Channel Myanmar

New releases (2025)

Content at random


Movies

SEE ALL
Grave Encounters (2011) 6.1
Grave Encounters (2011) Grave Encounters (2011) IMDB - 6.1/10ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖို စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ...
movie

Grave Encounters (2011)

We Girls (2025) 6.2
We Girls (2025) ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ... ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်... ဟုတ်ပါတယ်... ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်...ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား... ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ... အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ... ဘယ်သူကမြင်မှာလဲ... ဒီလိုမလုပ်သင့်ဘူး... ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်... တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့...ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို... မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့... ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ... ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့...ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်... သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့... ဆွံ့အနားမကြားလေးပေါ့... ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့...ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့... ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား... သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ...
movie

We Girls (2025)

4K HEVC
Angus, Thongs and Perfect Snogging (2008) 6.3
Angus, Thongs and Perfect Snogging (2008) Angus, Thongs and Perfect Snogging (2008)IMDb - 6.3ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ဂျော့ဂျီယာလို့ခေါ်တဲ့ကောင်မလေးက ၁၅နှစ်ပြည့်တော့မယ် ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးပါ။ သစ်ရွက်ကြွေတာ မြင်ရင်တောင် ရင်ခုန်နေကြတဲ့ အရွယ်က ဂျော့ဂျီယာကလည်း မထူးဘဲရည်းစား ငမ်းငမ်းတက်လိုချင်နေသူလေးပေါ့။သူတို့က ကျောင်းမှာဆိုရင် အရမ်းမထင်ပေါ်လှတဲ့ အုပ်စုဖြစ်ကြပေမဲ့ ဂျော့ဂျီယာကတော့ အနမ်းကိုတောင် အဆင့်ဆယ်ဆင့်လောက်ခွဲပြီး ရည်းစားရဖို့အရေးကို ကြံစည်ကြိုးစားနေတဲ့ကောင်မလေးပါ။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့ကျောင်းကို လန်ဒန်က မြို့ကြီးသားအမြွာညီအစ်ကိုနှစ်ယောက်က ရောက်လာတော့ ဂျော့ဂျီယာနဲ့ သူငယ်ချင်းတစ်သိုက်လည်း ကြိုက်ကုန်ကြပါတော့တယ်။သူ့သူငယ်ချင်းဂျက်စ်နဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်စီကို အကြ့အစည်တွေနဲ့ ရေလာ‌မြောင်းပေး ဆည်ကျိုးကြပါတော့တယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းးဂျက်စ်က ညီအစ်ကိုတစ်ယောက်နဲ့အဆင်ပြေသွားပေမဲ့ ‌‌ဂျော့ဂျီယာကျ အဆင်ပြေသလိုလိုနဲ့ ကောင်လေးက ကျောင်းကဒိတ်ဒိတ်ကြဲကောင်မလေးတစ်ယောက်နဲ့ဖြစ်နေပါတယ်။အဲ့‌တော့ ရည်းစားလိုချင်နေတဲ့ ဂျော့ဂျီယာက ဘယ်လိုအကြံအစည်တွေသုံးပြီး မြို့ကြီးသားလူချောကို ရအောင်ကြံမလဲဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝရဲ့အလွဲတွေ၊ အိမ်က မိသားစုဆီက ပြသာနာလေးတွေနဲ့ ဂျော့ဂျီတစ်ယောက် မြို့ကြီးသားလူချောလေးကို အပိုင်သိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File ...
movie

Angus, Thongs and Perfect Snogging (2008)

Away We Go (2009) 7
Away We Go (2009) Away We Go (2009)IMDb  - 7.0ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။File Size - 1GB/ 458 MB Quality - BluRay 1080p/ 720p Duration - 1:38:37 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard ...
movie

Away We Go (2009)

Happy Monday(s) 6.2
Happy Monday(s) "အေ့ဒ်" ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ "ဆိုင်မိုင်" ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း "ဆိုင်မိုင်" လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။"ဆိုင်မိုင်" ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် " ​အေ့ဒ် " ဟာ "ဆိုင်မိုင်" အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ဒီ​တော့​ "အေ့ဒ်" လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် "​အေ့ဒ်" တစ်​ယောက်ထပ်ခါတလဲလဲ " ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ " ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ " ​​အေ့ဒ် " ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် "ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့" မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို " HAPPY MONDAY(S) " ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော် File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie

