Channel Myanmar

Thriller

Love, Death & Robots (2019-2025) Complete 8.2
Love, Death & Robots (2019-2025) Complete   Love, Death & Robots (2019-2025)IMDb Rating (8.4) / Rotten Tomatoes (86%) ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ...ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ...အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့....စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့...ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ...လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ...ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်း၊ အခု 2025 မှာ ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots (2019-2025) Complete

2019
Shark 2: The Storm (2025) [Complete] 8.9
Shark 2: The Storm (2025) [Complete] Shark 2: The Storm (2025)**************************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး 2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကိုပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီးKim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-Cha Woo-Sol (Kim Min-Suk) ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ထောင်ထွက်ဆိုတဲ့အမည်းစက်ရှိသော်လည်း နေ့စဥ်ဘဝကို လုံ့လဝီရိယရှိရှိနေထိုင်ရင်း ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်သင်ကြားနေသူပါ။တစ်နေ့မှာတော့ Hyun Woo-Yong(Lee Hyun-Wook) လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင်ကိုယ်ခံပညာပြိုင်ပွဲတွေကို ဦးစီးပြုလုပ်ပြီး ပျော်ပါးလေ့ရှိသူ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာCha Woo-Sol ရှေ့ကို အမှတ်မထင်ရောက်ရှိလာပြီး မပြိုင်ချင်တဲ့ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့အတွက်ခြိမ်းခြောက်ဖိအားပေးခြင်း ခံလိုက်ရတဲ့အခါမှာတော့ Cha ...
8.9
TMDb: 8.9/10 306 votes
tv

Shark 2: The Storm (2025) [Complete]

2025
Fake Profile S02 (2025) [Complete] 7.319
Fake Profile S02 (2025) [Complete] Fake Profile S02 (2025) *********************** အပိုင်း (၁ မှ ၁၀) စ/ဆုံး365 Days လိုမျိုး ကြမ်းကြမ်းတမ်းတမ်း ကိုလံဘီယာစီးရီးလေးဖြစ်တဲ့ Fake Profile ဟာဆိုရင် S2 ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ အရင် S1 မှာတုန်းက ပရိုဖိုင်အတုနဲ့ ပတ်ပြီးမွှေခဲ့သလိုမျိုးပဲ ယခု S2 မှာလည်း ပရိုဖိုင်အတုကိုသုံးပြီးတော့ ဘယ်လိုအရှုပ်တွေ ဖြစ်လာဦးမလဲ ကြည့်ရှုပေးကြပါဦး။ကာမီလာတစ်ယောက် မီဂဲလ်နဲ့ ကိစ္စတွေ ပြတ်သွားတဲ့နောက်မှာ ဒါဗီနဲ့ အကြောင်းပါပြီး လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ကာမီလာက ဒါဗီနဲ့ လက်ထပ်ခါနီးအချိန်မှာပဲ မီဂဲလ်ဟာ ကာမီလာရဲ့ရှေ့ကို ပြန်ပေါ်လာခဲ့ပြန်ပါတယ်။အဲဒီအပြင် အန်ဂျယ်လာကလည်း ထောင်ထဲကနေ နှစ်မပြည့်သေးဘဲ တရားဝင် လွတ်လာခဲ့ပါတော့တယ်။ကာမီလာတစ်ယောက် မင်္ဂလာဆောင်ခါနီးအချိန်လေးမှာ ဒီလိုမျိုး ဂယက်တွေ ထနေခဲ့တာနဲ့တင် မပြီးသေးပါဘူး၊ သူ့ပတ်ဝန်းကျင်ကလူတွေကြားထဲမှာ ပရိုဖိုင်အတုကို သုံးပြီးတော့ လိင်ဆက်ဆံကာ နှလုံးဖောက်ပြီးသေအောင်လိုက်သတ်နေတဲ့ လူသတ်သမားက ပေါ်လာပြန်ပါသေးတယ်။ဒီလိုနဲ့ ကာမီလာတစ်ယောက် မင်္ဂလာပွဲကို အောင်မြင်အောင် ကျင်းပနိုင်သွားမှာလား .....ပရိုဖိုင်အတုကို သုံးပြီး လိုက်သတ်နေတဲ့ လူသတ်သမားကရော ...
7.319
TMDb: 7.319/10 171 votes
tv

