Channel Myanmar

2022

A Girl in My Room (2022) 6.6
A Girl in My Room (2022) A Girl In My Room (2022)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | ...
movie

A Girl in My Room (2022)

2022
The Boat (2022) 4.9
The Boat (2022) The Boat (2022) ============ဇိမ်ခံရွက်လှေစီးပြီး အပန်းဖြေခရီးထွက်တဲ့ စုံတွဲသုံးတွဲ မထင်မှတ်ထားတဲ့အရာနဲ့ကြုံတွေ့လိုက်ရတဲ့အခါ။ ကျောင်း တုန်းက ငယ်သူငယ်ချင်းတွေ အတူပြန်ဆုံပြီး အပန်း‌ဖြေခရီး ထွက်ဖို့အတွက် အတွဲကိုယ်စီနဲ့ ရွက်လှေပေါ်ကို ရောက်လာ ကြတယ်။ရောက်ရောက်ချင်းနေ့ရဲ့ ညနေခင်းမှာ မွေးနေ့ပွဲကျင်းပရင်း သောက်စားမူးယစ်ပြီး အကုန်အိပ်ပျော်သွားကြတယ်။ ဒါပေမဲ့ မနက်မိုးလင်းတဲ့အခါမှာတော့ လှေပေါ်မှာ ရိက္ခာတွေရော ဆီတွေပါမရှိတော့တဲ့အပြင် ကျောက်ဆူးပါ မချထားတဲ့အတွက် ပင်လယ်ပြင်ကြီးထဲ ‌မျောပါသွားကြတယ်။ အားလုံးအထိတ် တလန့်ဖြစ်နေတဲ့အချိန်မှာပဲ ဝေါကီတောကီကနေ လူတစ်ယောက် ဆက်သွယ်လာပြီး တောင်းဆိုမှုတွေလုပ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.79 GB) / (814 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Khant Sett Naing Encoder..........SWM
movie

The Boat (2022)

2022
Inside the Mind of a Cat (2022) 6.9
Inside the Mind of a Cat (2022) Inside the Mind of a Cat (2022) IMDb - 6.9 "ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ"ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းကကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလိုကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်းခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင်(၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမကကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်းအများကြီးလုပ်လာနိုင်ခဲ့ပါပြီ။ ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့ကကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန်ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့Documentary တစ်ပုဒ်ဖြစ်တဲ့အပြင်ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။ File size…     1.2 GB /   588 MB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 7m Genre ..... Documentary Subtitle…. Myanmar ...
movie

Inside the Mind of a Cat (2022)

2022
I Heard the Bells (2022) 7.1
I Heard the Bells (2022) I Heard the Bells (2022) =================ဒီကားလေးကတော့ သာမာန်ခရစ်စမတ်ကားလေးတွေနဲ့မတူပဲ ဖြစ်ရပ်မှန်ကားလေးကို Documentary ဆန်ဆန်ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့ ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်း လောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကား နာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့ ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800 ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီး Longfellow ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellow ဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်း အရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။ သာမာန် ခရစ်စမတ်ကားတွေနဲ့ကွဲထွက်နေတဲ့အပြင် အနှစ်သာရရှိလှတဲ့ ဆရာကြီး Longfellow ရဲ့လက်ရာကဗျာလေးတွေကိုပါ တစိတ်တပိုင်း ထိတွေ့ခွင့်ရ မယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.49 GB) / (618 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thetti Tun Encoder..........SWM
movie

I Heard the Bells (2022)