Happy Monday(s)

Submarine (2011) 7.3
Submarine (2011) Submarine (2011)IMDb - 7.3IMDb မှာ rating 7.3 ရရှိထားတဲ့ ဟာသ-ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Submarine ဇာတ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာဆိုရင် အရွယ်ရောက်လာပုံကို ဟာသဆန်ဆန်ပုံဖော်ထားပေးပြီး ဆယ်ကျော်သက်ဘဝရဲ့အတွေ့အကြုံတွေကို ထင်ဟပ်ပြထားနိုင်မှုကြောင့် ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ ကြုံတွေ့ရတတ်တဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုရေးရာအကြောင်းတွေကိုပါ ထည့်သွင်းပြထားတဲ့အတွက် လက်တွေ့ဆန်မှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။Oliver Tate ဆိုတဲ့ကောင်လေးတစ်ယောက် အရွယ်ရောက်ချိန်မှာ ဘာတွေကြုံတွေ့ရသလဲ...ဆယ်ကျော်သက်အတွေးတွေကရော ဘယ်လိုရှိလဲ...မိသားစုနဲ့ရော အခြေအနေဘယ်လိုလဲ...အချစ်ဇာတ်လမ်းကရော အဆင်ပြေပါ့မလားဒါတွေအားလုံးကို Submarine ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားနိုင်မှာဖြစ်ပါတယ်။ ကြည့်ရတာတန်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ညွန်းပေးလိုက်ပါရစေ။File Size - 3.28 GB/ 777 MB Quality - BluRay 1080p/ 720p Duration - 1:38:53 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle ...
movie

Submarine (2011)

Courage and Medical Heart (2025) 5.8
Courage and Medical Heart (2025) မြို့ငယ်လေးတစ်မြို့မှာ အားလုံးကိုမေတ္တာထားပြီးတော့ ကိုယ်ကျိုးကို မကြည့်ပဲဆေးကုပေးတဲ့သမားတော်တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ သမားတော်ဖန်းဟာ ဆေးပညာတော်တဲ့အပြင် သိုင်းပညာပါတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ တောထဲမှာဆေးခူးသွားရင် လူတစ်ယောက်ကိုကယ်ခဲ့ပါတယ်။သူကယ်ခဲ့တဲ့လူဟာ တရုတ်နိုင်ငံပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် အစည်းအဝေးလုပ်မယ့် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါတယ်။ ဒီလိုနဲ့အခွင့်ကြုံလာတော့ အထူးပုဂ္ဂိုလ်ကိုကာကွယ်ပေးရင်း အစည်းအဝေးအထမြောက်အောင်ကူညီပြီးတော့ တိုင်းပြည်အတွက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ လုပ်ကြံမှုတွေအထပ်ထပ်နဲ့ အန္တရာယ်တွေကိုကျော်ဖြတ်ရင်း ဒီတာဝန်ကြီးကိုဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ ရိုက်ကူးထားတဲ့နိုင်ငံရေးဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.32 GB / 710 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Courage and Medical Heart (2025)

