Terrifier 3 (2024)
You better not shout, you better not cry.

Synopsis:
နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့
သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့
အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။
ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင်
ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာက
လက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့
သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာ
မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင်
တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲ
ရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။
အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကို
ဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြု
လုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။
အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
***************
ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာ
ဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေး
ဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီး
ပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ်
လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာ
အဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့
စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ သူ့ရဲ့အပေါင်းအပါတို့
ပြန်ပေါ်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက်
လိုက်လုပ်ရင်းနဲ့ ဆီရန်နာကို ဖျက်ဆီးဖို့ ကြိုးစားကြပါတော့တယ်။
File size…2.88GB / 1.11GB
Quality…WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….2h 5m
Genre ….. Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Mr.Anderson
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။