2022
Udal (2022) 6.9
Udal (2022) Udal (2022) IMDb 7/10ကိုဗစ်ကာလ တတိယလှိုင်းမလာခင်လေးမှာပေါ့.. အိပ်ရာထဲ ဘုန်းဘုန်းလဲနေတဲ့ ယောက္ခမဖြစ်သူကို မချစ်သော်လည်းအောင့်ခါနမ်းပြီး ပြုစုနေရတဲ့ရှိုင်နီ .. ယောက္ခထီးကတော့ အရိုးပေါ်အရေတင်နေတဲ့သူ့မိန်းမကို မင်းသမီးတစ်ယောက်လိုပဲချစ်တုန်း ယုယတုန်းပေါ့ မိန်းမမျက်နှာတစ်ကမ္ဘာနဲ့ မိန်းမကိုတုန်နေအောင်ချစ်ရှာတဲ့ ဒီအဘိုးကြီးလင်မယားကြား ဝင်လာတဲ့မုန်တိုင်းတစ်ခုကတော့ သူတို့ချွေးမရှိုင်နီပါပဲရှိုင်နီဆိုတာမြို့ထဲကလူတွေကပါ ဆွဲဆောင်မှုအရမ်းကောင်းတဲ့မိန်းမအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့အထိရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အပြစ်ပြောစရာတစ်ခုမှမရှိတဲ့ကောင်မလေး ဒါပေမဲ့ယောကျာ်းဖြစ်သူကအဝေးမှာမို့ အချစ် ဆာလောင်မှုကို ငတ်မွတ်နေသူ ကလေးကတစ်ဖက် လူနာကိုတစ်ဖက် ဆာလောင်မှုကတစ်ဖက်နဲ့ဗျာများနေတဲ့ ရှိုင်နီတစ်ယောက် မကြံကောင်းမစည်ရာဆိုတဲ့ ယောက္ခမကိုသတ်ဖို့ သူ‌နဲ့အတူဖောက်ပြန်နေတဲ့ကီရန်ဆိုသူနဲ့တိုင်ပင်ပါတော့တယ် ဒီအကြံကိုသိသွားတဲ့အဘိုးကြီးတစ်ယောက် သူ့မိန်းမကိုကယ်တင်နိုင်မှာလား ရှိုင်နီတို့အကြံပဲအောင်မြင်သွားမလားဆိုတာကတော့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ V ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ် ) File size…1GB / 500MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Udal (2022)

2022
A Prince and Pauper Christmas (2022) 5.5
A Prince and Pauper Christmas (2022) A Prince and Pauper Christmas (2022) ===========================ဒီဇာတ်ကားလေးကတော့ အလုပ်အရမ်းကြိုးစားတဲ့အေးဂျင့် မက်ဝေါလ်နဲ့ ဂျာကိုးဗီးယားနိုင်ငံကမင်းသားတို့ရဲ့ အချစ်ဇာတ် လမ်းလေးပါ။ အေးဂျင့်မက်ဝေါလ်နဲ့အမှုလိုက်နေတဲ့ သူလျှိုပက် ထရစ်ဟာထွက်ပြေးသွားပြီး ကယ်လီဖိုးနီးယားကိုတာဝန်နဲ့လာတဲ့ မင်းသားလေးနဲ့တွေ့ခဲ့တာပါ။ မင်းသားလေးဟာ ပက်ထရစ်နဲ့ရုပ် ချင်းဆင်ပြီး သူမရဲ့သူလျှိုအနေနဲ့ဟန်ဆောင်ပေးကာ အမှုကိုဘယ် လိုဖော်ထုတ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်လို့ရနိုင်မယ့် ခရစ္စမတ် ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.6 GB) / (620 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Mystery Translator.......Nang Aye Myat Phoo Encoder..........SWM
movie

A Prince and Pauper Christmas (2022)

2022
Something You Said Last Night (2022) 5.6
Something You Said Last Night (2022) Something You Said Last Night (2022)~ IMDb - 5.6/10, RT - 93%, Meta - 78% ~ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 770MB Quality - 1080p, 720p IMDb Rating ...
movie

Something You Said Last Night (2022)

2022
The Christmas Checklist (2022) 6.7
The Christmas Checklist (2022) The Christmas Checklist (2022) =======================အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့ မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမ အတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူ ရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက် ၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။ခရစ်စမတ်ရဲ့ ကြည်နူးစရာ‌ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည် မရှိ‌တော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ် စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြ မလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရော ဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmark ဇာတ်ကားလေးမှာ ရှူစား‌အားပေးကြပါဦးခင်ဗျ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(2.51 GB) / (718 ...
movie

The Christmas Checklist (2022)

2022
Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
Run Sweetheart Run (2022) 5.5
Run Sweetheart Run (2022) Run Sweetheart Run (2022) =====================လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေး တစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ် လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ် ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီး ဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းက ကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။ သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင် နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့ နီးကပ်လာတိုင်း "ပြေးထား အသည်းလေး ပြေးထား"ဆိုတာပဲ ကြားနေမိ တယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေ ပြေးနိုင်ပါ့မလားဆိုတာကိုတော့.....ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့် ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(1.3 ...
movie

Run Sweetheart Run (2022)

