Channel Myanmar

Drama

Dreaming of Freaking Fairytale (2024)
Dreaming of Freaking Fairytale (2024) Dreaming of Freaking Fairytale (2024) ************************************* အပိုင်းသစ် (၇+၈)The Impossible Heir ထဲက ဗီလိန်ကိုကို Lee Jun-Young နဲ့Moon in the Day ထဲက မင်းသမီး Phyo Ye-jin တို့ရဲ့Rom-com ဇာတ်လမ်းတွဲအသစ်လေးထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းMoon Cha-Min (Lee Jun-Young)က ချမ်းသာကြွယ်ဝတဲ့ Chaebol မိသားစုရဲ့သားဖြစ်ပြီးတော့ဆိုရှယ်ကလပ်တစ်ခုရဲ့စီအီးအိုလည်းဖြစ်ပါတယ်။သူက မာနကြီးပြီးလက်တွေ့ဆန်ဆန်နေတတ်တဲ့သူမို့လို့စင်ဒရဲလားလို ဒဏ္ဍာရီဆန်ဆန်အချစ်ဇာတ်လမ်းမျိုး မက်မောတဲ့မိန်းကလေးတွေကို နှစ်သက်လေ့မရှိပါဘူး။တစ်နေ့မှာတော့ သူ့ရဲ့ဆိုရှယ်ကလပ်မှာ မန်နေဂျာအဖြစ်အလုပ်လာလုပ်တဲ့Shim Jae-Rim (Phyo Ye-Jin)ဆိုတဲ့ ကောင်မလေးနဲ့စပြီးပတ်သတ်မိလာပါတော့တယ်။သူမကတော့ သူ့ကိုဆင်းရဲတွင်းထဲကနေ ကယ်တင်ပေးနိုင်မယ့် ရွှေမင်းသားလေးကိုတစ်နေ့တွေ့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရှင်သန်နေသူလေးပါ။ဒီလိုနဲ့ အဲဒီဆိုရှယ်ကလပ်မှာအလုပ်လုပ်ရင်း သူမရဲ့ဘဝအမှန်ကိုတဖြည်းဖြည်းလက်ခံနိုင်လာခဲ့ပြီးတခြားသူအပေါ်မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူအဖြစ်ပြောင်းလဲလာပါတော့တယ်။ဒီလိုနဲ့ပဲ ဘဝအခြေအနေတွေကအစ အတွေးအခေါ်အဆုံး အစစအရာရာကွာခြားတဲ့သူတို့နှစ်ယောက်ကြားမှာဘယ်လိုမျိုးအချစ်တွေပေါက်ဖွားလာမလဲဆိုတာကိုအပတ်စဥ်သောကြာနေ့တိုင်း CM ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကို Hsu Pyae Pyae Aung မှ ရေးသားပေးထားပါတယ်Episodes: 10 Aired: May 31, ...

Dreaming of Freaking Fairytale (2024)

