Channel Myanmar

Lionsgate Television

Criminal Minds Season 18 8.3
Criminal Minds Season 18 Criminal Minds: Evolution Season 18 imdb 8.1/230k"Criminal Minds: Evolution" Season 18ကိုတော့ မေလ၈ရက်နေ့ကမှ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး စုစုပေါင်း၁၀ပိုင်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်းကမ်းခြေတစ်လျှောက် အလောင်းတွေ တစ်‌လောင်းပြီး တစ်လောင်းပေါ်လာတဲ့အချိန်မှာတော့ စဉ်းစားစရာတိုက်ဆိုင်မှုလို့ ထင်မြင်လာကြပါတယ်...ပုံစံကလဲ ကွင်းဆက်လူသတ်သမားပုံစံဖြစ်တာကြောင့် BAUအဖွဲ့ကလဲ ဒီအမှုကို စိတ်ဝင်စားလာပြီး ပါဝင်စုံစမ်းကြတဲ့အခါ.........စိတ်ပညာနဲ့ မှုခင်းပညာရပ်ကို ပေါင်းစပ်ပြီး တင်ဆက်ထားတဲ့ စီးရီးတခုဖြစ်ပြီး ရသရော သုတရော ရရှိနိုင်တဲ့စီးရီးဖြစ်တာကြောင့် တင်ဆင်ပေးလိုက်ရပါတယ်File Size –800 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –48minute (@Episode)Total Episodes:10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, MysteryTranslator – CaraEncoder – YK  Episode 1 - Yoteshin | Gdtot | Megaup | Streamsb Episode ...
8.3
TMDb: 8.3/10 3824 votes
tv

Criminal Minds Season 18

2005
Power Book III: Raising Kanan (2025) Season 4 8.3
Power Book III: Raising Kanan (2025) Season 4 Power Book III: Raising Kanan Season 4 (2025) IMDb - 7.7/10Courtney A. Kempရဲ့ Powerစီးရီးတွဲတွေထဲက အမေရိကန်ရပ်ပါ 50 Centရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Kananရဲ့ ငယ်ဘ၀ဇာတ်ကြောင်းပေါ့။ ထုံးစံအတိုင်း ရာဇဝတ်မှု၊ မိသားစု၊ အာဏာနဲ့ သစ္စာစောင့်သိမှုတွေကိုဗဟိုပြုထားတဲ့ ပါဝါစီးရီးတွဲတွေရဲ့အနှစ်သာရကို ခံစားရမှာပါပဲ။ပညာရေးမှာထူးချွန်တဲ့ ကေနန်တစ်ယောက် မိခင်ဖြစ်သူရဲ့ မူးယစ်ဆေးလောကထဲကို တဖြည်းဖြည်းရောက်ရှိလာခဲ့တယ်။ ပြိုင်ဘက်ဂိုဏ်းတွေနဲ့ ယှဉ်ပြိုင်ရတာတွေ၊ မိသားစုပြဿနာတွေရယ် နောင်တရစရာလုပ်ရပ်တွေရယ်နဲ့ ကေနန်တစ်ယောက် ရုန်းထွက်လို့မရဖြစ်လာခဲ့ရော။မိခင်ဖြစ်သူနဲ့ ခွာပြဲပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုထူထောင်ဖို့၊ တရားဥပဒေနဲ့ ရင်ဆိုင်ဖို့တွေရယ်နဲ့ ရင့်ကျက်လာတဲ့ ကေနန်ရဲ့ မူးယစ်ဆေးနယ်ပယ်ကြီးထဲမှာ ကြီးစိုးကျင်လည်ပုံကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်။)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB DLDuration –60 minute (@Episode)Total Episodes:10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, CrimeTranslator – VEncoder – YK  Episode ...
8.3
TMDb: 8.3/10 168 votes
tv

