Exit print mode Print Data A+ A- Undo all

The Invention of Lying (2009)

In a world where everyone can only tell the truth... This guy can lie.
The Invention of Lying (2009)The Invention of Lying (2009)

Synopsis:

The Invention of Lying (2009)

 

442

~ IMDb – 6.4/10, Rotten Tomatoes – 55% ~

မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။

ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။

မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ သူ့ကို အရှုံးသမားလို့ပဲ အားလုံးကခေါ်ကြတာဆိုတော့ကာ…
တနေ့မှာတော့ မာ့ခ် တယောက် မရည်ရွယ်ဘဲ မုသားစကားတစ်ခွန်းကို ပါးစပ်ကပြောမိသွားတယ်။ကမ္ဘာ့ပထမဆုံးမုသားကို တီထွင်မိသူပေါ့လေ။ လူတွေကလည်း မုသားဆိုတဲ့ အဓိပ္ပာယ်အစစ်ကို မသိကြသူတွေဆိုတော့ သူပြောသမျှကို အမှန်လို့ပဲလက်ခံပြီး ယုံကြည်ပေးကြတာကို သိလိုက်ရတဲ့အခါ သူဟာ စူပါပါဝါတစ်ခုကို ရလိုက်သလို ဖြစ်သွားပါတော့တယ်။ အဲဒီနောက် သူ ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရင်း ဆက်လက်ရှုစားကြပါ။

ဒီကားရဲ့အဓိကသရုပ်ဆောင် အင်္ဂလိပ် ဟာသ သရုပ်ဆောင် Ricky Gervais (ရစ်ကီ ဂျာဗေးဇ်) ကိုတော့ ဒီကပရိသတ်တွေ သိတာနည်းမယ်ထင်ပါတယ်။ Night at the Museum ထဲက ပြတိုက်မှူးကြီးဆိုရင်တော့ should ring a bell ဖြစ်နိုင်ပါလိမ့်မယ်။ ဇာတ်ကားတလျောက်လုံးမှာ သူ့ရဲ့ British English accent ကို ကြားရမှာပါ။ အမေရိကန်တွေစကားပြောပုံနဲ့တော့ မတူလှဘူးပေါ့ခင်ဗျာ။ မင်းသမီး ဂျနီဖာ ဂါနာ (Jennifer Garner) ကိုတော့ သူ့ရဲ့ Elektra ဇာတ်ကားကနေ နောက်ဆုံးထွက် The Adam Project ဇာတ်ကားထိအောင် ကြည့်ဖူးကြသူတွေ သိကြမှာပါ။

ဒီဇာတ်ကားဟာ IMDb rating 6.4 ရရှိထားပါတယ်။ Romance/Comedy လို့ဆိုပေမယ့် ကြည့်ရတဲ့အခါ လူ့သဘာဝနဲ့ ခေတ်စနစ်တွေကို သရော်တဲ့ dark humour ဆန်‌ဆန် ပြကွက်တွေလည်း တွေ့ရပါလိမ့်မယ်။ ကလိထိုးပြီးရယ်ခိုင်းတဲ့အကွက်မျိုးတွေတော့ မပါပါဘူး။ တစိမ့်စိမ့်နဲ့ တွေးပြီး ရယ်ရမယ့် ဇာတ်လမ်းမျိုးပါ။ နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 2.5GB, 800MB
Quality – Blu-ray 1080p, 720p
IMDb Rating – 6.4/10
Format – mp4
Duration – 1H 40Min
Genre – Comedy, Fantasy, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Thaman Myint
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Ricky Gervais
Stars
Fionnula Flanagan, Jeffrey Tambor, Jennifer Garner, Jonah Hill, Louis C.K., Ricky Gervais, Rob Lowe, Stephanie March, Tina Fey
Release Date
2009
Rated
PG-13
Runtime
1h 40min
Awards
1 nominations
Country
United Kingdom
Budget
USD $18 500 000,00
Revenue
USD $32 406 507,00
Popularity
18.862
Status
Released
ID IMDb.com
tt1058017
IMDB Rating
6.4
IMDB votes
139000
ID Themoviedb.org
23082
TMDb Rating
6.2
TMDb votes
1626