Exit print mode Print Data A+ A- Undo all

Thandel (2025)

Thandel (2025)Thandel (2025)

Synopsis:

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း

IMDb 6.9/10

442

အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား
ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့
သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း
မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။

လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့
မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက
သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။

ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့
ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။

စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့
သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။

တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ
သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊
မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့
ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ
ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။

ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့……

ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊
ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊
တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊
သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။

အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

File size… 3.4 GB / 1.6 GB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….2h 25m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by STAR~ToMo~KKKZ~Zwe Yan



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Chandoo Mondeti
Stars
Babloo Prithiveeraj, Kalpalatha, Karunakaran, Mahesh Achanta, Naga Chaitanya Akkineni, Parvateesam, Prakash Belawadi, Sai Pallavi, Sundip Ved
Country
India
Budget
USD $6 400 000,00
Revenue
USD $20 000 000,00
Popularity
2.269
Status
Released
ID IMDb.com
tt27907811
IMDB Rating
6.8
IMDB votes
1.5k
ID Themoviedb.org
1208735
TMDb Rating
7.1
TMDb votes
10