Power Book III: Raising Kanan (2025) Season 4

2021
The Studio (2025) 7.4
The Studio (2025)  The Studio (2025)IMDb Rating (8.1) / Rotten Tomatoes (95%) ဟာသသရုပ်ဆောင် Seth Rogen ကိုယ်တိုင်ဖန်တီးရိုက်ကူးထားတဲ့ ဒီစီးရီးက ဟောလီးဝုဒ်ရဲ့ စီးပွားရေးဆန်လာတဲ့ အခြေအနေတွေကို လှောင်ထားတဲ့ စီးရီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း‘မက်ရမ်မစ်’ဆိုတဲ့ စီမံခန့်ခွဲသူက သူ ဆယ်စုနှစ် ၂ ခုစာလောက် အလုပ်လုပ်လာတဲ့ ‘ကွန်တီနန်တယ်စတူဒီယို’ရဲ့ အမှုဆောင်ဦးစီးအဖြစ် ရာထူးတက်သွားတယ်။ရာထူးတက်သွားပြီဆိုတာနဲ့ သူက ဘယ်လိုမျိုးအနုပညာလက်ရာတွေကို ချပြမှာ၊ ဘယ်လိုကားကောင်းတွေကိုပဲ ထုတ်မှာ ဘာညာသာရကာဆိုပြီး ကြွားလုံးထုတ်တော့တာပါပဲ။တကယ်တော့ သူအဲ့ရာထူးရလာတာကိုက Barbie ရုပ်ရှင်လိုမျိုး Kool-Aid အချိုရည်ကို ဘရန်းကြော်ငြာတဲ့ရုပ်ရှင်တစ်ကား ရိုက်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ရာထူးတက်လာတာ။ရုံတင်ဝင်ငွေကောင်းတဲ့ရုပ်ရှင်ကားကိုရိုက်မလား၊ အော်စကာတွေ ပတ်သိမ်းမယ့်ဂန္တဝင်ရုပ်ရှင်ကားကို ရိုက်မလားလို့ သူ့ကိုလာမေးရင် သူက နှစ်ခုလုံးကို ရအောင်လုပ်ပြချင်တာပါတဲ့။သူ့ရဲ့ စိတ်ကူးအိပ်မက်တွေက တခြား၊ တကယ်လက်တွေ့လုပ်နေရတာတွေက တခြားနဲ့ မက်တစ်ယောက် ဘယ်လိုမျိုး အလွဲတွေကို ရင်ဆိုင်ရမလဲဆိုတာကို ရယ်မောဖွယ် မြင်တွေ့ရမှာ ...
7.4
TMDb: 7.4/10 38 votes
tv

The Studio (2025)

2025
House of David (2025) 8.2
House of David (2025)  House of David (2025)IMDb Rating (7.0) / Rotten Tomatoes (71%) ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၂၅ မှာ ပူပူနွေးနွေး ထွက်ရှိထားပြီးတော့ ခရစ်ယာန်ကျမ်းစာထဲက အစ္စရေးနဲ့ ဂျူးဒက်က ဒုတိယမျိုးဆက် ရှေးဟောင်းဘုရင်တစ်ပါးဖြစ်တဲ့ ဒေးဗစ်အကြောင်းကို historical fiction အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအကျဉ်းဆမ်မြူရယ်ဟာ ဘုရားသခင်ရဲ့စကားကို ကြားသိခွင့်ရပြီး လူသားတွေကို ပြန်လည်မျှဝေရတဲ့ ရှေ့ဖြစ်ဟောသူပါ။တစ်နေ့မှာတော့ ဘုရားသခင်က ရှေ့ဖြစ်ဟောသူ ဆမ်မြူရယ်ကို ဘင်ဂျမင်မျိုးနွယ်စုရဲ့ ဆောလ်ကို ဘုရင်အဖြစ် ဘိသိက်မြှောက်ပေးပြီး မင်းကျင့်ဝတ်နဲ့အညီ အုပ်ချုပ်စေဖို့ စေခိုင်းခဲ့ပါတယ်။ဒါကြောင့် ဆမ်မြူရယ်ဟာ ဆောလ်ကို မင်းပြုပေးခဲ့ပြီး ဆောလ်ဘုရင်က ပထမဆုံးမင်းဆက်ဖြစ်လာကာ ဘုရားသခင်အလိုတော်အရ တကွဲတပြားဖြစ်နေတဲ့မျိုးနွယ်စုတွေကို လိုက်လံပေါင်းစည်းကာ တိုင်းပြည်ကြီးဖြစ်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။ဒါပေမဲ့ အာဏာနဲ့ အခြွေအရံနောက်လိုက်အပေါင်းအပါ ပေါများလာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်အလိုတော်ကိုဆန့်ကျင်ပြီး သူ့စိတ်တိုင်းကျ ခြယ်လှယ်စိုးမိုးပါတော့တယ်။ဒီလိုနဲ့ မင်းကျင့်ဝတ်နဲ့ သွေဖယ်လာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်ရဲ့ ...
8.2
TMDb: 8.2/10 5 votes
tv