2022
Dust and Ashes (2022) 2.9
Dust and Ashes (2022) Dust and Ashes (2023)"ဘဝရဲ့မီုးခိုးငွေ့များ"ဘဝဆိုတာ ရုန်းကန်နေရသူအဖို့ ပြဿနာ အစိုင်အခဲကြီး ဆိုပေမဲ့ အဆုံးသတ်သွားတဲ့လူကတော့ မီးသင်္ဂြုလ်ပြာချပြီးတဲ့အချိန်မှာ ပြာမှုန်တွေပဲ ချန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ပြာမှုန်တွေကို ပိုက်ထွေးပြီး သူထားရစ်ခဲ့တဲ့တဲ့ အခိုးအငွေ့တွေကို ရှင်သန်ရတဲ့လေအဖြစ် ရှူရှိုက်အသုံးချနိုင်ဖို့ ကျန်ရစ်သူတွေက ကြိုးစားရပါတယ်။ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်အမျိုးသမီး ဟယ်ဆူးက မိသားစုအတွက် အလုပ်မျိုးစုံလုပ်ပြီး တစ်နေကုန် ရုန်းကန်လှုပ်ရှားနေရသူပါ။ တစ်နေ့မှာတော့ သူမရဲ့မိခင်ဖြစ်သူက ဆွဲကြိုးချပြီး သတ်သေသွားခဲ့ပါတယ်။ အမေဖြစ်သူထားခဲ့တဲ့ အသက်အာမခံကြေး ရရှိဖို့ စုံစမ်းသူ နဲ့ အာမခံကုမ္ပဏီကြား သူ ဘာတွေ လှုပ်ရှားရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 522MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... SanDaKuu Encoder ..... Aaron
movie

Dust and Ashes (2022)

2022
Mamasapano: Now It Can Be Told (2022)
Mamasapano: Now It Can Be Told (2022) Mamasapano : Now It Can Be Told (2023)၂၀၁၅ ခုနှစ် သို့မဟုတ် ဖိလစ်ပိုင်SAFအထူးတပ်သား ၄၄ ယောက်ရဲ့ မိသားစုဝင်‌တွေ သွေးမျက်ရည်ကျခဲ့ရတဲ့နေ့တစ်ဖြစ်လဲ မာမာစပန်နိုဆိုတဲ့မြို့လေးက unpopular warတစ်ခုမှာ ရက်ရက်စက်စက် အသက်စတေးခဲ့ရတဲ့ SAF တပ်သား ၄၄ ယောက်ရဲ့ ရင်နာဖွယ်ဖြစ်ရပ်မှန်လေးကို တင်ဆက်ထားတဲ့ ရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးလိုက်ပါရစေ။ Now It can be told ဆိုတဲ့အတိုင်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ တစ်ချိန်က ပြည်ဖုံးကားချဖုံးဖိထားတဲ့ ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲဆိုတာ CM နဲ့အတူ ရှုစားကြည့်ကြပါဦး။မာဝမ်နဲ့အူစ်မန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရတဲ့ထိ မကောင်းသတင်းဂုဏ်ပုဒ်နဲ့ ကျော်စောတဲ့သူနှစ်ယောက်၊ အမေရိကန်ကတောင် မာဝမ်ကို ဒေါ်လာ ၅ သန်း အူစ်မန်းကို ဒေါ်လာ ၁ သန်း ဆုကြေးထုတ်လိုက်တဲ့အထိ တရားလွန်ဆိုးသွမ်းလွန်းတဲ့ ရာဇဝင်လူဆိုးတွေပေါ့။ ဖိလစ်ပိုင်အစိုးရဘက်ကလည်း နှစ်နဲ့ချီစစ်ဆင်ရေးတွေအမျိုးမျိုးလုပ်နေပေမဲ့ နယ်မြေမလွတ်လပ်တာကတစ်ကြောင်း၊ အဆက်အသွယ်တွေရှိနေတာကတစ်ကြောင်းနဲ့ မာဝမ်ကို ဘယ်လိုမှဖမ်းမရဖြစ်နေတာပေါ့။ဒီလိုနဲ့ မာဝမ်ကို ...
movie

Mamasapano: Now It Can Be Told (2022)