2024
My Marvellous Dream Is You (2024)
My Marvellous Dream Is You (2024) ဆန်းကြယ်အိပ်မက် ချစ်ရမ္မက် (၂၀၂၄)LGBTQ ဘက်က နာမည်ရentertainmentဖြစ်တဲ့ Idol Factory နဲ့ Ch3တို့ရဲ့လက်ရာဖြစ်တဲ့ My Marvellous Dream is You2024ရဲ့GLအဖွင့်ကတော့ Blankမှာထဲက အောင်မြင်မှုတွေတဟုန်ထိုးဖြစ်နေတာဆိုတော့ ဒီCPအသစ်လေးကိုလည်း အများကြီးမျှော်လင့်ထားတာမလို့ ဘယ်လိုတွေလာမလဲ ရှုစားကြပါဦး။လူတိုင်းလူတိုင်းမှာ မနိုးထချင်လောက်အောင် လှပလွန်းတဲ့အိပ်မက်ကိုယ်စီရှိပါတယ်။ ဒါဝမ်ရဲ့ မနိုးထချင်တဲ့အိပ်မက်လေးကတော့ ကင်ဆိုတဲ့ကောင်မလေးပါပဲ။ဒါဝမ်ဟာအများအမြင်မှာ မိသားစုကလည်းကျိကျိတက်ချမ်းသာ၊ ကိုယ်တိုင်ကလည်း တဟုန်ထိုးအောင်မြင်နေပြီး နိုင်ငံတကာကိုထိုးဖောက်ဖို့ ဟောလိဝုဒ်ရုပ်ရှင်မှာ လူရွေးပွဲဝင်ပြိုင်နေတဲ့ prime timeမှာရှိနေတဲ့ထိပ်တန်းမင်းသမီးဆို‌တော့ လူတကာအားကျစရာပေါ့။ဒါပေမဲ့ လူမမြင်ကွယ်ရာက သနားစရာဝမ်လေးကတော့ အတိတ်ရဲ့အရိပ်ဆိုးတွေအောက်မှာရှင်သန်နေရသူပါ။ ဒါတွေအားလုံးကို နားလည်ပေးနိုင်သူကတော့ အဖြစ်ဆိုးကို မျှဝေခံစားခဲ့ရတဲ့ ထပ်တူကံဆိုးခဲ့တဲ့ကင်ပါပဲ။ကင်က မင်းသမီးတိုင်းမက်မောရတဲ့ အရည်အချင်းရှိတဲ့စတိုင်လစ်တစ်ယောက်၊ ဝမ်ရဲ့လိုအပ်ချက်မှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းပေးနေတဲ့ ဝမ်ရဲ့အရိပ် ဝမ်ရဲ့ဒိုင်းကာလေးပေါ့။ ဘာပဲလုပ်လုပ် ဝမ်ကိုပဲကြည့်နေတတ်တဲ့ကင်ဟာ တစ်နေ့မှာထူးဆန်းစွာနဲ့ ဝမ်ဆီကအလုပ်ထွက်ပြီး ဝမ်နဲ့ပြိုင်ဘက်မင်းသမီးဆီမှာ အလုပ်သွားလုပ်တဲ့အခါ...နှစ်ကိုယ်တစ်စိတ်လိုဖြစ်နေပြီး သူငယ်ချင်းဆိုတာထက်ပိုနေတာ သေချာနေတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး၊ တစ်ကွက်နင်းစရာရတာနဲ့ တံတွေးခွက်ထဲပက်လက်မျောရမယ့် ပြိုင်ဆိုင်မှု‌တွေ ပြင်းထန်လွန်းတဲ့ သူတို့ကျင်လည်ရာ အနုပညာနယ်ပယ်၊ ကျီစားသန်လွန်းတဲ့ ကံကြမ္မာကြားမှာ ဒါဝမ်နဲ့ကင်တို့ရဲ့အချစ်က အိပ်မက်ထဲကလိုချိုမြိန်နိုင်မလားဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

My Marvellous Dream Is You (2024)

2024
Love Lesson 010 (2024)
Love Lesson 010 (2024) အချစ်သင်ခန်းစာ ၀၁၀ (၂၀၂၄)ဂန် ဆိုတဲ့လူက ဝိညာဉ်ဘ၀ကို ရောက်နေတဲ့လူပဲ ဖြစ်ပါတယ်။သူ အသက်ပြန်ရှင်ဖို့အရေး နွန်ဆိုတဲ့ လူရှုပ်လူပွေကို သုံးလအတွင်း အချစ်စစ်နဲ့ တွေ့အောင် ဖန်တီးပေးရမှာပဲ ဖြစ်ပါတယ်။နွန်ကတော့ ကောင်မလေးတွေကို တစ်ယောက်ပြီးတစ်ယောက်တွဲပြီး အတည်တွဲဖို့ ချစ်ဖို့ စိတ်မရှိတဲ့ ပလေးဘွီုင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ဆိုတော့ နွန်ကို အချစ်စစ်နဲ့တွေ့အောင် ဂန် လုပ်‌ဆောင်နိုင်သွားမှာလား ဂန် သူအသက်ပြန်ရှင်သွားနိုင်မှာလား စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Fake Love, Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Fake Love, Lei ...

Love Lesson 010 (2024)