House of David (2025)

2025
Power Book II: Ghost(2020) 8.37
Power Book II: Ghost(2020) Power Book II: Ghost Genre – Crime, Dramaအရှေ့က Power ဇာတ်လမ်းတွဲမှာတော့ Ghost လို့ခေါ်တဲ့ James St. Patrick ရဲ့ မြေအောက်လောကကနေ တဖြည်းဖြည်းဆရာကျလာတဲ့အကြောင်းကို တင်ဆက်ထားပြီး နောက်ဆုံးပိုင်းမှာ သူ့ရဲ့ သေဆုံးမှုကနေ ဒီ Power Book II က တိုက်ရိုက်ဆက်ထားတာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့သားဖြစ်သူ Tariq St. Patrick အကြောင်းကို ဗဟိုပြုပြီး တင်ဆက်ထားတာပါ။ ဖခင်သေဆုံးမှုအတွက် အမေဖြစ်သူ ဖမ်းခံရပြီး တရားရင်ဆိုင်နေတဲ့အချိန် Tariq တစ်ယောက် ကောလိပ်တက်ရင်းနဲ့ မိခင်ဖြစ်သူကို ကယ်ဆယ်နိုင်ဖို့ ဥပဒေဘောင်မဲ့ထဲကနေ ဘယ်လိုတွေ ကြိုးပမ်းမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း အဆောင်ဖော်တစ်ယောက်ကြောင့် တခြား မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ ခင်မင်သွားပြီး တွဲလုပ်ဖို့ ဖြစ်လာကာ ဘယ်လို အရှုပ်တွေကြားထဲ ရောက်သွားဦးမလဲ ဖအေ့ခြေရာကို နင်းမလား သူ့ထက်ကျော်မလားဆိုတာတော့ မြေအောက်လောကဂိုဏ်းတွေနဲ့ ကောလိပ်ကြား ဗျာများရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…. ရှုစားကြကုန်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)File ...
8.37
TMDb: 8.37/10 301 votes
tv

Power Book II: Ghost(2020)

2020
The Serpent Queen (2024) Season 2 7.658
The Serpent Queen (2024) Season 2 Season 2 Ep 1 to 8 [ စ / ဆုံး ] ဒီ Series ကတော့ 2022 က ထွက်ရှိခဲ့တဲ့ နိုင်ငံတကာမှာလူကြိုက်များခဲ့တဲ့ Synopsys of The Serpent Queen ရဲ့အဆက် Season 2 ဖြစ်ပါတယ်။Season 1 မှာတော့ ကတ်သရင်းတစ်ယောက် ပြင်သစ်နန်းတော်ထဲကိုရောက်လာပြီးနောက် ထီးနန်းအုပ်စိုးခဲ့တာဖြစ်ပြီး အခု Season 2မှာတော့ သူ့ရဲ့သား ချား ဘုရင် ၉ ကို ထီးနန်းလွှဲအပ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာမဲ့ ၁၆ ရာစု ဥရောပနိုင်ငံတွေရဲ့ အာဏာအားပြိုင်မှု‌တွေ၊နန်းတွင်း နဲ့ နိုင်ငံရေး၊ ဘာသာရေး အရှုပ်အထွေးတွေကို ဆက်လက်ရှုစားကြရမှာပါ။Historical Drama အမျိုးအစားဖြစ်လို့ သမိုင်းကြောင်း၊ဘာသာရေး၊ အချစ်ရေး၊ မိသားစုရေးရာ စသဖြင့် Seriesတစ်ခုတည်းမှာတင် အကြောင်းအရာမျိုးစုံကို တဝကြီးကြည့်ရှုကြရမှာပါ။  File Size – ...
7.658
TMDb: 7.658/10 100 votes
tv

