Exit print mode Print Data A+ A- Undo all

Superboys of Malegaon (2024)

There are no rules in filmmaking.
Superboys of Malegaon (2024)Superboys of Malegaon (2024)

Synopsis:

Superboys of Malegaon (2025)”မာလေဂွန်ရဲ့ အာဂလူငယ်များ”
=================================================

Netflix ရဲ့ White Tiger ရုပ်ရှင်ထဲမှာ ဇာတ်လိုက်နေရာက
သရုပ်ဆောင်ခဲ့တဲ မင်းသား အာဒါ့ရှ်ဂေါ်ရပ်ဗ်ရဲ့ အသစ်ထွက်ရှိထားတဲ့
ခေတ်ဟောင်းဆန်ဆန် ရုပ်ရှင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။

442

ဒီရုပ်ရှင်လေးဟာဆိုရင် ၉၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး IMDb တို
ခရမ်းချဉ်သီးတိုမှာလည်း rating ကောင်းတွေ ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ်တွေတုန်းက အိန္ဒိယနိုင်ငံတဝှမ်းမှာ ရုပ်ရှင်ရုံတွေ
ခေတ်စားခဲ့သလို နယ်မြိုတွေမှာလည်း ဗွီဒီယိုရုံတွေ ခေတ်စားခဲ့ပါတယ်။

နာဆီရ်ဆိုတဲ့လူငယ်လေးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မာလေဂွန်ဆိုတဲ့မြိုလေးမှာ
ဗွီဒီယိုရုံတစ်ခုဖွင့်ထားပြီး မင်္ဂလာပွဲတွေ၊ မွေးနေ့ပွဲတွေမှာ ဓာတ်ပုံ၊
ဗွီဒီယိုလိုက်ရိုက်နေတဲ့ အချိန်ပိုင်း ဓာတ်ပုံဆရာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ နာဆီရ်ရဲ့ ဗွီဒီယိုရုံမှာပြတဲ့ ရုပ်ရှင်ကားတွေက သမားရိုးကျ
အိန္ဒိယရုပ်ရှင်တွေမဟုတ်ဘဲ ဝာရုဝာ်သိုင်းကားတွေ၊ ချာလီချက်ပလင်လို
ဟောလီးဝုဒ်ကားတွေဖြစ်နေတဲ့အတွက် တခြားရုံတွေလို
ရုံမပြည့်ဘဲ ကြည့်တဲ့သူနည်းပါးနေပါတယ်။

အဲဒီလို ဗွီဒီယိုရုံ လူဝင်နည်းတာကြောင့် အစ်ကိုဖြစ်သူရဲ့ အညှော်ခံနေရတဲ့ နာဆီရ်ဟာ
သူ မြိုကနေသင်လာတဲ့ ဖြတ်ညှပ်ကပ်နည်းလမ်းကိုသုံးပြီး ရုပ်ရှင် ၄ ကားလောက်က ကောင်းခန်းတွေကို
ဖြတ်ဆက်ကာ ၄ ကား ၁ ကား ပြကြည့်တဲ့အခါမှာတော့ လူတွေ
အကြိုက်တွေ့ကြပြီး သူ့ဗွီဒီယိုရုံလည်း လူတွေပြန်ဝင်၊ အောင်မြင်လာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလိုအောင်မြင်တာတွေကို မရှုစိမ့်တဲ့ ပြိုင်ဘက်ရုံတွေက ချွန်လိုက်တဲ့အတွက်
ဖြတ်ညှပ်ကပ် ခိုးကူးလုပ်တယ်ဆိုပြီး သူ့ရဲ့ဗွီဒီယိုရုံကို ရဲတွေဝင်မွှေသွားတဲ့အခါမှာတော့
မဟုတ်မခံစိတ်ရှိသူတစ်ယောက်ဖြစ်တဲ့ နာဆီရ်ဟာ ငါ့ဘာသာရုပ်ရှင်ရိုက်ပြီး
ငါ့ရုံမှာတင်ရင် ဘယ်ကောင့်မှကြောက်စရာမလိုဘူးလိုကြုံးဝါးကာ
ရုပ်ရှင်ပညာကို ကိုယ်တိုင်လေ့လာပြီး မြိုခံသူငယ်ချင်းတွေရဲ့အကူအညီနဲ့
သူတိုမြိုလေးရဲ့ ပထမဆုံးရုပ်ရှင်ကား ရိုက်ကူးဖိုကြိုးစားတဲ့အခါမှာတော့..
သူ့ရဲ့အစီအစဉ် အောင်မြင်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို
ဒီရုပ်ရှင်လေးထဲမှာ စိတ်အားတက်ကြွဖွယ် မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။

(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

File size… 2.3 GB / 1.2 GB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….2h 7m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Reema Kagti
Stars
Abhinav Grover, Adarsh Gourav, Ali Abbas, Amita Pavera, Ananya Pathak, Anmol Kajani, Anuj Singh Duhan, Athar Nawaaz, Atharva Kulkarni, Chetan Mishra, Dhananjay Kapoor, Gyanendra Tripathi, Harshad Kumar, Harshad Shah, Iqbal Shaikh, Jagdish Rajpurohit, Manjiri Pupala, Mayuriesh Dhaliwal, Mukkem Arshad, Muskkaan Jaferi, Nand Kumar Deshpande, Neha Mishra, Nirbhay Jain, Nitin Salunke, Pallav Singgh, Pradeep Baghel, Ranjit Deval, Riddhi Kumar, Sanjay Dadich, Saqib Ayub, Shakeel Dada, Shankar Dada, Shashank Arora, Sohail Anwar Shaikh, Suyas Yashpal, Varad Bhatnagar, Vineet Kumar Singh, Yash Yogendra
Rated
12A
Country
India
Popularity
6.6419
Status
Released
ID IMDb.com
tt28007064
IMDB Rating
7.9
IMDB votes
1.6k
ID Themoviedb.org
1226572
TMDb Rating
8.8
TMDb votes
4