစီးရီးကို ဘာတွေက Unique ဖြစ်စေလဲဆိုတာကတော့ ပြောရရင် အများကြီးပါပဲ။ ပထမဆုံးအနေနဲ့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းပြောကြည့်ပါမယ်။Ross ဟာ မထင်ရင် မထင်သလို တလွဲတွေလုပ်မိတတ်တဲ့သူမျိုး။ ပညာတတ် ဒေါက်တာဘွဲ့ရပေမယ့် သူရထားတဲ့ဒေါက်တာဘွဲ့ကို သူ့သူငယ်ချင်းတွေက အဖက်မလုပ်ဘူး မယုံဘူး။ခင်ဗျားတို့အနေနဲ့ ဒီစီးရီးကို စစကြည့်ချင်း ရယ်ရမှာကိုက Ross ရဲ့ အဖြစ်နဲ့စမှာ။ Lesbian ကို လက်ထပ်မိတဲ့ကောင်ဇိုးလေးပေါ့။နောက် Monica။ Ross ရဲ့ ညီမ။ ဇီဇာကြောင်တယ်။ အသန့်ကြိုက်တယ်။ သူ ဒါဆိုရင် ဒါလုပ်မှ ...
8.9
TMDb: 8.9/10 822,076 votes
tv

Friends (1996) – Season 03 (Complete)

1996