The Serpent Queen (2024) Season 2

2024
Queenie (2024) 3
Queenie (2024) Queenie (2024) Genre – Drama IMDB – 6.5Hulu ကနေ အသစ်ထွက်ရှိလာတဲ့ ၈ ပိုင်းပါ English ဟာသဒရမ်မာ စီးရီးလေး ဖြစ်ပါတယ်။ လန်ဒန်တောင်ပိုင်းမှာ နေပြီး သတင်းစာတိုက်မှာ ဆိုရှယ်မီဒီယာပိုင်း လက်ထောက်လုပ်နေတဲ့ ၂၅ နှစ်အရွယ် ဂျမေကန်အင်္ဂလိပ် လူမည်းမလေး ကွင်းနီဟာ လူဖြူကောင်လေးနဲ့ တွဲနေခဲ့တာ ၃ နှစ်ကျော် ရှိပါပြီ။လူဖြူ လူမည်းဖြစ်နေတဲ့အတွက် မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကြား အသားကျအောင် ကြိုးစားရုန်းကန်ရင်း မနည်း တွဲနေကြရတာပေါ့။ သမီးဆက်ဆံရေးမှာတင် မကပဲ လုပ်ငန်းခွင်မှာလည်း ဒီလို လူဖြူလူမည်း ပြဿနာတွေ ဖြေရှင်းနေရတဲ့လူပါပဲ။ ဒီလိုနဲ့ အမေဖြစ်သူနဲ့ စကားမပြော ကိုယ့်အမျိုးတွေဖက်မှာလည်း အံဝင်ခွင်ကျ မဖြစ်နေတဲ့ ကွင်းနီတစ်ယောက် ချစ်သူဖြစ်သူ လူဖြူကောင်လေးနဲ့ တွဲလို့ သူတို့ဖက်မှာလည်း အံဝင်ခွင်ကျ ဖြစ်မလားဆိုတော့ ဖြစ်မလာတဲ့အပြင် ပြဿာတွေပါ ပိုဆိုးလာတဲ့အတွက် ၂၅ နှစ်ကျော် ဘဝပြဿနာတွေ ရင်ဆိုင်ရပြီး ရိုးရာယဉ်ကျေးမှု နှစ်ခုကြား ဒွန်တွဲဒုက္ခတွေဝေရတဲ့ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ ...
3
TMDb: 3/10 4 votes
tv

Queenie (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
Manhunt (2024) 7
Manhunt (2024)  လွတ်မြောက်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး အေဗရာဟမ် လင်ကွန်း လုပ်ကြံသတ်ဖြတ်ခံရတာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ လင်ကွန်း သမ္မတအဖြစ်အပ်နှင်းခံရပြီး မကြာခင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခါ တရားခံအဖြစ် တစ်ထချ ယူဆရတဲ့ ပြဇာတ်သရုပ်ဆောင် ဂျွန်ဝိတ်ဘုသ်ကို သမ္မတကြီးလင်ကွန်း ယုံကြည်အားကိုးရတဲ့ အတွင်းရေးမှူး အက်ဒဝင် စတန်တွန်က ၁၂ ရက်တာ သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံ လိုက်လံစုံစမ်းပြီး ရှာပုံတော်ထွက်တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ သမိုင်းပညာပေးအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် လူဖြူ လူမဲခွဲခြားဆက်ဆံခံရတဲ့ခေတ်၊ ကျွန်စနစ်၊ သမ္မတ လင်ကွန်းယူဆောင်လာပေးတဲ့ လူမဲလွတ်လပ်ခွင့်၊ လင်ကွန်းသေဆုံးသွားတဲ့အခါ မျှော်လင့်ချက်ရောင်ခြည်လေး မှေးမှိန်လာမှု၊ တန်းတူညီမျှမှုရှိတဲ့ ခေတ်သစ်ကိုပြောင်းလဲဖော်ဆောင်လိုတာ၊ လူမဲတွေကို နှိပ်ကွပ်ထားတဲ့ ကျွန်စနစ်မဖျက်သိမ်းစေလိုတာ အစရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားပြိုင်မှု စတာတွေကို လုပ်ကြံသတ်ဖြတ်သူ တရားခံကို လိုက်လံဖမ်းဆီးနေတဲ့ဇာတ်အိမ်ကို အဓိကတည်ပြီး ရိုက်ကူးထားတာဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့အတွက် မျက်စိမနှေးဘဲ ...
7
TMDb: 7/10 14 votes
tv

Manhunt (2024)