Fake Profile S02 (2025) [Complete]

2025
How to Cheat Death (2025) 9.714
How to Cheat Death (2025)   How to Cheat Death (2025)နက်ဖလစ်ထုတ် ဖိလစ်ပိုင် မီနီစီးရီးစ်အသစ်လေးပါ။လာရာနဲ့ မီဂယ်တို့ဟာ မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ဘ၀တွေ၊ လမ်းကြောင်းတွေဆီကလူငယ်နှစ်ဦးဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆို ဘယ်လိုမှနီးစပ်နိုင်စရာ ဆုံတွေ့နိုင်စရာမရှိတဲ့ သူတို့နှစ်ယောက်ဘ၀တွေဟာတစ်နေ့မှာတော့ထူးဆန်းစွာဆုံဆည်းဖို့ဖြစ်လာပါတော့တယ်။အဲ့ဒါကတော့ မိုးသည်းထန်တဲ့ညတစ်ညမှာ နှစ်ဦးလုံး ပြိုင်တူမိုးကြိုးပစ်ခံလိုက်ရပြီး ဆေးရုံတစ်ခုတည်းကို ရောက်သွားခဲ့ကြတာပါပဲ။ဆေးရုံရှေ့မှာ မတော်တဆဝင်တိုက်မိရင်း လူချင်းမခွာခင် သူတို့မျက်စိရှေ့က လူတစ်ယောက်ကို ကားတိုက်မိလုဆဲဆဲမြင်ကွင်းကိုမြင်မိတဲ့အတွက်ပြိုင်တူကယ်တင်လိုက်နိုင်ရာကနေလူတွေရဲ့သေဆုံးမှုတွေကို မဖြစ်ခင် ကြိုတင်မြင်နိုင်နေတာ သူတို့ကိုယ်သူတို့သတိထားမိသွားပါတော့တယ်။အဲ့ဒီအစွမ်းကိုအသုံးချပြီး လူတွေကိုကယ်တင်ရင်းကနေ အချင်းချင်းသံယောဇဉ်တွယ်လာသလို၊သေဆုံးဖို့ကံပါလာတဲ့ လူတွေကို မသိလိုက်ပဲကယ်တင်မိနေတဲ့လုပ်ရပ်တွေကြောင့် တစ်ဖက်က သဘာ၀တရားကြီးရဲ့အစီအစဉ်ကိုဝင်စွက်သလိုဖြစ်တဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်တွေကလည်း သူတို့နောက်ကိုထပ်ချပ်လိုက်လာတော့မှာဖြစ်ပါတယ်။ဒါတွေကို ဆယ်ကျော်သက်လူငယ်လေးတွေပဲရှိသေးတဲ့ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ရှုစားကြည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (500 MB) / (200 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 00:30:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
9.714
TMDb: 9.714/10 7 votes
tv

How to Cheat Death (2025)