2024
Tracker (2024) 7.3
Tracker (2024) Tracker (2024) Ongoing ~ IMDb - 6.7/10, RT - 88%, Meta - 64% ~ Smallville ထဲ အိုလီဗာကွင်း ဂရင်းအဲရိုးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Justin Hartley အဓိကသရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ဒီစီးရီးက ဘာနဲ့တူလဲဆို ခုမြင်ရများတဲ့ စီးရီးတွေထက် ဟိုးတုန်းက စီးရီးတွေပုံစံမျိုးပိုသွားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပဲ လူပျောက်တာတွေ ပစ္စည်းပျောက်တာတွေကို ခြေရာခံလိုက်ရှာပြီး အဲဒီအတွက် ထုတ်ထားတဲ့ ဆုကြေးကိုစားနေတဲ့ ဆုကြေးစားတစ်ယောက်အကြောင်းပဲ။ သူများပြဿနာတွေကို ဖြေရှင်းရင်း သူ့ပြဿနာတွေတစ်စနဲ့တစ်စပေါ်လာတာက စူပါနေထရယ်ရဲ့စစချင်းစီဆန်တွေလိုပဲ။ အမှုတစ်ခုလိုက်လိုက် ငွေထုတ်လိုက် နောက်တစ်မှုထပ်ရှာလိုက်။ သူကတစ်ယောက်တည်းလုပ်နေတာတော့မဟုတ်ဘူး။ သူ့နောက်မှာ အချက်အလက်တွေစုဆောင်းပေးတဲ့သူတွေ ဟက်ကာတွေ နောက် ရှေ့နေတွေအထိပါရှိနေတယ်။ တစ်ခါတလေ လူပျောက်ရှာတာက စွန့်စားခန်းဆန်ပေမဲ့ တစ်ခါတလေကျလည်း စုံထောက်ကားကြည့်နေရသလိုပဲ။ သူ့အတိတ်မှာလည်း ပဟေဠိတစ်ခုချန်ထားတာဆိုတော့ လူပျောက်တွေလိုက်ရှာ အမှုတွေရှင်းရင်း သူ့အတိတ်က ပဟေဠိဘယ်လိုပုံပေါ်လာမလဲကြည့်ရလိမ့်မယ်။ လက်ရှိအထိတော့ ၃ပိုင်းထွက်ထားပြီး ...
7.3
TMDb: 7.3/10 23 votes
tv

Tracker (2024)

2024
My Sweet Mobster (2024)
My Sweet Mobster (2024) My Sweet Mobster (2024) ************************* အပိုင်းသစ် (၄)နှလုံးသားပိန်းကြာရွက်ပေါ် ရေအတင်မခံ အသည်းမာတဲ့ ကိုလူကြမ်းကြီးနဲ့ပေါ့ပါးပျော်ရွှင်စွာနေတတ်ကာ ကြင်နာတတ်တဲ့ Youtuber မလေးတို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဇာလမ်းမှာပါဝင်တဲ့ Cast တွေကတော့....ဆောဂျီဟွမ်အဖြစ် “Home Town” “Night in Paradise” တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Uhn Tae Gooဂိုအွန်းဟာအဖြစ် “Work Later, Drink Now” မှာ ယောဂဆရာမနေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Han Sun Hwaဂျန်ဟျွန်းအူ အဖြစ် “Longing for You” “Dali And Cocky Prince” ထဲက Second Lead ဖြစ်တဲ့ Kwon Yul တို့အပြင်Cheer Up ထဲက Main Lead Kim Hyun Jin လည်း ပါဝင်ထားပါသေးတယ်နော်ဇာတ်လမ်းအကျဉ်း ---------------- ဆောဂျီဟွမ်ဟာ အတိတ်တုန်းက လူမိုက်ဂန်းစတားကြီးဖြစ်ခဲ့ပေမဲ့လည်းလက်ရှိမှာ ...

My Sweet Mobster (2024)

2024
A Love So Beautiful (2024)
A Love So Beautiful (2024) မင်းသာ ငါ့အချစ်ဦး (၂၀၂၄)Home School နဲ့ ထိုင်းF4ကားထဲမှာပါတဲ့ မင်းသားချောလေး Dew Jirawat Sutivanichsakရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ ငယ်သူငယ်ချင်းသံယောဇဉ်နဲ့ အစပြုထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ချက်ဂျန်ဆိုတဲ့ကောင်လေးနဲ့ ဆုမ်အိုဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်လေးကတည်းက မူကြိုအတူတူတက်, ကျောင်းကားအတူတူစီးကြရုံသာမဟုတ်ဘဲ အိမ်နီးနားချင်းတွေလည်း ဖြစ်ပါသေးတယ်။ ဒီလိုနဲ့နေထိုင်လာရင်း မမျှော်လင့်ပဲ ဆုမ်အိုရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးသွားပြီးနောက်မှာ ဆုမ်အိုရဲ့မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုလိုက်ပြီးပြင်သစ်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။ ပြင်သစ်ကို မလိုက်ချင်တဲ့ ဆုမ်အိုတစ်ယောက် ချက်ဂျန်တို့ရဲ့အိမ်မှာပဲ အတူတူနေထိုင်ရင်း ကျောင်းဆက်တက်ဖို့ ဖြစ်လာတဲ့နောက်မှာ ..... အထက်တန်းတက်တဲ့အချိန်မှာတော့ ချက်ဂျန်နဲ့ ဆုမ်အိုတို့ တခြားသူငယ်ချင်းတွေပါ ရလာရင်း ကျောင်းသားဘဝလေးမှာ ဘယ်လိုတွေဖြတ်သန်းမလဲ... ငယ်ကတည်းကပေါင်းလာရင်း အနေနီးလာရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်ပေါ်လာမလဲ ..... စိတ်ကစားတတ်တဲ့အရွယ်ဖြစ်တဲ့အလျောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော အရိုအချိုလေးတွေပဲလား ပြဿနာတွေရော ရှိလာဦးမလားဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB ...