2024
Hightown – Season (01), (02), (03) 6.8
Hightown – Season (01), (02), (03) Hightown - Season (01), (02), (03) ========================= IMDb Rating - 6.8/10နာမည်ကျော်မင်းသမီး Monica Raymund တစ်ယောက် Best Actress Award ဆုရရှိခဲ့တဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ Season 3 ခု အထိ ထွက်ရှိထားပြီ ဖြစ်ပြီး CM မှ ဆက်တိုက် တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း - ဂျက်ကီက အမျိုးသားရေကြောင်းငါးလုပ်ငန်းက အထူးအေးဂျင့် တစ်ယောက်ပါ။ ရာထူးရာခံရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ပီတောင်းလို လောကီအာရုံကာမဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ ငါးဖမ်းလှေတွေဆီက ဆက်ကြေးတောင်းလိုက် ရတဲ့ပိုက်ဆံနဲ့ အရက် သောက်လိုက် စော်ရှုပ်လိုက်နဲ့ လုပ်နေတတ်တဲ့ လက်ဖက်ဆီပြန် အရာရှိမလေးတစ်ယောက်ပေါ့။ရေပြင်လို တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ခဲတစ်လုံးကျစေခဲ့တာကတော့ ရှယ်ရီဆိုတဲ့ ကောင်မလေး အသတ်ခံရတဲ့အမှုပါပဲ။ အရုဏ်တက်ချိန်မှာ စော်လေးတစ်ယောက်နဲ့ လင်ဗန်းချင်းရိုက်ပြီး ပြန်လာတဲ့ ဂျက်ကီတစ်ယောက် ကမ်းခြေမှာ သောင်လာတင်နေတဲ့ ရှယ်ရီ့ရဲ့ အလောင်းကို တွေ့လိုက်ရပြီး အရေးပါတဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရှယ်ရီ အသတ်ခံရတာကလည်း သာမန်လူသတ်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ဂိုဏ်းကြီးတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ...
6.8
TMDb: 6.8/10 5900 votes
tv

Hightown – Season (01), (02), (03)

2020
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
Power Book IV: Force (2023) Season 2 8.422
Power Book IV: Force (2023) Season 2 CM ပရိသတ်ကြီးတို့ကို ဒီတစ်ခါမှာတော့ American crime series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Series ရဲ့နာမည်ကတော့ Power Book IV : Force ဖြစ်ပြီးတော့ ဒီတစ်ခါတင်ဆက်ပေးမှာက Season 2 ပါ။ IMDb rating 8.1/10 နဲ့ Rotten tomatoes 100% ရရှိထားတဲ့ series ဖြစ်တာမလို့ မကောင်းမှာကို စိတ်ပူစရာမလိုပါဘူး။ ဒီ series က Courtney A. Kemp ဖန်တီးခဲ့တဲ့ Power series ရဲ့ sequel ဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ တွမ်မီက နယူးယောက်ခ်က ထွက်လာပြီးနောက် ချီကာဂိုကို ရောက်လာတယ်။ သူက မူးယစ်ဆေးအရောင်းအဝယ်ထဲ ပါဝင်ပတ်သက်မိရာကနေ ဘိန်းရာဇာဖြစ်လာဖို့ ဆုံးဖြတ်လိုက်ရင်း နယ်မြေအတွင်းက ဂိုဏ်းကို ဝင်ထိန်းချုပ်လိုက်ပါတယ်။တွမ်မီက မြို့မှာရှိတဲ့ လူဆိုးတွေနဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေ အပါအဝင် ...
8.422
TMDb: 8.422/10 102 votes
tv

