Exit print mode Print Data A+ A- Undo all

Seire (2021)

Seire (2021)Seire (2021)

Synopsis:

Seire (2021)

*****************

442

IMDb….. 5.8

 

“ရှေးထုံးလည်း မပယ်နဲ့၊ ‌ ဈေးသုံးလည်း မလွယ်နဲ့” ဆိုသလိုပေါ့ ကိုရီးယားမှာ ရှေးလူကြီးပြောကြတဲ့

အယူရှိပါတယ်။  ကလေးမွေးဖွားပြီး ၂၁ ရက် မပြည့်ခင် အချိန်မှာ အိမ်ထဲကိုလည်း အပြင်လူ

ဝင်ခိုင်းလို့မရသလို တခြားလောကသားတွေ အိမ်ထဲကို မဝင်နိုင်အောင်လည်း ကြိုးနဲ့ စည်းတားထားရမယ်တဲ့။

အဲဒါမှသာ မွေးကင်းစကလေးက လူ့လောကထဲကို  ဘေးကင်းကင်းနဲ့ ဝင်ရောက်လာနိုင်မှာ ဖြစ်တယ်။

ကလေးမွေးဖွားပြီး ၂၁ ရက်တာ အတွင်းမှာ  နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေက ကလေးကို

အနှောင့်အယှက်ပေးတာတွေ ကျိန်စာတိုက်တာတွေ လုပ်နိုင်တဲ့အတွက် အထူး ဂရုစိုက်ရပါတယ်။

အခုမှ သားဦးလေးကို မွေးခဲ့တဲ့ ဟယ်မီနဲ့ သူ့အမေက အဲဒီအယူအဆတွေကို ယုံယုံကြည်ကြည်နဲ့

ကလေး ဘေးကင်းဖို့ အကုန် လိုက်လုပ်ပေမဲ့ ဟယ်မီရဲ့  ခင်ပွန်းသည်ဖြစ်သူ ဝူဂျင်းက လက်မခံချင်ပေ။

တစ်နေ့မှာ ဝူဂျင်းဆီကို သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ သေဆုံးကြောင်း အကြောင်းကြားစာတစ်စောင်

ရောက်လာခဲ့တယ်။ အဲဒီအခါမှာ ရည်းစားဟောင်းဖြစ်သူရဲ့ ဈာပနာပွဲကို သွားဖို့ ပြင်ခဲ့ရာ ဇနီးသည်က

ကလေး ၂၁ ရက်မပြည့်သေးလို့ မသွားပါနဲ့လို့ တားသော်လည်း လက်မခံဘဲ ဇွတ်သွားခဲ့တယ်။

ဈာပနာပွဲကို သွားရာကနေ မကောင်းတဲ့ အရာတစ်ခုခုက ဝူဂျင်းနောက်ကနေ ကပ်ပါလာခဲ့ရာ

ဝူဂျင်းတို့ မိသားစု ကံဆိုးမိုးမှောင်ကျပေတော့တယ်။ အဲဒီအခါမှသာ ဝူဂျင်းက သူ ဘာမှားသွားလဲဆိုတာကို

တဖြည်းဖြည်း ‌သဘောပေါက်လာတော့တယ်။

ဒီကားလေးက‌တော့ တစ်ခါတလေကျရင်လည်း ရိုးရာ ထုံးတမ်းဓလေ့ အယူအဆကို သွေဖည်ပြီး အမှတ်တမဲ့

လုပ်မိလိုက်ရာကနေ လွဲချော်မှု ကံဆိုးမှုတွေ ဖြစ်တတ်တဲ့အကြောင်း ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်တာမို့

ဒီလို ဇာတ်လမ်းအမျိုးအစားကို စိတ်ဝင်စားကြရင် ကြည့်သင့်ပါကြောင်း…

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Miri ပဲ ဖြစ်ပါတယ်။)

 

File Size : 1.18GB/430MB
Quality : WEB-DL 1080p/ 720p
Format…mp4
Duration…01:42:04
Genre : Horror, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Miri
Encoded by Tiff



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
0.1664
Status
Released
ID IMDb.com
tt15482470
IMDB Rating
5.8
ID Themoviedb.org
874537
TMDb Rating
7
TMDb votes
3