[21+] A perfect match: two bodies and hearts align in soapland – Iori Himeka (JUR-225-Decensored)
[21+] A perfect match: two bodies and hearts align in soapland – Iori Himeka (JUR-225-Decensored) Iori Himeka ကိုတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မှမလိုက် ဝိတ်ကြီးလွန်းတာကြောင့်JAV မင်းသမီးတွေထဲ တန်းမှတ်မိနိုင်ပါတယ်... သူမရဲ့အလှအပဘာညာတွေကို တန်းသဘောကျသွားနိုင်ပေမယ့် တကယ်တမ်း စွဲလမ်းမိနေမှာကတော့ သူမရဲ့ဂရုဏာသက်စရာမျက်နှာပေးလေးပါပဲ။JUR-225-Decensored ဒီဇာတ်ကားလေးထဲတော့ သူမနဲ့လိုက်ဖက်တဲ့ဇာတ်ရုပ်ဖြစ်တဲ့ ခင်ပွန်းသည်ကဂရုမစိုက်လို့ အထီးကျန်နေတဲ့ကောင်မလေးတစ်ယောက် စိတ်ထွက်ပေါက်ရှာရင်း အချစ်နဲ့တွေ့ဆုံမိခဲ့ပုံကို နောက်ခံတီးလုံးအေးအေးလေးတွေနဲ့ နုနုရွရွတင်ဆက်ထားတာမို့ မိုးအေးလေးနဲ့ကြည့်လို့ကောင်းမှာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီး အပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)File Size : (3.7 GB) & (1.5 GB) Quality : HDRip Decensored 1080p & 720p Running Time : 02:47:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Andrew Mason Encoded by JAVA
movie

[21+] A perfect match: two bodies and hearts align in soapland – Iori Himeka (JUR-225-Decensored)

Tall Tale: The Unbelievable Adventure (1995) 5.9
Tall Tale: The Unbelievable Adventure (1995) Tall Tale (1995)ဒီဇာတ်ကားကတော့ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ဂန္တဝင်အနောက်တိုင်းရုပ်ရှင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။၁၉ ရာစုဝန်းကျင် အနောက်တိုင်းရဲ့အငွေ့အသက်တွေနဲ့ လူနေမှုဘဝပုံစံတွေကိုမျက်မြင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်နီရယ်ဆိုတဲ့ကောင်လေးဟာသူ့အဖေရဲ့လယ်မြေတွေကို လောဘကြီးတဲ့ မြေရှင်ဆီကနေပြန်ယူဖို့ကြိုးစားရင်း အနောက်တိုင်းရဲ့ဂန္တဝင်သူရဲကောင်းတွေနဲ့တွေ့ဆုံတဲ့အကြောင်းကိုစိတ်ကူးဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဒီလိုသူရဲကောင်းတွေဆီကနေ စိတ်ကူးစိတ်သန်းတွေကိုလေ့လာသင်ယူရင်း မကောင်းမှုကိုတိုက်ဖျက်ဖို့အတွက် ကြိုးစားသွားတာကို ကြည့်ရှုရမှာပါ။အနောက်တိုင်းရုပ်ရှင်တွေကို ခံစားတတ်တဲ့သူတွေအဖို့တော့ဒီဇာတ်လမ်းလေးက ကြည့်လို့အဆင်ပြေတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.5 GB /  800MB Quality… Web-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Vader ft Riley
movie

Tall Tale: The Unbelievable Adventure (1995)

María, ¡Me muero! (2024) 5.8
María, ¡Me muero! (2024)  ဒီကားလေးက "Hypochondria" လို့ခေါ်တဲ့ ဘာရောဂါမရှိပဲကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန်တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ)ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက်အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy& Romance အမျိုးအစားမက္ကစီကို ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်..အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေမပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည်ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူ မက္ကစီကိုရုပ်ရှင်ရုံတွေမှာမျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင်ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ CharacterDevelopment နှေးတာကလွဲရင် ရယ်ရတာမို့ ကြည့်ရတန်‌ပါတယ်...လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲအပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့Message လေးနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာဖြစ်ပါတယ်....  File size… (1.03GB) / (527MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice ...
movie

María, ¡Me muero! (2024)