Power Book IV: Force (2023) Season 2

2022
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Minx Season 1 + 2 7.9
Minx Season 1 + 2 Season 1HBO Maxက ထွက်ထားတဲ့ ဒီ Minxဆိုတဲ့ seriesဟာ အခုလိုအိုင်ဒီယာခပ်ဆန်း​ဆန်းနဲ့ ထုတ်​ထားတဲ့ Eroticမဂ္ဂဇင်းMinxဟာဒီ​​​နေ့​ခေတ်​လောက် လိင်ကိစ္စအ​ပေါ်ပွင့်လင်းမှုမရှိ​သေးတဲ့၊ ဖိုဝါဒီအင်မတန်စိုးမိုး​နေ​တဲ့ အ​မေရိကန်နိုင်ငံမှာ ဘယ်လို ခက်ခက်ခဲခဲရပ်တည်သွားမလဲ၊ Sexနဲ့ Policyတွဲ​နေတဲ့ မဂ္ဂဇင်းတစ်အုပ်က​​နေဂျွိုက်စ်တစ်​ယောက် သူချပြချင်တဲ့ မက်​​ဆေ့ဂျ်ကို ​အောင်မြင်စွာ​ဖော်ထုတ်ပြနိုင်မလားဆိုတာကို အရွှန်း​ဖောက်ကြည့်ရှုရမှာပါ၊သတိ​ပေးလိုတာကTV-MA seriesဖြစ်သလို ဇာတ်လမ်းသ​ဘောကိုက18+ ဆန်တာမို့လို့ 18+ပြကွက်​တွေကို ဗွင်းဗွင်းရှင်းရှင်း၊ကွက်ကွက်ကွင်းကွင်း မြင်ရကြားရမှာ အ​သေအချာပါပဲ၊ ဟာသကားဟဲ့လို့ မိသားစုနဲ့အတူသွားကြည့်ရင်​​​​တော့ ငါးပါး​​မှောက်မှာ​အ​သေအချာပါပဲ၊ ၁၉၇၀ပြည့်နှစ် မဟာ့မဟာပုရိသဝါဒီ​တွေ အ​တော်အမြစ်တွယ်​နေ​သေးတဲ့အချိန် ဂျွိုက်စ်ပရစ်ဂါဆိုတဲ့ ကညာတစ်​ယောက်ကကျား/မ အခွင့်အ​​ရေးတန်းတူရရှိမှု၊ တန်းတူတန်ဖိုးထားမှုတို့ကို​ဖော်ညွှန်း​ပေးတဲ့ Feminismဝါဒီကို "နှုတ်တစ်ရာ စာတစ်လုံး"ဆိုတဲ့အတိုင်း မဂ္ဂဇင်းထုတ်ကာ ဝါဒရိုက်သွင်း​ပေးချင်သူ​ပေါ့၊​လူ ငယ်ငယ် အကြံကြီးကြီး၊ ​ရှေးရိုးစွဲနဲ့ လူမျိုးကြီးစိတ် လွန်စွာပြင်းလှတဲ့ အဲဒီ​ခေတ်စာအုပ်ထုတ်​ဝေသူ အဘိုးကြီးများအကြားFeminismဆိုတဲ့စကားဟာ ​​ရေခမ်း​​တည်ထားတဲ့ ဆေးခါးကြီးထဲကြက်ဟင်းခါးမှုန့် ထည့်စပ်ထားသလို အင်မတန်အဝင်ဆိုးလှတာကိုး၊ ဒီလိုမျိုး ဣတ္တိယတို့အဖို့ ဝါဒဖြန့်ဖို့ လမ်းပျောက်​နေတဲ့ ဂျွိုက်စ်ဆီဆိုက်မြိုက်မြိုက်​ရောက်လာသူက ဒေါ့ဂ်၊ ...
7.9
TMDb: 7.9/10 9 votes
tv

Minx Season 1 + 2

2022
Heels Season 1 + 2 (2023) 7.6
Heels Season 1 + 2 (2023) ဒီ အပတ် Sunday လောက်မှာပဲArrow ဇတ်လမ်းတွဲ နှင့် လူသိများနာမည်ကြီး ခဲ့တဲ့ မင်းသား Stephen Amell ရဲ့ဇတ်လမ်းတွဲ အသစ် Heels အပိုင်း ၁ စတင်ထွက်ရှိခဲ့ပါတယ်....WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူKing Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက်DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ်နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါDWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင်ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ်ညီဖြစ်သူ Ace ...
7.6
TMDb: 7.6/10 11 votes
tv

Heels Season 1 + 2 (2023)

2021
Love & Death (2023) Complete 8.3
Love & Death (2023) Complete Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~  (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး)  ကြက်‌သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့‌လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ ...
8.3
TMDb: 8.3/10 7 votes
tv

Love & Death (2023) Complete

2023
Dangerous Liaisons (2022) 7.4
Dangerous Liaisons (2022) Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb: 7.4/10 7 votes
tv

Dangerous Liaisons (2022)

2022