A Love So Beautiful (2024)

2024
Kissed by the Rain (2024)
Kissed by the Rain (2024) မိုးဆွတ်အနမ်း (၂၀၂၄)ဆယ်စုနှစ်တစ်ခုအကြာမှာ main CPအနေနဲ့ ပြန်လည်ဆုံတွေ့ကြမယ့် ဒိတ်ဒိတ်ကြဲcastနှစ်ယောက်ဖြစ်တဲ့ Marioနဲ့ Taewတို့ရဲ့ romance dramaအသစ်လေးဖြစ်တဲ့ Kissed by the Rainပထမနှစ်ကြိမ် တွေ့ဆုံမှုမှာလည်း အတော်လေးchemistry မိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဒီကားလေးထဲမှာတော့ ထရော်မာတွေကြားက မမနဲ့မောင်လေးရဲ့အချစ်ကို ရှုစားရမှာပါ။မာဝင်းရဲ့အဖေက အရက်သမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်ရိုက်နှက်တတ်သူပေမဲ့ အမေဖြစ်တဲ့မလိုင်ကတော့ ဒီကနေအခြေအနေကနေ ရုန်းမထွက်ဘဲ အံကြိတ်ရင်းဆက်နေချင်သူပေါ့။ ဆယ်ကျော်သက်အရွယ် သိတတ်နားလည်နေတဲ့မာဝင်းက‌တော့ ဒီအခြေအနေကနေ ရုန်းထွက်ချင်ပြီးတော့ ကန်ယာမစ် အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ဆက်သွယ်အကူအညီတောင်းပါတော့တယ်။ အဲဒီမှာပဲ လူမှုဖူလုံရေးဝန်ထမ်း ပလိုင်ဖွန်နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။မာဝင်းတစ်ယောက်ကြိုးစားပေမဲ့ အမေဖြစ်သူက လမ်းဆုံးကိုရွေးသွားတဲ့အပြင် တစ်ယောက်တည်းသောအားကိုးရာဖြစ်တဲ့ ဖွန်ကပါ သူ့ဘဝကနေထွက်သွားဖို့ကိုပဲ ရွေးခဲ့ချိန်မှာတော့....... သူတို့နှစ်ယောက် ပြန်လည်ဆုံဆည်းဖို့ဖြစ်လာချိန်မှာ အတိတ်ရဲ့အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မလားဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | ...

Kissed by the Rain (2024)

2024
Namacool (2024)
Namacool (2024) Namacool 2024 ဟီးရိုးဖြစ်ချင်တဲ့ဇီးရိုးဘဝအမောတွေပြေပျောက်စေမယ့် ဟာသကလေးလည်းဖြစ်ရမယ်၊ တစ်ချိန်က ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရချင်တယ်ဆိုသူတွေအတွက် တက္ကသိုလ်ကျောင်းသားဘဝကို ရိုက်ကူးဖော်ပြထားတဲ့ ဟာသဇာတ်လမ်းတွဲလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဒီတော့ဇာတ်လမ်းကိုရှုစားရင်း ငယ်ဘဝမှာ ဗရုတ်ကျခဲ့တာလေးတွေ ပြန်အမှတ်ရလိုက်ကြပါစို့လား။မယန့်နဲ့ပီယုရှ်တို့နှစ်ယောက်ဟာ မခွဲနိုင်မခွာရက် အမြဲတပူးတွဲတွဲနေခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်‌ယောက်ဒီလိုနဲ့ သူတို့နှစ်ယောက် တက္ကသိုလ်မြေကိုရောက်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်ပြီဆိုတဲ့အတွေးနဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင်လုပ်ဖို့ ကြံဆကြလေရဲ့။ ဖြစ်ချင်တာကတော့ လူတိုင်းအာရုံစိုက်ခံချင်တဲ့သူဆိုပေမဲ့ ရုပ်ရည် ငွေကြေး ဗလ အရည်အချင်း အကုန်ဇီးရိုးကိုက်နေတဲ့သူလေးတွေဆိုတော့ အကြံအိုက်နေတုန်းမှာ ချက်ကူဆိုတဲ့ တက္ကသိုလ်ကဇိုးကြီးကိုတွေ့ပြီး ကြွေသွားတဲ့အခါ....ဇိုးကိုမှ ဟီးရိုးထင်ပြီး စံပြလိုသတ်မှတ်လိုက်တဲ့ မယန့်နဲ့ပီယုရှ်နှစ်ယောက် ဘယ်လိုအရှုပ်အထွေးထဲမှာ ပါဝင်ပတ်သက်မိကြမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအဖြေရှာလိုက်ကြပါစို့လားFile Size –600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 26 minute (@Episode)Total Episodes:7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, DramaTranslator – CM Bollywood TeamEncoder – YK Episode 1 - ...

