Exit print mode Print Data A+ A- Undo all

The Fix (2024)

We're the problem. She's the solution.
The Fix (2024)The Fix (2024)

Synopsis:

 

ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ

442

တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်း

အကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့်

လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ်

ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့

တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင်

ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေ

တပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ

တစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက်

ကြီးထွားလာပါတယ်။

ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။

Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReum

ဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့

၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ်

ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။

ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကို

လျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့

သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်…

ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာ

ထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေက

ဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။

တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့

အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့်

လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး…အမြဲတမ်း

အတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက်

စိတ်ဆင်းရဲနေရပါတယ်…

တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီး

သူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေး

တစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေ

ဖြစ်လာပါတယ်…

ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်း

သူ့ခန္ဓာကိုယ်က AIReum ဆေးထက်ကိုပိုပြီး လေထုအဆိပ်အတောက်ကို

ဓာတ်ပြယ်စေတဲ့ဒြပ်စင်တွေ ထုတ်လွှတ်နေတာကြောင့်…

အဲဒါကို သိရှိသွားတဲ့ Athera လုပ်ငန်းစုက သူ့ကို အပိုင်ဖမ်းပြီး

AIReum တွေ အကန့်အသတ်မရှိထုတ်ကာ စီးပွားရှာဖို့ ကြံစည်ရာကနေ

ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်…

 

File size… (1.24GB) / (729MB )
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 30m
Genre …..Action  , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Chothet_mlmt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
12.279
Status
Released
ID IMDb.com
tt10284944
IMDB Rating
5.0
ID Themoviedb.org
931940
TMDb Rating
6.2
TMDb votes
5