2022
Vide Noir (2022) 6.2
Vide Noir (2022) Vide Noir (2022) IMDb - 6.8/102008ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ရော့ခ်အဖွဲ့ Lord Huronရဲ့ တေးအယ်လ်ဘမ်နာမည်။ Billboard 200မှာ နံပါတ်ကိုးနေရာချိတ်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ Vide Noirဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပေးတဲ့အရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်စေတဲ့အရာ၊ အချိန် အာကာသနဲ့ သေခြင်းတရားဆိုတဲ့ အတားအဆီးတွေကိုဖယ်ရှားပေးတဲ့အရာ၊ လျှို့ဝှက်ထားတဲ့အမှန်တရားကို သင်ကြားပေးတဲ့အရာ...တဲ့။ ဘာလဲဆိုတော့ မူးယစ်ဆေးတစ်မျိုးပေါ့။ Lord Huronရဲ့ အယ်လ်ဘမ်ထဲက တေးသွားတွေအတိုင်း အခန်းခွဲပြီးတင်ပြသွားတာမှာ သီချင်းတွေမှာနားမလည်လိုက်ရတဲ့ ခံစားမှုအဓိပ္ပါယ်တစ်ချို့ကို ဒီရုပ်ရှင်ထဲမှာ ပြန်လည်ရှာဖွေကြည့်လို့ရပါတယ်။တောရိုင်းပန်းကလေးတစ်ပွင့်...။ဟိုးအဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတာ။ သတ္တိကောင်းလှပါတဲ့ ယောက်ျားတွေ ဘယ်လောက်ပဲရှာရှာ ပိုင်ဆိုင်ခွင့်မရဘဲ သူတို့ကြုံတွေ့ရမှာက သေခြင်းတရားနဲ့ စိတ်ပျက်အားလျော့မှုတွေ။ ဒီပန်းပွင့်ကလေးကို ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ပိုင်ဆိုင်ခွင့်ရခဲ့လို့ မင်းရဲ့ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးခဲ့ရင်တောင် အရှက်တရားကြောက် ညှိုးခြောက်ပြီးသေဆုံးသွားမှာတဲ့..။ အဲဒီပန်းကလေးကတော့ လီလို့ခေါ်တဲ့ မိန်းမပျိုလေးပေါ့။ ချစ်ရတဲ့ အရိုင်းပန်းကလေး လီကို လိုက်ရှာရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဇာတ်လမ်း။ လီ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အရာရာကိုအောင်နိုင်မှာလားဆိုတာ တေးသွားတွေကိုခံစားရင်း ကြည့်ရှုကြပါဦး။အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ်Genre..... Mystery, Thriller Quality…. 1080p | 720p File size… 1.9GB | ...
movie

Vide Noir (2022)

2022
Phases of the Moon (2022) 5.9
Phases of the Moon (2022) ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action က အဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါက‌တော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။ Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ် သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာ သူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။ အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီး Ruri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော ...
movie

Phases of the Moon (2022)

2022
Hellhole (2022) 5.8
Hellhole (2022) Hellhole [2022](IMDb 5.8/10, RT 57%)ဇာတ်လမ်းအစမှာ ဖာသာတစ်ယောက် မွေးကင်းစကလေးတစ်ယောက်ကို ဓားနဲ့ထိုးပြီး သတ်ဖို့ ဟန်ပြင်နေတယ်... ဒီအခိုက်မှာပဲ ရဲတွေ ရောက်လာပြီး ဖမ်းစီးသွားခဲ့တယ်... ဇာတ်လမ်းဟာ ဒီကစပေမယ့် နောက်အနှစ် ၃၀အကြာကို ရောက်သွားပါတယ်... ဖာသာ မာရက်ကို ခရီးဦးကြိုပြုတာကနေ စတာပါပဲ... ဖာသာမာရက်ဟာ ပိုလန်ကျေးလက်တစ်နေရာက နာတာရှည်သမားတွေကို ကုသပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပါတယ်... ရောက်တာနဲ့ သူ့ထဲက ပစ္စည်းတွေကို စစ်ဆေးပါတော့တယ်.. ပြင်ပကမ္ဘာက ပစ္စည်းတွေကြောင့် ကျောင်းတော်ထဲက ဟာမိုနီဖြစ်မှုကို ပျက်ပြားမှာစိုးလို့တဲ့လေ... သည်နောက်မှာတော့ ဖာသာ မာရက်ဟာ သူလာရခြင်း အကြောင်းအရင်းဖြစ်တဲ့ မကောင်းဆိုးဝါးနှင်တဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက် ရပါတော့တယ်... တကယ်တော့ မာရက်ဟာ ဖာသာအစစ်မဟုတ်ပါဘူး... အယောင်ဆောင်ထားတဲ့ ရဲတစ်ယောက်သာ ဖြစ်ပါတယ်... ဒီကျောင်းတော်ရှိတဲ့ ဧရိယာမှာ မိန်းမငယ်‌ ၈ယောက်ပျောက်ဆုံးတာဟာ ဒီကျောင်းတော်ကို အပနှင်ဖို့ စေလွှတ်ခံရပြီးနောက် ပြန်ပေါ်မလာတာလို့ သတင်းပေးလာတဲ့အတွက် မာရက်ဟာ အသွင်ယူပြီး စုံစမ်းနေတာပဲ ဖြစ်ပါတယ်.. အထဲရောက်သွားမှ ဖြစ်စဉ်ဟာ သူထင်သလောက် မရိုးရှင်းသလို ထူးဆန်းမှုတွေလည်း ...
movie

