The Dreamers (2003)
IMDb Rating (7.1)
Genre: Erotic/Romantic/Drama
The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။
မင်းသမီးချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်နိုင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး
ဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။
မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။
++++++++++++++++++++++++++++++
ဇာတ်လမ်းအညွှန်းကိုတော့ Out of Mind Fb Page က အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။
Spoiler Alert….
The Dreamers (2003)
ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့
ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။
“ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။”
ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။
The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လို့ရမလဲ။ သူတို့ကို ကြည့်နေရတာက ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကြည့်နေရသလို ခံစားချက်ကိုရတယ်။ ပြင်ပကမ္ဘာကိုကြောက်လို့ ဒီရုပ်ရှင်ထဲမှာ လာဖြေဖျောက်နေပေမယ့် ဒီရုပ်ရှင်ကပဲ ထပ်မံပြီးတော့ ကျနော်တို့ရဲ့ အခြေအနေကို မှန်တချပ်လို မီးမောင်းပြန်ထိုးပြနေတယ်။
အမြွာနှစ်ယောက်ဟာ အရွယ်ရောက်မှုကိုငြင်းဆန်ပြီး ကလေးဘဝထဲမှာ ပြန်ပုန်းတာပဲဖစ်တယ်။ Matthew ကိုလည်း သူတို့လို ကလေးငယ်အဖြစ်ပြန်ပြောင်းချင်တဲ့အတွက် သူ့ရဲ့ လိင်အင်္ဂါ က အမွှေးတွေကို မောင်နှမနှစ်ယောက်က ရိတ်ဖို့ ကြိုးစားတဲ့အခန်းမှာတွေ့ရမယ်။ အဲဒီအခန်းမှာပဲ Matthew ကစိတ်ပေါက်ပြီး သူတို့နှစ်ယောက်ကို ဒီလိုမျိုးကလေးဘဝထဲမှာပဲပိတ်မိနေလို့မရမှန်း ပြောတယ်။
အမြွာမောင်နှမနှစ်ယောက်က
တကယ့်အပြင်ကိုထွက်ပြီး သူတို့ရဲ့စိတ်ကူးယဥ်မှုတွေ အိပ်မက်တွေ လွတ်လပ်မှုတွေပျောကိဆုံးသွားမယ့် အခြေအနေကိုအမြဲတမ်းကြောက်နေခဲ့တယ်။ ကျနော်တို့လည်းဒီလိုပဲမဟုတ်ပါလား။လူသားတွေရဲ့ အကြောက်ရွံ့ဆုံးအခြေအနေဟာ တဖြည်းဖြည်း အသက်ကြီးလာပြီးလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ဖို့ မိမိ ဆန္ဒတွေကိုချိုးနှိမ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ ရုပ်သေးရုပ်တရုပ်အဖြစ် မြင်လိုက်ရတဲ့အခြေအနေပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး ကြောက်ရွံ့လာတဲ့အခါ ပြင်ပကမ္ဘာကိုငြင်းဆန်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်ကြတယ်။ကျနော်တို့က အကန့်အသတ်ဖြစ်မှုတွေကိုကြောက်ရွံ့ကြလို့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အတွေးနယ်ချဲ့ ကြရင်း ပြင်ပကမ္ဘာကို ငြင်းဆန်ကြတယ်။ ဘဝရဲ့ရှုပ်ထွေးမှုတွေ ရွေးချယ်မှုတွေ တာဝန်တွေကိုမရင်ဆိုင်ရဲလို့ ရှောင်ပုန်းကြတယ်။
အပြင်ဘက်မှာရှိနေတဲ့ မှန်တွေကိုရင်ဆိုင်ပြီး အဲလိုမျိုး မှန်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရမှာပဲ ဖြစ်တယ်။ ဒါမယ့် သူတို့ဟာ အိမ်ထဲမှာပဲနေရင်း သူတို့ရဲ့ပြတင်းပေါက်အပြင်မှာတင်ဖြစ်နေတဲ့အရေးအခင်းတွေကိုမေ့ထားရင်း ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေခဲ့တယ်။
ဇာတ်လမ်းရဲ့အဆုံးမှာ သူတို့အိမ်အပြင်ဘက်ကနေ ကျောက်တုံးတစ်တုံးက သူတို့ရဲ့အခန်းထဲကို ပြတင်းပေါက်ဖြတ်ပြီးဖောက်ခွင်းဝင်လာတယ်။အဲဒီကျမှပဲ သူတို့ရဲ့ ကမ္ဘာငယ်လေးကပျက်ပြယ်သွားပြီး အပြင်ကိုထွက်ကြည့်တော့ ဆန္ဒပြသူတွေနဲ့ပြည့်နေတဲ့ ပဲရစ်ရဲ့လမ်းမကိုတွေ့တယ်။သူတို့တွေအဲ့ဒီလမ်းမပေါ်ကိုရောက်ရှိလာတယ်။
ကျနော်တို့ကရော ကျနော့်တို့ကမ္ဘာငယ်လေးထဲက ပြတင်းမှန်ကိုဘယ်လိုမျိုးခွဲကြမလဲ။
(ရုပ်ရှင်အညွှန်းကို Out of Mind FB Page မှ ကူးယူဖော်ပြပါသည်။)
File size…(6.7 GB)/ (2.2 GB )/(1.4 GB)
Quality…WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:55:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Lucifer Maximoff
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။