2025
Scrublands (2023) 7.4
Scrublands (2023) Scrublands (2023) Completed Mini Series ဒီတစ်‌ခါတော့ ဩဇီ Crime Thriller အမျိုးအစား စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးခေါင်ရေကြီး ရာသီဥတုဖောက်ပြန်တာတွေ အမြဲကြုံတွေ့ရတဲ့ လူဦးရေကျိုးတို့ကျဲတဲနဲ့ ရေးဗားဆန်းဆိုတဲ့ မြို့လေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုအလိုက်အပြုံလိုက်လူသတ်မှုဖြစ်ခဲ့တာကနေ ဇာတ်လမ်းစပါတယ်။ သတ်တဲ့တရားခံကလည်း မြို့သားတွေ လေးစားချစ်ခင်တဲ့၊ မြို့အတွက်ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တဲ့ ဖာသာဆွစ်ဖ် ပါတဲ့။ ဘုရားကျောင်းရှေ့မှာ လူ၅ယောက်ကို သူ သေနတ်နဲ့ပစ်သတ်အပြီးမှာပဲ ရဲအရာရှိက သူ့ကိုပစ်သတ်ခဲ့ပါတယ်။ ဖာသာဆွစ်ဖ်ကလည်း ကလေးမုဒိန်းကျင့်တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မီဒီယာတွေက ထင်သလိုရေးကြပါတော့တယ်။ ဒီအဖြစ်ဆိုးကြီး ကြုံရပြီး တစ်နှစ်လောက်နေတော့ ဂျာနယ်လစ်မာတင်ဆိုသူက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာအတွက် ဇာတ်လမ်းရေးဖို့ ရေးဗားဆန်းကို ရောက်လာပါတယ်။ အသတ်ခံရတဲ့သူတွေက ကလေးတွေ အမျိုးသမီး‌တွေမပါဘဲ ယောကျာ်းတွေချည်း ဖြစ်နေတာရယ်၊ မြို့သူမြို့သားအချို့ကို အင်တာဗျူးပြီး မတူတဲ့အမြင်တွေရလာတာရယ်ကြောင့် ဖာသာဆွစ်ဖ်အကြောင်းကို ပိုစုံစမ်းဖို့ရာဖြစ်လာပါတယ်။ ဖာသာဆွစ်ဖ်နဲ့ သေသွားတဲ့သူတွေ ...
7.4
TMDb: 7.4/10 5 votes
tv

Scrublands (2023)

2023
Ayyana Mane (2025) 8
Ayyana Mane (2025) Ayyana Mane (2025) ကျိန်စာလေလား သို့မဟုတ်...IMDb - 7.6/10ဒီတစ်ခါမှာတော့ CM Bollywood ပရိသတ်တို့အတွက် mystery thriller အမျိုးအစား မီနီစီးရီးလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျာဂျီတစ်ယောက် အာယာနာစံအိမ်ကြီးကို လက်ထပ်ဖို့အတွက် ရောက်လာပါတယ်။ ဒီမိသားစုက အရှင်ကွန်ဒါယာကို ကိုးကွယ်တာဖြစ်ပြီး ချွေးမသစ်လေးကို ကြိုဆိုဖို့အတွက် ပူဇော်ပွဲတွေပြင်ရဆင်ရနဲ့ အလုပ်များနေကြတာပေါ့။ဒီလိုနဲ့ ဂျာဂျီတစ်ယောက် အိမ်ထဲဝင်ဝင်ချင်းပဲ အကောင်းတိုင်းရှိနေတဲ့ သတို့သား ဒွတ်ရှ်ယန်တာရဲ့အဖေက ကောက်ခါငင်ခါ နှလုံးဖောက်ပြီးဆုံးသွားပါသတဲ့။ ဒီလိုနဲ့ မင်္ဂလာအိမ်ကနေ နာရေးအိမ်ဘဝပြောင်းပြီး ညီအစ်ကိုတွေလည်း ဒေါသနဲ့ ရန်ဖြစ် ထိုးကြိတ်ကြရင်းပေါ့။ဒါပေမဲ့ ဂျာဂျီအတွက် ထူးဆန်းနေတာက အဘိုးကြီးရဲ့နာရေးကို ဘယ်သူ့ကိုမှမခေါ်ဘဲ မိသားစုဝင်တွေပဲ ပြင်ဆင်နေကြတာပါပဲ။ဒီလိုနဲ့ သိချင်စိတ်ကိုတားမရလို့ ဒွတ်ရှ်ယန်တာရဲ့ အစ်ကိုတွေရဲ့ဇနီးတွေအကြောင်းမေးရာက အာယာနာမိသားစုက ချွေးမတွေအကုန် သေသွားပြီဆိုတဲ့အကြောင်း သိလိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)File Size – 300 MB (Appx;)@EpisodeQuality ...
8
TMDb: 8/10 1 votes
tv