Altered Reality (2025) 5.0
Altered Reality (2025)  ဒီဇာတ်လမ်းကတော့ လျှို့ဝှက်ဆန်းကျယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် .အိုလီဗာကွတ်ဆိုတဲ့သူဟာ မိသားစုအတွက်အလုပ်တွေလုပ်ရင်း ကြိုးစားရုန်းကန်နေတဲ့သာမန်ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်...စပရင်းအိမ်ရာလို့ခေါ်တဲ့ အပန်းဖြေအိမ်ရာဆီကိုလည်းမိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ်နေကျ ဖြစ်ပါတယ်..ဒီလိုနဲ့ ပုံမှန်အတိုင်း မိသားစုနဲ့အတူ အဲဒီအိမ်ရာဆီသွားရောက်လည်ပတ်တဲ့အချိန်မှာ အဲဒီအိမ်ရာကြီးကိုစောင့်ကြပ်နေရတဲ့ ထူးဆန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကအဲဒီအိမ်ရာကြီးဟာ ဖြိုချဖျက်ဆီးခံရတော့မှာမို့အိုလီဗာကို တားဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်..အိုလီဗာဟာ သာမန်လူတစ်ယောက်မို့လို့အဲဒီလိုလုပ်ပေးနိုင်လောက်တဲ့အထိ မချမ်းသာတာကြောင့်အဲဒီထူးဆန်းတဲ့ ပုဂ္ဂိုလ်က အိုလီဗာကို ချမ်းသာအောင်လုပ်ပေးပြီးတော့ အိမ်ရာကို ဝယ်ယူခိုင်းလိုက်ပါတော့တယ်အိုလီဗာရဲ့ဘဝလည်း နေ့ချင်းညချင်း ပြောင်းလဲသွားပြီးတော့အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာပါတော့တယ်..ဒါပေမဲ့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရတတ်တဲ့လောကသဘာဝအတိုင်း အိုလီဗာတစ်ယောက် ဘာတွေကိုပေးဆပ်ရမလဲဆိုတာနဲ့ ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်ကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်.... File size… (1.18GB) / (638MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 38m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka
movie

Altered Reality (2025)

The Surrender (2025) 5.7
The Surrender (2025) The Surrender (2025)IMDb Rating (5.7) / Rotten Tomatoes (80%) ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့သူ သေသွားလို့ အစီအရင်တွေနဲ့ အသက်ပြန်သွင်းလို့ရမယ်ဆို သွင်းမှာလား။ဒီဇာတ်ကားလေးမှာတော့ The Boys စီးရီးက ကျားကြီးကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်သွားတဲ့ အက်ရှလေနေရာမှာ သရုပ်‌ဆောင်ထားတဲ့ မင်းသမီး ကိုဘီ မနီဖီက လက်စွမ်းပြထားပါတယ်။ဇာတ်လမ်းအကျဉ်းမီဂန်ဟာ နယူးရော့ခ်မှာ ကျောင်းတက်နေရင်းက ကင်ဆာဖြစ်နေတဲ့ အဖေဖြစ်သူ ရောဘတ်က အခြေအနေမဟန်တော့တာကြောင့် ဇာတိမြို့ကလေးကို ပြန်လာခဲ့ပါတော့တယ်။သူမရဲ့အမေဖြစ်သူ ဘာဘရာလည်း လင်ဖြစ်သူကို ပြုစုရလွန်းလို့ စိတ်ထောင်းကိုယ်ကြေဖြစ်လို့နေရှာပါတယ်။တစ်ညမှာတော့ သူတို့နှစ်ယောက်သား ဆေးတိုက်ရမဲ့အချိန် အမှတ်မှားပြီး နှစ်ခါတိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ဘာမှမဖြစ်လောက်ဘူးထင်ပြီး နှစ်ယောက်သား အိပ်လိုက်ရာက မနက်နိုးလာချိန်မှာ ရောဘတ်က အသက်မရှိတော့ပဲ အေးစက်မာတောင့်နေပါပြီ။လောကီရေးရာတွေ လေ့လာလိုက်စားတဲ့ ဘာဘရာဟာ ရောဘတ်သေတာကို ဖြည်မဆည်နိုင်ပဲ သူမရဲ့ ဝါသနာတူမိတ်ဆွေ ဒက်ဘရာညွှန်းပေးတဲ့အမည်မသိလူတစ်ယောက်ကို ဆက်သွယ်ပြီး သူမဟာ ...
movie

The Surrender (2025)

2025
Miss Butcher (2017) 6.4
Miss Butcher (2017) Miss Butcher (2017)*******************IMDb... 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီးအရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကိုယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှုနောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့..မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် ...
movie

Miss Butcher (2017)