Namacool (2024)

2024
Dark Matter (2024) 7.866
Dark Matter (2024) Dark Matter (2024) Genre- Drama, Sci-fi, Thriller IMDB – 7.4/10Foundation, Invasion, See, Monarch နဲ့ Severance တို့လို Sci-fi စီးရီးကောင်းတွေချည်း ထုတ်လုပ်ပေးခဲ့တဲ့ Apple Tv ကနေ နောက်ထပ် Sci-fi, Thriller စီးရီးကောင်းတစ်ခု အသစ်ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက စာရေးဆရာ Blake Crouch ရေးသားပြီး အောင်မြင်ခဲ့တဲ့ Dark Matter စာအုပ်ကို ဒီနာမည်အတိုင်း ပြန်လည်ပုံဖော်ထားတာ ဖြစ်တဲ့အပြင် စာရေးဆရာကိုယ်တိုင် ဒီ စီးရီးအတွက် ပြန်လည်ရေးသားပေးခဲ့တာလည်း ဖြစ်ပါသေးတယ်။သရုပ်ဆောင်တွေမှာဆိုလည်း နာမည်ကြီးမင်းသား Joel Edgerton နဲ့ ၉၀ ကာလမှာ အရမ်းကိုလှပခဲ့ပြီး အခုထိတောင် Trend ဖြစ်နေသေးတဲ့ ချောမောလှပနေသေးတဲ့ အန်တီ Jennifer Connelly တို့ ဖြစ်နေလို့ မကောင်းမှာတော့ စိတ်မပူရပါဘူး ဒါ့အပြင် နှစ်ယောက်လုံး သရုပ်ဆောင်ချက်တွေကလည်း Chemistry မိလွန်းပါတယ်။ နောက်ပြီး ...
7.866
TMDb: 7.866/10 41 votes
tv

Dark Matter (2024)

2024
Uncle Samsik (2024)
Uncle Samsik (2024) Uncle Samsik (2024) ****************************** အပိုင်း (၁ မှ ၁၆) စ/ဆုံးParasite, Taxi Driver, Cobweb အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Veteran Actor Song Kang Hoနဲ့ Byung Yo Han‌တို့ အဓိက ပါဝင်ထားတဲ့ အမိုက်စား စီးရီးသစ် ထွက်ရှိလို့လာပါပြီ။1960 ခုနှစ် အစောပိုင်း ခေတ်ပျက်နေတဲ့ ကာလကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်တယ်။အန်ကယ်ဆန်းရှစ်ကတော့ ခေတ်မကောင်းတဲ့ကာလမှာတောင် ထမင်း၃နပ် မငတ်ပါဘူးတဲ့။ဒီလို ထမင်းမငတ်ရခြင်း အကြောင်းအရင်းကလည်း သူရဲ့ ကိုယ်ပိုင် နည်းလမ်းရှိလို့ပါပဲ။ဂင်ဆန်းလို့ခေါ်တဲ့ အထက်တန်းလွှာ သူဌေးသားလေးဟာ Albright ပညာတော်သင် ကျောင်းသားအဖြစ်နဲ့ စီးပွားရေးပညာကို ဆည်းပူးခဲ့သူပေါ့။သူ့ရည်ရွယ်ချက်ကတော့ တောင်ကိုရီးယားနိုင်ငံတော်ကြီးကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ‌တော်ကြီး ဖြစ်အောင် တည်ဆောက်ဖို့ပါတဲ့။ခေတ်ပျက်‌နေတဲ့ကာလ ဖြစ်နေတာ‌ကြောင့် ဂင်ဆန်းရဲ့ ဆန္ဒဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားရှာတယ်။ဒါပေမဲ့ အန်ကယ်ဆန်းရှစ်က ဂင်ဆန်းရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တယ်။တကယ်တမ်းတော့ အန်ကယ်ဆန်းရှစ်ကလည်း ဂင်ဆန်းနဲ့ ...