Ayyana Mane (2025)

2025
Black, White & Gray – Love Kills (2025)
Black, White & Gray – Love Kills (2025) Black, White & Gray - Love Kills (2025)"မသဲကွဲခြင်းများ" ============================================စိတ်ကူးယဉ်ဇာတ်လမ်းကိုမှ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ဖန်တီးထားတဲ့ ဟင်ဒီစကားပြော မှုခင်း Mockumentary လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက အိန္ဒိယမှာ လူသဝာ်မှုတစ်ခုဖြစ်သွားတယ်။ လူလေးယောက်သေခဲ့တဲ့ ကွင်းဆက်လူသဝာ်မှုပေါ့။ဒါပေမဲ့ အဲဒီကွင်းဆက်မှုရဲ့ သံသယတရားခံက လွတ်နေတယ်။နောက် ၂ နှစ် ကြာတဲ့အချိန်မှာ အဲဒီအမှုကို နိုင်ငံခြားသားသတင်းထောက်တစ်ယောက်က စိတ်ဝင်စားသွားတယ်။ အဲဒီအမှုနဲ့ပတ်သက်တဲ့သူတွေကို အင်တာဗျူးပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖိုလုပ်တယ်။ အဲဒီကနေ ဒီဇာတ်လမ်းတွဲဖြစ်လာတယ်။ဒီဇာတ်လမ်းတွဲက Pseudo documentary ဆိုပေမဲ့ ဇာတ်လမ်းချိတ်ဆက်ထားပုံတွေက ပရိသတ်ကို စကြည့်မိတာနဲ့ ဆုံးတဲ့ထိကြည့်ချင်အောင် ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ဒီအမှုမှာ တကယ်ကျူးလွန်ခဲ့တဲ့သူက တကယ်ပဲ သံသယတရားခံကောင်လေးလား၊ အမှန်နဲ့ အမှားဆိုတာ အဖြူမည်းသက်သက်ပဲလား၊ ဒီအမှုတွဲတွေက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...

Black, White & Gray – Love Kills (2025)

2025
Endless Protection (2025)
Endless Protection (2025) အသက်မပြည့်သေးသူတွေရဲ့ တရားရေးအမှုတွေကို အဓိကထားတဲ့အမှုစစ်အရာရှိလင်ကျစ်ထောင်နဲ့ လက်ထောက်ပိုင်အန်းယွီတို့ကအတူလက်တွဲကာ စစ်ဆေးရေးအဖွဲ့တည် ထောင်ခဲ့ပြီး ကလေးတွေအတွက် လူ့မိစ္ဆာတွေကို တိုက်ခိုက်ခဲ့ကြတယ်။ဒီခရီးလမ်းက သည်းထိပ်ရင်ဖိုမှုတွေနဲ့ စတင်ခဲ့ပြီးတော့ ပေးဆပ်ခြင်းတွေနဲ့ အဆုံးသတ်ခဲ့တယ်။ကလေး တွေရဲ့အမှုတွေကို ဆရာတပည့်အမှုစစ်နှစ်ယောက်ကလက်တွဲညီညီနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖို့ ကောင်းစွာ စောင့်ကြည့်ရမှာပါပိုင်အန်းယွီအဖြစ် မတွေ့ရတာကြာပြီဖြစ်တဲ့ သုံးဟွာသိကျွင်းကို မတူညီတဲ့ ကာရိုက်တာသစ်တစ်ခုနဲ့ မြင်တွေ့ရမှာပါ။လင်ကျစ်ထောင်အဖြစ် Ren Su Xi က ပါဝင်ထားဝာာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်==========================================Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Thriller, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Minnie Reviewed By Encoded by LK======================================Ep 1 (720p) ...