[18+] The Sunflower’s Bloom (2025) Ang pamumukadkad ni Mirasol 5.1
[18+] The Sunflower’s Bloom (2025) Ang pamumukadkad ni Mirasol  The Sunflower's Bloom (2025)IMDb Rating (5.1) မီရာဆိုလ်ဟာ စည်းကမ်းတင်းကျပ်တဲ့ အဘွားဖြစ်သူနဲ့နေထိုင်ရတဲ့ အပျိုပေါက်ကျောင်းသူမလေးဖြစ်ပြီး တစ်ကျောင်းတည်းနေ အားကစားသမား အားရီးစ်ကို ကြိတ် Crush နေပါတယ်။လိင်ကိစ္စကို စူးစမ်းရင်ခုန်တတ်စ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး ကျောင်းက sex education အတန်းမှာသင်တဲ့စာတွေ၊ အဘွားဖြစ်သူရဲ့ဆုံးမစကားတွေဟာ သူကြိတ်ကြွေရသူ အားရီးစ်က သူ့ဘက်ကိုယိမ်းယိုင်လာချိန်မှာတော့ မီရာဆိုလ်တစ်ယောက် ရမ္မက်ရဲ့ဆွဲဆောင်ရာနောက်ကို ကောက်ကောက်ပါအောင်လိုက်မိပါတော့တယ်။ဆယ်ကျော်သက်တွေရဲ့စိတ်ကစားမှု၊ရင်ခုန်မှု စူးစမ်းလိုမှုတွေကို sex edu နဲ့ရောမွှေထားတဲ့ coming of age drama ဆန်ဆန်ဇာတ်ကားလေးပါ၊ ခေါင်းဆောင်မင်းသမီးအဖြစ် ဆယ်ကျော်သက်ကျောင်းသူလေးတစ်ယောက်လို အမှန်အကန်ချစ်ဖို့ကောင်းတဲ့ Queenie De Mesa ဆိုတဲ့မင်းသမီးအသစ်လေးကို မိတ်ဆက်ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.1 GB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:12:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by ...
movie

[18+] The Sunflower’s Bloom (2025) Ang pamumukadkad ni Mirasol

2025
In the Land of Brothers (2024) Dar sarzamin-e baradar 7.3
In the Land of Brothers (2024) Dar sarzamin-e baradar  In the Land of Brothers (2024)IMDb Rating (7.3) / Rotten Tomatoes (100%) ၂၀၁၁ စက်တင်ဘာ ၁၁မှာဖြစ်ခဲ့တဲ့ 9/11အပြီးမှာ အမေရိကန်က တာလီဘန်တွေအုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်ကို War on terror ကြေညာပြီး စစ်စတိုက်ခဲ့တဲ့နောက် အာဖဂန်မှာ ဗုံးတွေနေ့တိုင်းကျနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာဖဂန်တွေဟာ အီရတ်တွေဆီ သွားခိုလှုရတဲ့အခါ အီရတ်မှာ ခိုလှုရတဲ့ အာဖဂန်တွေကြုံဆုံရတဲ့ အခြေအနေဘဝအသီးသီးကို မတူတဲ့သက္ကရာဇ်၃ခုနဲ့ ၃ပိုင်းခွဲပြီး ၂၀၀၁ကနေ ၂၀၂၁အထိ ခေတ်အဆက်ဆက် ခိုလှုမှုအဆက်ဆက်ကြားကြုံရတဲ့ ဖေးမတာတွေရော ဖေးလိုမတာတွေရော ပုံပေါ်အောင် တင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။)File size…(2.5 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double ...
movie

In the Land of Brothers (2024) Dar sarzamin-e baradar

2024
Aku Jati, Aku Asperger (2024) 7.8
Aku Jati, Aku Asperger (2024)  Aku Jati, Aku Asperger (2024)IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger's syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ...
movie

Aku Jati, Aku Asperger (2024)

2024
Until Dawn (2025) 6.0
Until Dawn (2025)  Until Dawn (2025)IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ?ဇာတ်လမ်းအကျဉ်းကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ ...
movie

Until Dawn (2025)

