Channel Myanmar

Bildundtonfabrik

How to Sell Drugs Online (Fast) (2025) Season 4 8
How to Sell Drugs Online (Fast) (2025) Season 4 Season 4အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံးလူငယ်တွေတော်တော်များများကြိုက်ကြတဲ့ Netflix Seriesတွေထဲက IMDb Rating 7.8 အထိရရှိထားတဲ့ နာမည်အဆန်းကြီးနဲ့ How to Sell Drugs Online (Fast) ရဲ့ Season 4 ကိုဆက်လက်တင်ဆက်ပေးလိုက်ပါပြီ။သိပြီးတဲ့လူတွေကတော့ ဇာတ်လမ်းအကြောင်းကို သိပြီးကြပြီဖြစ်လောက်ပေမဲ့ မကြည့်သေးရတဲ့လူတွေအတွက် အနည်းငယ်တော့အကျဉ်းချုပ်ပြောပြပေးပါ့မယ်။မိုရစ်ဇ်နဲ့ လန်နီဆိုတဲ့ ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်လုံးကကွန်ပြူတာဂျပိုးတွေဖြစ်ပြီး လူငယ်သဘာ၀ ပိုက်ဆံရဖို့နည်းလမ်းတွေစမ်းကြည့်ရာကနေ တော်တော်ကြီးတဲ့ လိုင်းပေါ်မှာမူးယစ်ဆေးတင်ရောင်းရတဲ့ ဝက်ဘ်ဆိုက်ဒ်ကြီးထောင်ခဲ့ကြပြီးအချိန်တန်တဲ့အခါမှာတော့ ရဲတွေသိသွားပြီး မိုရစ်ဇ်ကိုဖမ်းခဲ့ကြပါတော့တယ်။သူငယ်ချင်းဖြစ်သူကို အပါမခေါ်ဘဲတစ်ယောက်တည်းထောင်ထဲဝင်သွားခဲ့တဲ့ မိုရစ်ဇ်အတွက်ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပေမဲ့ ၄ နှစ်ကြာတဲ့အခါမှာတော့ခြေချုပ်နဲ့ပြန်လွတ်လာပါတော့တယ်။သူပြန်လွတ်လာတဲ့အခါမှာတော့ ကမ္ဘာကြီးက တော်တော်ပြောင်းလဲနေပြီးသူငယ်ချင်းတွေကလည်း အသီးသီး ဘ၀ကိုယ်စီရှိနေကြပါပြီ။သူ့အချစ်ဆုံးသူငယ်ချင်းလန်နီကလည်း သားနဲ့မယားနဲ့ဖြစ်နေပြီးတခြားသူငယ်ချင်းဖြစ်တဲ့ ဒန်နီရယ်ကတော့ သူတို့နှစ်ယောက်ပေါင်းအကြံထုတ်ထားတဲ့ ဂိမ်မာတွေအတွက်အားဖြည့်အချိုရည်ကုမ္ပဏီကြီးရဲ့ CEO ဖြစ်နေပြီး ထောနေပါတော့တယ်။မိုရစ်ဇ်က အဲ့ဒီကိစ္စဒန်နီရယ်နဲ့ သွားရင်ဆိုင်တဲ့အခါမှာ ...
8
TMDb: 8/10 831 votes
tv

How to Sell Drugs Online (Fast) (2025) Season 4

2025
How to Sell Drugs Online (Fast)  Seaeon 3 (2021) 8.3
How to Sell Drugs Online (Fast) Seaeon 3 (2021) How to sell drugs online(Fast) ရဲ့ တတိယ Season လာပါပြီဗျာ။သူငယ်ချင်း လန်နီ ရဲ့ လက်စားချေမှုကြောင့် Website ပျက်သွားရတဲ့ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် MyDrugs ရဲ့ CEO မောရစ်ဇင်မာမန်းတစ်ယောက် တိုင်ပတ်နေပါတယ်။သူ့ကို ပစ္စည်းထောက်ပံ့နေတဲ့ ညီအစ်မကဖိအားပေးနေတဲ့အတွက် ကျောင်းကအပျော်ခရီးထွက်တာတောင် မပျော်နိုင်ဘဲ သူ့ရဲ့ Website ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။ဒါပေမဲ့ လန်နီမပါတဲ့ MyDrugs ကတော့ အဆင်မပြေပါဘူး။ဖိအားတွေကြားထဲမှာ လန်နီနဲ့အဆင်ပြေအောင်လုပ်နိုင်ဖို့ရယ် MyDrugs ရဲ့ရုပ်သေး CEO ဘဝကနေ အမှန်တကယ် CEO ဖြစ်ဖို့အတွက် ကြိုးစားနေရပါတယ်။ဒါပေမဲ့ အခြေအနေတွေဘယ်လောက်ဆိုးဆိုး မောရစ်ဇင်မာမန်းမှာ အမြဲတမ်း အစီအစဉ်ရှိတယ်လေ။ဒီ Season ကလည်း အရင် Season ...
8.3
TMDb: 8.3/10 350 votes
tv

How to Sell Drugs Online (Fast) Seaeon 3 (2021)

2019
How to Sell Drugs Online (Fast)(2019/2020)[ စ /  ဆုံး] 8.1
How to Sell Drugs Online (Fast)(2019/2020)[ စ / ဆုံး] How to Sell Drugs Online (Fast)(2019/2020)Season 1 and Season 2 [ စ / ဆုံး]IMDb.....8.1အပိုင်း ( ၁ မှ ၁၂) အထိဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ... Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံအနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်... ...
8.1
TMDb: 8.1/10 14 votes
tv

How to Sell Drugs Online (Fast)(2019/2020)[ စ / ဆုံး]

2019