Endless Protection (2025)

2025
Chernobyl (2019) 8.684
Chernobyl (2019) Chernobyl (2019)ဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~~~~~~လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင်ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ ...
8.684
TMDb: 8.684/10 6798 votes
tv

Chernobyl (2019)

2019
Destiny (2024) 8.4
Destiny (2024) Destiny (2024)***********************အပိုင်းသစ် (၁ မှ ၉) စ/ဆုံး ပျော်ရွှင်မှုဆိုတာကို တောင့်တခဲ့တဲ့ကောင်မလေးတစ်ယောက်…..ပျော်ရွှင်မှုဟာ ရောက်လာခဲ့ပေမဲ့လည်း တစ်သက်တာ မတည်မြဲခဲ့တဲ့အခါမှာ ဘဝကိုဘယ်လိုခံစားချက်တွေနဲ့ ဆက်ပြီး ဖြတ်သန်းမလဲ...ခါနာဒဲဆိုတဲ့ကောင်မလေးဟာ အလယ်တန်း တတိယနှစ်ရောက်လာတဲ့အချိန်မှာ အဖေဖြစ်သူဟာမိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ သေဆုံးမှုအပြီးမှာ အမေဖြစ်သူနဲ့အမေ့ဇာတိ နာဂိုနိုမြို့ကို ပြောင်းရွေ့နေထိုင်ကာ ဘဝကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ခါနာဒဲဟာ ဆုံးပါးသွားတဲ့သူမရဲ့အဖေလို အမှုစစ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့အတွက် တက္ကသိုလ်မှာဥပဒေမေဂျာယူခဲ့ကာ ဘဝအတွက် သူငယ်ချင်းအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝဖော်ပြနိုင်တဲ့ သူငယ်ချင်းလေးယောက်နဲ့ဆုံတွေ့ခဲ့ရတာ သူမရဲ့ဘဝဟာ ပန်းခင်းသဖွယ် သာယာပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။သို့သော်လည်း သူမအဖေရဲ့ သေဆုံးမှုမှာ သူငယ်ချင်းမိဘတွေ ပါဝင်နေတယ်ဆိုတာ သိလာခဲ့တဲ့နောက်မှာသူတို့ သူငယ်ချင်းဆက်ဆံရေးဟာ ဆုံးခန်းတိုင်ခဲ့ကြပါတယ်။ အချိန်ကာလကြာလာပြီးနောက် ခါနာဒဲဟာအမှုစစ်ဖြစ်လာခဲ့ပြီးနောက် အဖေဖြစ်သူ သေဆုံးမှုနဲ့ ဆက်စပ်တဲ့အမှုတွေကို တွေ့ရှိလာရချိန် သူ့အဖေအမှုကိစ္စရဲ့ အမှန်တရားကို ရှာဖွေဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်။ဒီအမှန်တရားနောက်ကွယ်မှာ သူငယ်ချင်းမိဘတွေက တကယ်ပဲ ပါဝင်ပတ်သတ်နေသလား..သူငယ်ချင်းဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်သွားမလဲ...ခါနာဒဲကရော နောက်ဆုံးမှာ အေးချမ်းတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာ ဖြစ်တာမို့ ...
8.4
TMDb: 8.4/10 8 votes
tv

Destiny (2024)