2025
4K HEVC
Heavier Trip (2024)
Heavier Trip (2024) ဖင်လန်နိုင်ငံကရိုက်တဲ့ ဟာသဇာတ်ကားလေးပါ။ ၂၀၁၈ခုနှစ်ထွက် Heavy Trip ရဲ့ နောက်ဆက်တွဲဇာတ်ကားပါ။ မတ်တယ်လ်ဂီတ (Metal music) ဆိုတာ ရော့ခ်ဂီတရဲ့ မျိုးခွဲတစ်မျိုးပါ။ သူ့ရဲ့ အဓိကလက္ခဏာတွေကတော့ ကျယ်လောင်အားပြင်းတဲ့အသံ၊ လျှပ်စစ်ဂစ်တာကို distortion effect တွေနဲ့ အသုံးပြုတာ၊ ရှုပ်ထွေးတဲ့ ဂစ်တာ riff တွေ၊ အားပါတဲ့ ဒရမ်သံနဲ့ ဘေ့စ်သံတွေ၊ ကျယ်လောင်ပြီး ပြင်းထန်တဲ့ အဆိုတော်ရဲ့ အသံတို့ပဲ ဖြစ်ပါတယ်။ မျိုးခွဲတွေလည်း အများကြီး ရှိပါတယ်။ နာမည်ကြီးတဲ့ မျိုးခွဲတွေကတော့:Heavy Metal: ဒါဟာ မူလအစ မတ်တယ်လ်ဂီတရဲ့ အခြေခံအမျိုးအစားလို့ ပြောလို့ရပါတယ်။ ဥပမာ Black Sabbath, Led Zeppelin, Deep Purple Thrash Metal: မြန်ဆန် ပြင်းထန်တဲ့ မတ်တယ်လ်ဂီတအမျိုးအစားပါ။ ဥပမာ Metallica, Slayer, ...
movie

Heavier Trip (2024)

Alien Weekend (2024)
Alien Weekend (2024) Alien weekend ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် sci-fi အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ် ဗိုင်အိုလက်၊တက်စ်၊ဂါတီနဲ့ကင်မီတို့က ဆယ်ကျော်သက်အရွယ် သူငယ်ချင်းမလေးတွေပဲဖြစ်ပါတယ်...ဗိုင်အိုလက်ကရုပ်ပြစာအုပ်ဆိုင်တစ်ခုမှာသူနဲ့အတူအလုပ်လုပ်တဲ့ အောဂတ်စ်ဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်နေတာပါ....ဗိုင်အိုလက်အလုပ်လုပ်နေတဲ့ရုပ်ပြစာအုပ်ဆိုင်ကို သူ့သူငယ်ချင်းသုံးယောက်ကညခင်းလာကြိုပါတယ်....အဲ့ညမှာပဲဗိုင်အိုလက်ကအန်ချင်သလိုလိုဖြစ်နေလို့ စစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေမှန်းသိခဲ့ရပါတယ်....ထို့နောက်သူမတို့သူငယ်ချင်းလေးယောက်ဗန်ကားမောင်းလာရင်း သူမတို့ကားရှေ့ကနေအရာဝတ္ထုတစ်ခု ဖြတ်သန်းသွားပြီးတော့ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်....,ထိုအရာကတော့ ဂြိုလ်သားမျိုးနွယ်စုတစ်စုရဲ့ဥတစ်လုံးပဲဖြစ်နေပါတော့တယ်....ထိုအခါဗိုင်အိုလက်ကအဲ့ဥကိုသူမအိမ်ကိုယူလာပြီးတော့ထိန်းသိမ်းထားချင်ပေမဲ့ သူငယ်ချင်းတွေကတော့သက်ဆိုင်ရာကိုပို့‌ဖို့အကြံပေးခဲ့ကြပါတယ်....ဒီတော့ ဂြိုလ်သားဥကကမ္ဘာပေါ်ကိုဘာကြောင့်ရောက်လာတာလဲ....ဗိုင်အိုလက်တို့ရောထိုဥကိုစောင့်ရှောက်ရင်းနဲ့ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါခင်ဗျာ.....File size… (1.1 GB) / (592 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie

Alien Weekend (2024)

