IMDb – 7.10 / Rotten tomatoes – 85%
ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး …
၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့
နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေ
လုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…
ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ?
ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် …
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှ
ာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ်
၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီး
လူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ်
ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ်
တိုးတက်လာတဲ့ခေတ်ကြီးမှာ ကမ္ဘာကြီးကို ပိုမိုနီးကပ်အောင် ကြိုးစားခဲ့ကြတာကနေ နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးက လူတွေကိုပိုမို ဝေးကွာစေခဲ့ပါတယ်…
ဒါတွေဟာ နိုင်ငံတိုင်းလိုလိုမှာဖြစ်နေတာပါ …
လူမှုကွန်ယက်တွေကိုအသုံးချပြီး အမျိုးမျိုးသွေးခွဲဝါဒဖြန့်မှုတွေကို ဇူကာဘက်တို့လို ကြီးမားတဲ့
နည်းပညာကုမ္ပဏီပိုင်ရှင်တွေက သိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေတာကြပါတယ် …
ဒါတွေအားလုံးကို ဒီထဲမှာ ရှင်းလင်းရိုက်ကူးပြထားပါတယ်…
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)
File Size : (950 MB) and (470 MB)
Quality : NF WEB-DL 720p
Running Time : 1h 58min
Format : Mp4
Genre : Documentary
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.NF.WEBRip.DDP5.1.x264-NTG
Translated by Zuel Khant Thwin
Encoded by THZ
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။