2024
Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019
Gannibal Season 2 (2025) [Complete]  8.2
Gannibal Season 2 (2025) [Complete]  Gannibal Season 2 (2025)*************************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး 2022 တုန်းက Hit ဖြစ်ခဲ့တဲ့ Japanese Horror Thriller Series "Gannibal "ဟာSeason 2 ထပ်မံထွက်ရှိလာပြီဖြစ်ပါတယ်။Season 2 မှာတော့ ရဲအရာရှိဒိုင်ဂို အာဂါဝါ က "ဒီရွာက လူသားစားကြတယ်"ဆိုတဲ့ကြောက်လန့်စရာကောလဟာလရဲ့  အမှန်တရားကိုဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။"ဒီအရူးလိုရွာရဲ့ အမှန်တရားကိုဖော်ထုတ်ဖို့ သူတို့ထက်ပိုရူးမှဖြစ်မယ်"ဆိုကာ ရဲအရာရှိ ဒိုင်ဂိုကဘယ်သူမှ မထိရဲကြတဲ့ ရွာက ဩဇာကြီးမားတဲ့ ဂိုတိုမိသားစုဆီကို သွားရောက်စုံစမ်းပါတော့တယ်။ကျိန်စာသင့်ရွာဟု ပြောဆိုသတင်းလွှင့်ရင်းနဲ့ ဂိုတိုမိသားစုက ဘာတွေ လျှို့ဝှက်ထားတာလဲ....လျှို့ဝှက်ချက်ကို ဖုံးကွယ်ချင်နေတဲ့ ဂိုတိုမိသားစုနဲ့ ရဲအရာရှိဒိုင်ဂို အာဂါဝါ တို့ ဘယ်လိုတွေ ထိပ်တိုက်တွေ့ကြမလဲ...ဂိုတိုမိသားစုရဲ့အတိတ်ကို လိုက်လံတူးဆွရင်း သူ့မိသားစုမှာ ဘယ်လိုအန္တရာယ်မျိုးတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ...ရဲအရာရှိဒိုင်ဂို သမီးနဲ့ဇနီးကို ကယ်တင်ပေးနိုင်ပါ့မလားဆိုတာတွေကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမှာဖြစ်လို့   လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းကိုတော့ Dao Phyo ...
8.2
TMDb: 8.2/10 397 votes
tv

Gannibal Season 2 (2025) [Complete] 

The Stolen Girl (2025) Season 1 [ Complete ] 6.133
The Stolen Girl (2025) Season 1 [ Complete ] Season 1အပိုင်း ( ၁ မှ ၅ ) အထိ စ / ဆုံး အခုတင်ဆက်ပေးမဲ့ Series ကတော့ ကလေးရှိတဲ့မိဘတွေအတွက် ပညာပေးအနေနဲ့ကြည့်သင့်သလိုကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ကလေးငယ်လေးတွေရှိရင်လည်း ကြည့်ပြီး ပညာယူသင့်တဲ့ Series လေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီ Series ရဲ့အဓိကအကြောင်းအရာကိုက နာမည်အတိုင်း The Stolen Girl(အခိုးခံလိုက်ရသောကောင်မလေး)အကြောင်းဖြစ်နေလို့ပဲဖြစ်ပါတယ်။IMDb Rating လည်း 6.0 အထိရရှိထားပြီး နာမည်ကြီးမင်းသမီး Denise Gough ကဇာတ်လမ်းကိုအဓိက Carry သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++အလီဆာဆိုတဲ့အမျိုးသမီးက ကိုယ်ပိုင်ဂျက်လေယာဉ်တွေပေါ်က လေယာဉ်မယ်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်ကြောင့်သမီးဖြစ်သူ လူစီယာ့ကိုကျောင်းကြိုတာအမြဲတမ်းနောက်ကျနေကျ အမေတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့လည်းထုံးစံအတိုင်းလေယာဉ်နောက်ကျလို့ လူစီယာ့ကိုလာကြိုတာလည်းနောက်ကျနေတဲ့အချိန်မှာ ကျောင်းကိုအသစ်ပြောင်းလာပြီး လူစီယာနဲ့အရမ်းခင်နေတဲ့ဂျိုဆက်ဖင်းဆိုတဲ့ကောင်မလေးနဲ့သူ့အမေဖြစ်သူရေဘက်ကာတို့က လူစီယာ့ကိုအဖော်ပြုရင်းစောင့်ပေးနေတာကိုတွေ့လိုက်ရပါတယ်။လူစီယာကလည်း ဂျိုဆက်ဖင်းကိုအရမ်းချစ်နေတော့ ဂျိုဆက်ဖင်းအိမ်မှာလိုက်ကစားချင်တယ်ဆိုပြီးပူဆာရာကနေ အိမ်မှာတစ်ညအိပ်ဖို့ခွင့်တောင်းတဲ့အဆင့်အထိရောက်သွားပါတော့တယ်။ဒီလိုနဲ့ အလီဆာတစ်ယောက် သမီးဖြစ်သူအတွက် ကိုယ်တိုင်ကိုယ်ကျ ညအိပ်ဖို့ပစ္စည်းတွေကိုယ်တိုင်ကိုယ်ကျ ဂျိုဆက်ဖင်းတို့အိမ်ကိုသွားပို့ပေးပြီးနောက်နေ့မှာတော့ သူ့သမီးပျောက်နေတယ်ဆိုတဲ့သတင်းကိုယောက်ျားဖြစ်သူကနေတစ်ဆင့်ကြားလိုက်ရပါတော့တယ်။ဂျိုဆက်ဖင်းတို့အိမ်ကိုသွားကြည့်တော့လည်း အိမ်ကြီးကအပန်းဖြေအငှားအိမ်ဖြစ်နေပြီး လူစီယာ ဂျိုဆက်ဖင်းနဲ့ရေဘက်ကာတို့ရဲ့ သတင်းအစအနတစ်ခုမှမကြားရတဲ့အချိန်မှာတော့ ခေါင်းတွေမီးတောက်ပြီး ...
6.133
TMDb: 6.133/10 15 votes
tv