Uncle Samsik (2024)

2024
Queenie (2024) 3
Queenie (2024) Queenie (2024) Genre – Drama IMDB – 6.5Hulu ကနေ အသစ်ထွက်ရှိလာတဲ့ ၈ ပိုင်းပါ English ဟာသဒရမ်မာ စီးရီးလေး ဖြစ်ပါတယ်။ လန်ဒန်တောင်ပိုင်းမှာ နေပြီး သတင်းစာတိုက်မှာ ဆိုရှယ်မီဒီယာပိုင်း လက်ထောက်လုပ်နေတဲ့ ၂၅ နှစ်အရွယ် ဂျမေကန်အင်္ဂလိပ် လူမည်းမလေး ကွင်းနီဟာ လူဖြူကောင်လေးနဲ့ တွဲနေခဲ့တာ ၃ နှစ်ကျော် ရှိပါပြီ။လူဖြူ လူမည်းဖြစ်နေတဲ့အတွက် မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကြား အသားကျအောင် ကြိုးစားရုန်းကန်ရင်း မနည်း တွဲနေကြရတာပေါ့။ သမီးဆက်ဆံရေးမှာတင် မကပဲ လုပ်ငန်းခွင်မှာလည်း ဒီလို လူဖြူလူမည်း ပြဿနာတွေ ဖြေရှင်းနေရတဲ့လူပါပဲ။ ဒီလိုနဲ့ အမေဖြစ်သူနဲ့ စကားမပြော ကိုယ့်အမျိုးတွေဖက်မှာလည်း အံဝင်ခွင်ကျ မဖြစ်နေတဲ့ ကွင်းနီတစ်ယောက် ချစ်သူဖြစ်သူ လူဖြူကောင်လေးနဲ့ တွဲလို့ သူတို့ဖက်မှာလည်း အံဝင်ခွင်ကျ ဖြစ်မလားဆိုတော့ ဖြစ်မလာတဲ့အပြင် ပြဿာတွေပါ ပိုဆိုးလာတဲ့အတွက် ၂၅ နှစ်ကျော် ဘဝပြဿနာတွေ ရင်ဆိုင်ရပြီး ရိုးရာယဉ်ကျေးမှု နှစ်ခုကြား ဒွန်တွဲဒုက္ခတွေဝေရတဲ့ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ ...
3
TMDb: 3/10 4 votes
tv

Queenie (2024)

2024
The Broken News 2024 – Season 2 6
The Broken News 2024 – Season 2 The Broken News (2024) "သတင်းမီဒီယာတိုက်ပွဲ"အတွဲ(၂) အပိုင်း(၈)ပိုင်းIMDb 7.6 ရထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲလေးဟာဆိုရင် ၂၀၂၂ က season-1 အပြီး နှစ်နှစ်ကြာမှ season-2 ထွက်လာတဲ့အတွက် မနှေးအမြန် တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းတွဲမှာဆိုရင် တိုင်းပြည် စတုတ္ထမဏ္ဍိုင်လို့ တင်စားခေါ်ဝေါ်တဲ့ သတင်းမီဒီယာရဲ့ ရှုပ်ထွေးပွေလီတဲ့ အရှုပ်တော်ပုံတွေကို ပရိသတ်အကြိူက် လေးလေးနက်နက် တော်ကီတွေနဲ့ ဖီးလ်ရမှာပါမွန်ဘိုင်းမှာ အဓိကသတင်းချန်နယ်အကြီးစားနှစ်ခု "အဝါ့ဇ်ဘာရတီ" နဲ့ "ဂျို့ရှ် ၂၄/၇" ဆိုပြီး ရှိတယ်မတူတာကတော့ တစ်ခုက ငွေရရုံ၊ ပရိသတ်များရုံသာ အာရုံစိုက်ပြီး ကိုယ်လိုချင်တာရဖို့အတွက် မီဒီယာကျင့်ဝတ်တွေကို အလွဲသုံးစားလုပ်နေတဲ့ မီဒီယာ ---တစ်ဖက်မှာတော့ ထက်မြက်ပြီး အမှန်တရားအတွက် ဘာမဆိုစွန့်လွှတ်ရဲတဲ့ မိန်းမငယ်လေး "ရာဒီ""Umbrella စစ်ဆင်ရေး" အမည်ခံ၊ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဥ်တပ်ပြီး ပြည်သူလူထုရဲ့ Privacy ကို ချိုးဖောက်ချင်တဲ့ အကျင့်ပျက်အစိုးရက အကြံအစည်တွေကို အများပြည်သူရှေ့ ချပြဖို့ကြိုးစားတဲ့ သူရဲကောင်းမီဒီယာသမားတွေကို နည်းမျိုးစုံသုံးလို့ ချနင်းကြပုံတွေ မင်းတို့ဘက်မှာ အကျင့်ပျက်အစိုးရကျောထောက်နောက်ခံ ငွေတစ်မျက်နှာကြည့်တဲ့ မီဒီယာနဲ့ အာဏာပါဝါတွေ ရှိလည်း ငါတို့ဘက်က ...
6
TMDb: 6/10 3 votes
tv