Paatal Lok (2020) 7.2
Paatal Lok (2020) Paatal Lok (2020) ငရဲပြည်...အခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ Amazon Prime ကနေ Streaming ပြနေတဲ့ Crime-Thriller စီးရီးလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကိုက ဘာသာပြန်လိုက်ရင် ငရဲပြည်လို့ အဓိပ္ပာယ်ရပါတယ် ဇာတ်လမ်းထဲမှာ နတ်ပြတ် လူ့ပြည် ငရဲပြည်ဆိုတဲ့ လောကသုံးပါးကို အိန္ဒိယရဲ့လူတန်းစားအလွှာတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ ဒီငရဲပြည်နဲ့တူတဲ့ အောက်ခြေလူတန်းစားအလွှာ‌တွေရှိတဲ့မှာ ရဲလုပ်နေရတဲ့ ချောင်ဒရီအတွက်ကတေ့ာ ကိုယ်တိုင်ငရဲကျနေသလိုပါပဲနေ့စဉ် ရိုက်မှုခိုးမှုတွေနဲ့ ပတ်လည်ရိုက်နေပြီးတော့ ရာထူးလဲမတက် စခန်းလဲမပြောင်း ရဲဘဝကို စိတ်ကုန်နေသူတစ်ယောက်ပါပဲ အဲ့အချိန် သူ့နယ်ထဲမှာ အထက်ဌာနချုပ်ကပါ လူကြားထဲ ကိုယ်တိုင်လိုက်ဖမ်းရတဲ့ လူသတ်ဖို့ကြံနေတဲ့ လူဆိုးလေးယောက်ကို သူ့စခန်းမှာချုပ်ပြီးတော့ စစ်ဆေးစုံစမ်းရဖို့ ဖြစ်လာပါတယ်....သူတို့သတ်ဖို့ကြံနေတဲ့သူကလည်း အမှန်တွေတအားဖော်တဲ့ နာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဒီလိုလုပ်ဖို့ကြံတာ ဘယ်သူလဲ ဘယ်အဖွဲ့အစည်းကလဲ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာ ရဲမှူးချောင်ဒရီတစ်ယောက်စုံစမ်းရင်းနဲ့ ဘယ်အတိုင်းအတာထိ နက်ရှိုင်းသွားမလဲဆိုတာတော့.....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size –700MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 42minute (@Episode)Total Episodes: ...
7.2
TMDb: 7.2/10 64 votes
tv

Paatal Lok (2020)

2020
Rangbaaz (2018) 7.2
Rangbaaz (2018) Rangbazz [2018-2022] (လိုက်တမ်းပြေးတမ်း) IMDb 7.8/10ယခုတစ်ခါမှာတော့ 1990ခုနှစ်က ဂိုရာပူရ်မြို့ကို အခြေခံရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ဒရာမာမှုခင်းစီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။စီစင်၂ခုထွက်ထားပြီးတော့ အပိုင်း ၁၇ ပိုင်းပါဝင်ထားတာဖြစ်ပါတယ်။ရှီဗ်ပရာကတ်ရှ်ရှူကလာဆိုတဲ့ ကောင်လေးဟာ သူ့အစ်မကို လူတစ်ယောက်က လမ်းမှာစော်ကားမော်ကားလုပ်တဲ့အတွက်နဲ့ သွားပြီးတော့ လက်တုံ့ပြန်ရာကနေ မတော်တဆ သေနတ်က ကျည်ထွက်ပြီး လူသတ်မှုဖြစ်သွားရပါတော့တယ်။ဒီအခါမှာ အဖမ်းမခံချင်တဲ့အတွက် ထွက်ပြေးရာကနေ ဂိုဏ်းစတားတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ သူဟာ နိုင်ငံရေးသမားတွေအတွက် အလုပ်လုပ်ပေးတဲ့သူဖြစ်လာပြီး နိုင်ငံရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်တန်းဝင်တဲ့သူလည်းဖြစ်လာပါတော့တယ်။ ဒီအတွက် သူ့ကိုဖမ်းဖို့အတွက် ပန်ဒေးဦးဆောင်တဲ့ အထူးတပ်ဖွဲ့နဲ့အတူ လိုက်လံရှာဖွေပါတော့တယ်။ပန်ဒေးဟာလည်း ခေသူတော့မဟုတ်, အရှောင်အတိမ်းကျွမ်းကျင်တဲ့ ရှီဗ်ပရာကတ်ရှ်တ်ရဲ့ ဖုန်းကို ခြေရာခံပြီးတော့ လိုက်လံစုံစမ်းတဲ့နောက်မှာတော့............. ပြေးတဲ့သူနဲ့ လိုက်တဲ့သူကြားထဲမှာ ဘယ်လို စိတ်ဝင်စားဖွယ်ကောင်းတဲ့ လှည့်ကွက်တွေ ရှိနေမလဲ ...... ဆိုတာကို ကြည့်ရှုရမဲ့ မှုခင်းစီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –38  minute (@Episode)Total ...
7.2
TMDb: 7.2/10 12 votes
tv