Hellhole (2022)

2022
Angry Neighbors (2023)
Angry Neighbors (2023) Angry Neighbors (2022)ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ... လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ... အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by ...
movie

Angry Neighbors (2023)

2022
The Ice Age Adventures of Buck Wild (2022) 6.9
The Ice Age Adventures of Buck Wild (2022) Ice Age : Adventure of Buck Wild (2022)IMDb - 6.9/10ကဲ အိုက်စ်အေ့ဂျ် ကာတွန်းကား အသစ်လေး လာပါပြီ။ဒီတစ်ခေါက်အဓိက စွန့်စားခန်းဖွင့်မှာကတော့ မမ်မို့ဆင်မလေး အယ်လီရဲ့ မောင်နှမဖြစ်တဲ့ ပေါ့ဆမ်နှစ်ကောင် ခရက်ရှ် နဲ့ အက်ဒီတို့ပါပဲ။ခရက်ရှ်နဲ့အက်ဒီဟာ သူတို့ကို အမြဲစိုးရိမ်ပြီး ချုပ်ချယ်နေတဲ့ အယ်လီတို့ဆီကနေ ခိုးထွက်လာပြီး မြေအောက်ကမ္ဘာမှာနေတဲ့ ဘက်ခ် ဆီကို သွားလည်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒိုင်နိုအော်ဆန်က ရက်ပ်တာတွေကို ခေါ်လာပြီး ပျောက်ဆုံးနေတဲ့ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ တလွဲတချော် စွန့်စားခန်းအသစ်တွေ စတင်ပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality….WEB-DL 1080p and 720p and 360p File size ... 1.5GB and 784MB and 300MB Format…mp4 Duration…. 1h 22min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

The Ice Age Adventures of Buck Wild (2022)

2022
4K HEVC
Entergalactic (2022) 7.3
Entergalactic (2022) Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie

Entergalactic (2022)

2022
Heatwave (2022) 5.1
Heatwave (2022) Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie

Heatwave (2022)

2022
Six Weeks (2022) 7.3
Six Weeks (2022) Six Weeks (2022)~ IMDb rating - 7.3/10 ~ဒီကား​​လေးက​တော့ စထွက်လာတည်းက ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ Nomination ​တွေဝင်၊ ဆု​တွေရခဲ့တဲ့ ဟန်​ဂေရီ ဒရာမာကားကောင်း​လေး တစ်ကားပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~စိတ်ကျန်းမာ​ရေးမ​ကောင်းတဲ့အ​မေရယ် ညီမတစ်​ယောက်ရယ်နဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်း​နေရင်း တဖက်မှာလည်း ဥ​ရောပဖလားမှာ အနိုင်ရ အိုလံပစ်ကို ဝင်ပြိုင်မယ်ဆိုတဲ့ အ​တွေးနဲ့ကြိုးစားရင်း ရည်းစားဖြစ်သူ ခရစ်စီယန်နဲ့ မ​တော်တဆ ကိုယ်ဝန်ရသွားတဲ့ ဆိုဖီယာတစ်​ယောက် ရည်းစားကလည်း တာဝန်မယူ​ခေါင်း​​ရှောင်​နေတာ​ကြောင့် က​လေးလိုချင်​နေတဲ့ အမ်မာနဲ့ဂါဘာတို့ဆီ က​လေးကို ​​ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟန်​ဂေရီနိုင်ငံရဲ့ ဥပ​​ဒေအရ ​မွေးစားခွင့်ဟာလည်း က​လေး​မွေးပြီး ​ခြောက်ပတ်အကြာမှသာ တရားဝင်ဖြစ်တာ​ကြောင့် အဲဒီ​ခြောက်ပတ်အတွင်း အ​မေရင်းဖြစ်သူ ဆိုဖီယာတစ်​ယောက် ဘယ်လို ခံစားချက်​တွေ ရင်ဆိုင်မှု​တွေ ​တွေ့ကြုံရလဲဆိုတာ ရိုက်ကူးပြသထားတဲ့ ဒရာမာကား​ကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 725MB Quality - ...
movie

Six Weeks (2022)

2022