Exit print mode Print Data A+ A- Undo all

The Nice Guys (2016)

They're not that nice.
The Nice Guys (2016)The Nice Guys (2016)

Synopsis:

442

The Nice Guys (2016)

IMDb Rating (7.4) / Rotten Tomatoes (91 %)

The Nice Guys 2016 အမေရိကန်ဇာတ်ကားဟာဆိုရင်ဖြင့် မင်းသားကြီး Russell Crowe နဲ့ Ryan Gosling တို့ ဦးဆောင်ပါဝင်ထားတဲ့ အပစ်အခတ် အညစ်အပတ် ဟာသဇာတ်တစ်ခုဖြစ်ပါတယ်။ IMDb 7.4 ကို အချိုအချောင်ရထားတဲ့ဇာတ်ကားမဟုတ်ပါဘူး။ ခရမ်းချဉ်သီးပုပ် 91 ရာနှုန်းကလည်း ဝေဖန်ခံနိုင်တဲ့ ဇာတ်ကား‌ကောင်းဖြစ်တယ်ဆိုတာ သိသာစေတာပေါ့။

ဇာတ်ကွက်တစ်ခုချင်းဆီမှာ ဖော်ကွက်လေးတွေပါပြီး မြန်ဆန်တဲ့ plot twist တွေကို ဖြေထုတ်ထားတာပါ။ အကြမ်းအရမ်းကို Russell Crowe က တာဝန်ယူထားပါတယ်။ Gladiator 2000 မှာ မြင်တွေ့ခဲ့ရသလိုပဲ မင်းသားကြီးက တည်ငြိမ်ရင့်ကျက်ပြီး အေးအေးမှန်မှန် သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။

ဟာသဘက်ကိုတော့ Ryan Gosling ပဲ သယ်ရတာပေါ့လေ။ ဒါပေမဲ့ Blade Runner 2049 ကနဲ့တော့ မတူတော့ပဲ ခပ်သွက်သွက် အူကြောင်ကြောင်စရိုက်ကို ပေါ်လွင်အောင် ဖော်ကျူးသွားပါတယ်။

ဇာတ်ကြောင်းဆိုတာထက် ဇာတ်ကွက်ကို အသားပေးတဲ့ဇာတ်လမ်းဖြစ်တာမို့ spoiler alert သိပ်မရှိဘဲ ကြည့်ရှုနိုင်မှာပါ။ ဇာတ်လမ်းကိုက ဘာဖြစ်မယ်ဆိုတာ အစောကြီးက သိပြီးထားပြီမို့ ဘယ်လိုတင်ပြသွားမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမယ့်ဇတ်လမ်းဖြစ်ပါတယ်။

အခြေခံ Theme အရလည်း ဇာတ်လမ်းကျောရိုးက အရင်းရှင်ဗျူရိုကရေစီတွေနဲ့ နစ်နာသူပြည်သူတွေကြားက ဖန်တရာတေဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ပြောင်းပြန် လူကောင်းတွေက ကျရှုံးရတဲ့ဇာတ်မလို့ အရသာတစ်မျိူး ရနေဦးမှာပါ။

ဘာမဆို အလွဲလုပ်တတ်တဲ့ ကမ္ဘာပေါ်က အညံ့ဆုံးစုံထောက်ကြီး မာ့ခ်ျ ရယ်၊ ပိုက်ဆံရရင် လူတွေကိုလိုက်ရိုက်ပေးတတ်တဲ့ လူမိုက်ကြီး ‌ဟေလီ ရယ်၊ 13 နှစ်သမီး ဟိုလီ ရယ်တို့က ကားလောကရဲ့ ကြီးသုံးကြီးကိုဆန့်ကျင်လို့ နံရံကို ခေါင်းနဲ့ဝင်ဆောင့်မိတဲ့အဖြစ်ကို တွေ့မြင်ရမှာပါ။

အရင်းရှင်များ ရပ်တည်နိုင်ရေးအတွက် သမီးကိုတောင် ချနင်းရက်နိုင်တဲ့ တရားရေးရာဌာနရဲ့ ဌာနမှူးကို အပြစ်ရအောင် စွမ်းနိုင်ခဲ့ပေမဲ့ ရေသောက်မြစ်ကြီးကတော့ ပန်းပန်လျက်ပဲဖြစ်နေတာကို အသည်းမပေါက် အေးဆေးတည်ငြိမ်စွာ လက်ခံသွားတဲ့ မင်းသားကြီးနှစ်ဦးရဲ့ ပြောင်မြောက်တဲ့အမူအရာတွေကို ပြန်လည်ခံစား ကြည့်ရှုကြပါဦးစို့ရဲ့လားဗျာ။

မင်းသမီး Margaret Qualley တယောက် အရမ်းလှနေတာကလဲ ဒီကားကို ကြည့်သင့်တဲ့အချက်တချက်ပါပဲ။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

File size…(4.7 GB)/ (1.6 GB )/(1.1 GB)
Quality…WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:55:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Arr Khun Winchester



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Nice Guys
Director
Shane Black
Stars
Angourie Rice, Matt Bomer, Russell Crowe, Ryan Gosling
Release Date
20 May 2016 (USA)
Rated
R
Runtime
1h 56min
Awards
9 wins & 34 nominations.
Country
USA
Budget
USD $50 000 000,00
Revenue
USD $71 261 763,00
Popularity
35.099
Status
Released
ID IMDb.com
tt3799694
IMDB Rating
7.4
IMDB votes
273,894
ID Themoviedb.org
290250
TMDb Rating
7.122
TMDb votes
7917