The Stolen Girl (2025) Season 1 [ Complete ]

2025
Towards Zero (2025) Season 1 [ Complete ] 6.333
Towards Zero (2025) Season 1 [ Complete ] Season 1 အပိုင်း ( ၁ မှ ၃ ) အထိ စ / ဆုံး လူသတ်မှုခင်းစုံထောက်ဇာတ်ကားတွေတော်တော်များများကအစမှာကတည်းက လူသတ်မှုဖြစ်ပြီး လူသတ်သမားကိုရှာတဲ့ပုံစံမျိုးဖြစ်ကြပေမဲ့ အခုတင်ဆက်ပေးမဲ့ ဗြိတိသျှ Seriesမှာတော့ နာမည်က Towards Zero ဆိုတဲ့အတိုင်း စမှတ်ကနေဦးတည်ပြီး တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်တက်လာအောင်ဆွဲခေါ်သွားမဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။Mini Series ဖြစ်တဲ့အတွက် ၃ ပိုင်းတည်းသာပါဝင်ပြီးIMDb Rating 6.2 အထိရရှိထားတဲ့အတွက် လိုရင်းတိုရှင်းSeries ကောင်းတစ်ခုလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ဇာတ်လမ်းဇာတ်ကွက်ကိုတော့ စာရေးဆရာမ အဂါသာခရစ္စတီးရဲ့Towards Zero ဆိုတဲ့ ၀တ္ထုကိုပဲပြန်ယူပြီး မျက်စိထဲမှာရှင်းရှင်းလင်းလင်း ထင်သာမြင်သာအောင် အနည်းငယ်ပြုပြင်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ဒီ Series ရဲ့ အဓိကဇာတ်ကောင်တွေကတော့ စထရိန်းလင်မယားဖြစ်ပြီး လင်ဖြစ်သူက နဗယ်လ်စထရိန်း မယားဖြစ်သူကတော့အော်ဒရီစထရိန်းပဲဖြစ်ပါတယ်။စစချင်းကတည်းက သူတို့လင်မယားက တရားရုံးတက်နေရတာကိုမြင်ရမှာဖြစ်ပြီးအကြောင်းအရင်းကတော့ ခင်ပွန်းဖြစ်သူ နဗယ်လ်ဖောက်ပြန်တဲ့အတွက် ကွာရှင်းခွင့်ပေးဖို့ အော်ဒရီဖက်က တရားစွဲဆိုတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ငြင်းမရတော့တဲ့ နဗယ်လ်လည်း ကေအဲလိယက်လို့ခေါ်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်နေကြောင်းဝန်ခံလိုက်ပြီး ကွာရှင်းဖြစ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ နဗယ်လ်နဲ့ ကေတို့ ...
6.333
TMDb: 6.333/10 12 votes
tv