The Broken News 2024 – Season 2

2022
Dare to Love Me(2024)
Dare to Love Me(2024) Dare to Love Me(2024)*********************အပိုင်းသစ်(၁၂)ဒီကားလေးကတော့ နာမည်ကြီး webtoon ဖြစ်တဲ့ "Treat Me Carelessly" (함부로 대해줘) ရဲ့ Live Action ဖြစ်ပြီး KBS2 ရုပ်သံလိုင်းရဲ့အသစ်ထွက်ရှိလာတဲ့ Romance Comedy အမျိုးအစားလေးပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Angel's Last Mission ဇာတ်လမ်းထဲကနတ်သားလေး တစ်ဖြစ်လဲ Infinite အဖွဲ့ဝင် Kim Myung Soo (L) နဲ့Insider ဇာတ်လမ်းထဲက မင်းသမီး Lee Yoo Young တို့က ပါဝင်အားဖြည့်ထားပါတယ်။"Shin Yoon-Bok (Kim Myung-Soo) က Joseon ခေတ်ရဲ့ အသွင်အပြင်ကိုထိန်းသိမ်းထားဆဲဖြစ်တဲ့ Seongsan ဆိုတဲ့ရွာလေးမှာ နေထိုင်တဲ့ MZ Generations ရဲ့ပညာသင်တစ်ဦးလို့တောင် ပြောလို့ရပါတယ်။ ပညာရှိတစ်ဦးရဲ့ အသွင်အပြင်နဲ့ မိသားစုမှအကြီးအကဲတွေရဲ့ စကားကို နားထောင်တတ်ပေမယ့် လူငယ်သဘာဝ ပုန်ကန်ချင်စိတ် ...

Dare to Love Me(2024)

2024
Mobaroknama (2023) 9
Mobaroknama (2023) Mobaroknama (2023)လူနှစ်ယောက်ရဲ့ ဘဝတရားခွင်IMDb-6.6/ 10မိုဘာရော့ခ်ဆိုတာ အရည်အချင်း အတွေ့အကြုံတွေနဲ့ပြည့်ဝတဲ့ ရှေ့နေတစ်ယောက် ။ ဒါပေမဲ့ ဒီစီးရီးရဲ့အစပိုင်းမှာတော့ သူကဆိုင်တစ်ခုရဲ့ အောက်ခြေအကူဝန်ထမ်းတစ်ယောက်ဖြစ်နေတယ် ။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့လေးနှစ်ကျော်ကာလက ဖြစ်ပျက်ခဲ့တဲ့အဖြစ်ဆိုးတစ်ခုကြောင့် တရားရုံးထဲကို ပြန်မဝင်တော့တာကြောင့်ပဲ ။အရည်အချင်း အတွေ့အကြုံနဲ့ ဖြောင့်မတ်မှန်ကန်စိတ်ရှိတဲ့သူ့လိုရှေ့နေကို တရားရုံးထဲပြန်ဝင်စေတဲ့အကြောင်းတစ်ခုပေါ်လာခဲ့တယ် ။ အဲဒါက ဆူရိုင်ယာ...ဆူရိုင်ယာဆိုတာက လူငယ်ဘဝကို အထိန်းအကွပ်မရှိ ပျော်ပါးသောက်စားနေသူမို့ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးအသိုင်းအဝိုင်း အမေကိုယ်တိုင်ကပါ ဖယ်ကြဉ်ထားတဲ့သူ ၊ သူ့အပေါ်အချစ်မေတ္တာမလျော့တာက သူ့အစ်မ အာဘီဒါ ၊ အာဘီဒါရဲ့ မင်္ဂလာပွဲပြီးနောက်တစ်နေ့မှာ ဆူရိုင်ယာက သူ့ခဲအိုကသူ့ကိုမတရားကျင့်ပါတယ်ဆိုတဲ့စွပ်စွဲချက်က အားလုံးကို ထိတ်လန့်အံ့ဩသွားစေတယ် ဆူရိုင်ယာ့ဘက်က အမြဲပါခဲ့တဲ့ အာဘီဒါကိုယ်တိုင်ပါ အကျပ်ရိုက်ဒုက္ခတွေ့တော့တယ်သူပြောတာကိုဘယ်သူမှမယုံကြတဲ့နောက် ဆူရိုင်ယာက ခဲအိုကိုတရားစွဲတော့တာပဲ အဲဒီအမှုကိုလိုက်ပေးတဲ့သူက မိုဘာရော့ခ်....သူတို့နှစ်ယောက်ရင်ဆိုင်ရတဲ့ တရားခွင်‌က ဘဝတစ်ခုလုံးမူတည်နေတဲ့တရားခွင် ဆူရိုင်ယာက တကယ်ပဲနစ်နာသူလား.... အားလုံးရဲ့ ဆန့်ကျင်မလိုလားမှုတွေကြား တရားမျှတမှုရနိုင်မလား.... မိုဘာရော့ခ်ကရော သူ့အတိတ်ကနေ ရုန်းထွက်လာနိုင်မလား....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်File Size – 350MB(Appx;)@EpisodeQuality – 1080p ...
9
TMDb: 9/10 1 votes
tv

