Channel Myanmar

Pitch Perfect (2012)

Pitch Perfect    

PG-13 112 min ComedyMusicalRomance

7.2
IMDB: 7.2/10 240,087 votes

,

, , , , , , , , ,

7 wins & 20 nominations.

USA

425557

Report error

IMDb Rating 7.2/10

Rotten Tomatoes 81%

Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။

ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။

ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။

သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။

အဖွဲ့ဝင်သစ်တွေဖြစ်ကြသောကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုနည်းကာ နားလည်မပေးနိုင်ကြသောကြောင့် သီချင်းဆိုရာတွင် အခက်အခဲဖြစ်သည့်အပြင် ခေါင်းဆောင်သစ်ဖြစ်သည့် Aubrey ၏ ရှေးရိုးစွဲလုပ်ဆောင်မှုတွေကြောင့် ပရိသတ်ကို ဆွဲဆောင်နိုင်မှုနည်းပါးခဲ့ရပါတယ်။

နောက်ပိုင်းတွင် အဖွဲ့ဝင်သစ်ဖြစ်သည့် Beca ၏ အကြံပေးမှုများဖြင့် သီချင်းရွေးချယ်ပြီး သီဆိုမှုပုံစံကို ပြောင်းလဲခဲ့ကာမှ နိုင်ငံတကာ Cappella ပွဲကို အနိုင်ရရှိခဲ့ပါတော့တယ်။

ဤဇာတ်ကားတွင် Beca အဖြစ်သရုပ်ဆောင်သည့် မင်းသမီး Anna Kendrick မှ ခွက်ကို အသုံးပြုပြီး ကိုယ်တိုင်သီဆိုခဲ့သည့် When I Gone သီချင်းသည် Billboard Hot 100 တွင် ပါဝင်ခဲ့သည်အထိ နာမည်ကျော်ကြားခဲ့ပါတယ်။

ထူးခြားချက်အနေဖြင့် Aubrey အဖြစ်သရုပ်ဆောင်သည့် Anna Camp နှင့် Jesse အဖြစ်သရုပ်ဆောင်သည့် Skylar Astin နှင့် ၂၀၁၃ ခုနှစ်တွင် စတင် Date လုပ်ကာ ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။

Jesse J ၏ Price Tag သီချင်းကိုလည်း Final ပွဲတွင် သီဆိုခဲ့ပြီး တခြားနာမည်ကြီးသီချင်းများစွာကိုလည်း Version အသစ်နဲ့သီဆိုသွားတာကို နားဆင်ခံစားနိုင်ပါတယ်။

လူငယ်များရဲ့ လွတ်လပ်သောဘဝ၊ ဖခင်မေတ္တာ၊ သူငယ်ချင်းသံယောဇဉ်နဲ့အတူ မဆုတ်မနစ်ကြိုးစားမှုတွေကိုလည်း ဤဇာတ်ကားတွင် ကြည့်ရူခံစားရမှာပါ။

IMDb Rating 7.2/10 ရရှိကာ Rotten Tomatoes အနေနဲ့ ၈၁ % ရရှိထားပြီး ဆုပေါင်းများစွာလည်း ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

File size…(2.2 GB)/(1.1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:48:00
Genre… Comedy , Romance 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Thin Thiri Aung 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cast

Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)
Pitch Perfect (2012)


No downloads available

Genres



Related movies