Exit print mode Print Data A+ A- Undo all

The Discloser (2017)

Injustice Cannot Overcome Justice
The Discloser (2017)The Discloser (2017)

Synopsis:

The Discloser (2017)
***********************
“The Discloser” (ကိုရီးယားနာမည်: 1급기밀 ) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ပြသထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒါရိုက်တာ Hong Ki-seon ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး သူဟာ ဒီကားပြီးပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဓိက သရုပ်ဆောင်တွေအ‌နေနဲ့ကတော့ Kim Sang-kyung, Kim Ok-vin ,Choi Moo-sung နဲ့ Choi Gwi-hwa တို့ပါဝင်ရိုက်ကူးထားပြီးတော့
ဒီအဓိကသရုပ်ဆောင်တွေအပြင် Jung Il-woo, Shin Seung-hwan, Seo Hyun-woo နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။

 

442

ဇာတ်လမ်းအကျဉ်းချုပ်
*******************

ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်‌လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူ့အထက်အရာရှိ ဗိုလ်ချုပ် Cheon Hyeon-seok က ဒီအကျင့်ပျက်ခြစားမှုတွေကို ခွင့်ပြုရုံမက အားပေးနေတာကို တဖြည်းဖြည်း တွေ့လာရပါတယ် ဗိုလ်ချုပ်ရဲ့ ဖိအားပေးမှုနဲ့ ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိတွေကြားမှာ Park Dae-ik ဟာ အဖြစ်မှန်ကို သိလျက်နဲ့ ဆိတ်ဆိတ်နေဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ချွတ်ယွင်းနေတဲ့ စက်ပစ္စည်းကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်ကျင့်တရားက ဆိတ်ဆိတ်မနေဖို့ တွန်းအားပေးလာပါတော့တယ်။

အဲဒီနောက်မှာ Park Dae-ik ဟာ လျှို့ဝှက်စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်တပ်နဲ့ အမေရိကန် Air Star
ကုမ္မဏီတို့ကြားက လျှို့ဝှက်သဘောတူညီမှုတွေကို သိရှိသွားပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သတင်းထောက် Kim Jung-sook နဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။

ဒီဇာတ်ကားလေးဟာ စစ်တပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဖော်ထုတ်သူတစ်ဦးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။

(ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်)

 

File Size – 1.1 GB/ 514 MB
Quality – WEB-DL 1080p/ 720p
Duration – 1h 40m
Format – mp4
Genre – Action, Thriller
Subtitle – Myanmar Subtitle (Hard Sub)
Translated by – Miri
Encoded by – Treasure Htet



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
0.3347
Status
Released
ID IMDb.com
tt6955808
IMDB Rating
6.5
ID Themoviedb.org
464927
TMDb Rating
6.7
TMDb votes
6