Mobaroknama (2023)

2023
House of the Dragon (2024) Season 2 8.4
House of the Dragon (2024) Season 2  Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ်ထွက်ရှိလာပါပြီ။ Game of Thrones ကို မကြည့်ဖူးရင်တောင်ဒီကနေ စကြည့်လို့ရပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာခေတ်လဲဆိုတာသိဖို့ ဒီစိတ်ကူးယဉ်လောကကြီးရဲ့သမိုင်းကိုအကြမ်းဖျဉ်းသိဖို့လိုအပ်ပါတယ်။ အရင်ဆုံး ခုနှစ်တွေကိုBAC နဲ့ AC ဆိုပြီး နှစ်မျိုးရှိတာ သိဖို့လိုပါတယ်။ BAC ဆိုတာကတော့အေဂွန်ရဲ့ သိမ်းပိုက်မှုမတိုင်ခင် (Before Aegon's Conquest) ဖြစ်ပြီးAC ဆိုတာကတော့ (After Conquest) ၇ ပြည်ထောင်ကိုသိမ်းပြီးနောက်ပိုင်းခုနှစ်တွေပဲဖြစ်ပါတယ်။BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကိုရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်။ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ သစ်တောကလေးငယ်တွေကရှေးဦးလူတွေကို အနိုင်ယူဖို့ အဖြူရောင်ခရီးသည်တွေကိုဖန်တီးခဲ့ပါတယ်။စစ်ပွဲအဆုံးမှာ ရှေးဦးလူတွေက အနောက်တိုင်းကို စိုးမိုးပြီးသစ်တောကလေးငယ်တွေက သစ်တောတွေထဲကို ထွက်သွားရပါတော့တယ်။8000 BACနှစ်ပေါင်းများစွာရှည်ကြာတဲ့ ဆောင်းရာသီကြီးနဲ့အတူ အဖြူရောင်လမ်းလျှောက်သူတွေက သက်ရှိအားလုံးကို ...
8.4
TMDb: 8.4/10 3990 votes
tv

House of the Dragon (2024) Season 2

2024
Blank The Series (2024) 7
Blank The Series (2024) နှလုံးသား ကွက်လပ် (2024)GL နှစ်လို့ ပြောရမယ့် ၂၀၂၄ ခုနှစ်မှာ အပြိုင်အဆိုင်ထွက်ကြမယ့် GL seriesတွေကိုကျော်တက်ပြီး Blankက ပွဲဦးထွက် ထွက်ရှိလို့လာပါပြီ။ အသက်ကွာတဲ့ပြဿနာ ဘာညာကွိကွလေးတွေရှိနေပေမဲ့ GAP the seriesရဲ့စာရေးဆရာရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် GAPနဲ့ဆက်စပ်မှုရှိတာကြောင့် အတော်စိတ်ဝင်စားခံနေရတဲ့GL seriesဆိုလည်းမမှားပါဘူး။မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။ မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊ ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ...အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့‌ကောင်းတဲ့အမူအရာနဲ့ နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်‌နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊ အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ...ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊ လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမက မနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ...အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြား ဒီအမျိုးသမီး‌လေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကို Faye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Khaing, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... ...
7
TMDb: 7/10 votes
tv

Blank The Series (2024)

2024
We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်း (၁ မှ ၂၀) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons ...

Missing Crown Prince (2024)

2024
Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၄၅+၁၄၆)Tele Episode (146) / Official Episode (73) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022