Exit print mode Print Data A+ A- Undo all

The Little Comedian (2010)

Will you love me, if I'm not funny?
The Little Comedian (2010)The Little Comedian (2010)

Synopsis:

442

The Little Comedian (2010)

IMDb Rating (6.8)

2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။

အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။

ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့

ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။

ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။

သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။

ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။

မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့*

ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့*

ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့*

မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင်

တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်..

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်)

File size…(1.4 GB) / (3.8 GB )
Quality….WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Duration….02:07:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by Dao Phyo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
2.256
Status
Released
ID IMDb.com
tt1876250
IMDB Rating
6.8
ID Themoviedb.org
50591
TMDb Rating
6.5
TMDb votes
9