Towards Zero (2025) Season 1 [ Complete ]

2025
Yellowjackets (2021-2025) Complete 7.5
Yellowjackets (2021-2025) Complete    Season 01/02/03 (complete)IMDb Rating (7.7) / Rotten Tomatoes (95%) ဇာတ်လမ်းအကျဉ်းအရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့်ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်..လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်..ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့..အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်..ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်..မနည်းမေ့ဖျောက်ထားရတဲ့ အိပ်မက်ဆိုးကြီးကို နိုးထစေခဲ့တာက ဘယ်သူလဲ.. သူတို့တွေထဲက တစ်ယောက်ပဲလား.. အဲဒီလူကရော ဘာရည်ရွယ်ချက်နဲ့များ သူတို့ကိုလှုံ့ဆော်ခဲ့တာလဲ..သူတို့တွေကရော ဘယ်လိုများကြုံတွေ့ခဲ့ရလို့ အချင်းချင်းမဆက်သွယ်ဘဲ ...
7.5
TMDb: 7.5/10 762 votes
tv

Yellowjackets (2021-2025) Complete

2021-2025
Buried Hearts (2025) 7
Buried Hearts (2025) Buried Hearts (2025) ********************အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခေါက်မှာတော့ လျှို့ဝှက်နက်နဲတဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေကို ခန့်မှန်းကြည့်ရှုရတာမှ ကြိုက်နှစ်သက်သူတို့အတွက်Thriller, Mystery, Crime, Political ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...မင်းသားချော Park Hyung Sik နဲ့ ဝါရင့်မင်းသားကြီး Huh Joon Ho တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ...Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်းတစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကိုဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်...တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ ...
7
TMDb: 7/10 votes
tv

Buried Hearts (2025)

2025
Hyper Knife (2025) [Complete] 10
Hyper Knife (2025) [Complete] Hyper Knife (2025)*********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေခဲ့ကြတဲ့ ဝူယောင်းဝူလေး ရဲ့Thriller ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ။Cast တွေအနေနဲ့ကတော့ ဝူယောင်းဝူအဖြစ်နဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတဲ့မင်းသမီး Park Eun-Bin၊ မင်းသားကြီး Sul Kyung-Gu၊ Park Byung-Eun၊ Yoon Chan-Youngစတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~တစ်ချိန်က တော်တဲ့ဆရာဝန်ဖြစ်ခဲ့ပေမဲ့လည်း လက်ရှိမှာတော့ တရားမဝင်ခွဲစိတ်ခန်းမှာ လုပ်နေတဲ့ဆရာဝန်တစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်နေသူ Jung Se-Ok နဲ့ တစ်ချိန်က သူ့ရဲ့ အလေးစားရဆုံးဆရာဖြစ်ပေမဲ့ သူ့ကို ခွဲစိတ်ခန်းထဲက နှင်ထုတ်ခဲ့ပြီး သူ့ဘဝကို ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့တဲ့ ဆရာဖြစ်သူChoi Deok-Hee နဲ့ ပြန်လည်တွေ့ဆုံကြပြီး နောက်မှာတော့...ကိုယ့်ရဲ့ဘဝကို ဟိုးအောက်ခြေအထိ ထိုးကျသွားအောင် လုပ်ခဲ့တဲ့ ဆရာ့အပေါ် မကျေနပ်တဲ့စိတ်နဲ့လက်စားချေရင်းကနေ တစ်ချိန်က လူအသက်ကို ...
10
TMDb: 10/10 1 votes
tv

Hyper Knife (2025) [Complete]

2025