The 400 Blows (1959)
Angel faces hell-bent for violence.

Synopsis:
The 400 Blows (1959)
~ IMDb – 8.1/10, Rotten Tomatoes – 99% ~
ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။
François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေတော့ မြင်ရမှာတော့မဟုတ်ဘူး။
ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။
ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 3.6GB, 1.4GB
Quality – BluRay 1080p, 720p
IMDb Rating – 8.1/10
Format – mp4
Duration – 1H 39Min
Genre – Crime, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။