Rangbaaz (2018)

2018
The Recruit (2025) Season 02 7.2
The Recruit (2025) Season 02    The Recruit (2022)IMDb Rating - 7.4/10 ဒီကနေ့မှ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ အမေရိကန် CIAစီးရီးတစ်ခုကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။To all the boys I've loved before မှာ လူကြိုက်များခဲ့တဲ့ မင်းသားNoah Centineo က အဓိက ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအိုဝင် ဟန်းဒရစ်စ် ဆိုတဲ့ လူချောလေးက အမေရိကန် အထွေထွေအကြံပေးဌာနကို အသစ်ရောက်ရှိလာတဲ့ လူငယ်‌ရှေ့နေတစ်ယောက်ပါ။အလုပ်စဝင်ဝင်ချင်း နှစ်ရက်မြောက်မှာပဲ ဆီးနိတ်ထောက်လှမ်းရေးကော်မတီအကြီးအကဲနဲ့ တစ်ပွဲတစ်လမ်းအကဲစမ်းပြီးတဲ့နောက် စီအိုင်အေဌာနကိုလိပ်မူပြီးပို့တဲ့ ခြိမ်းခြောက်စာဖိုင်တွဲတွေကို စစ်ဆေးဖို့ တာဝန် အပေးခံလိုက်ရပါတယ်။ဖိုင်တွဲတွေကို စစ်ဆေးနေရင်းမှာ မက်စ် မလာဇေ့ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို ထောင်ကနေ ထုတ်မပေးရင် အေဂျင်စီရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ အကုန်ပါတဲ့ သတင်းတွေကို ထုတ်ဖော်ပြောပစ်မယ်ဆိုပြီးခြိမ်းခြောက်ထားတဲ့ စာကို တွေ့လိုက်ရပါတယ်။သူမက အလွန်အန္တရာယ်များတဲ့စစ်ဆင်ရေးတွေအကြောင်း အကုန်သိနေပြီး ...
7.2
TMDb: 7.2/10 1700 votes
tv

The Recruit (2025) Season 02

2022
Love Trap (2024) 8
Love Trap (2024) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ ဒီနေ့CMက တင်ဆက်ပေးသွားမှာကတော့ Love Trap ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ချီယန်ကျိုး အဖြစ် ယန်ကျစ်ရှန်း၊ ကျန်းယောင်အဖြစ် ကျောက်အန်းတိ တို့ကပါဝင်သရုပ်ဆောင် ထားပြီး အပိုင်း (၂၄)ပိုင်းပါဝင်တဲ့ mini series အမျိုးအစားလေးဖြစ်ပါတယ်။ ကျန်းယောင်ဆိုတဲ့ ဖေးနျောင်အဖွဲ့ရဲ့ သူလျိုမိန်းကလေးဟာ စစ်ဘုရင် ယန်ရွှမ်းကို ချဉ်းကပ်ဖို့အစီစဉ်တကျကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အဲဒီအစီအစဉ်ကို လွဲချော်စေခဲ့သူဟာ လွန်ခဲ့တဲ့ ၅နှစ်က သူမသိပ်ချစ်ရတဲ့ ချီယန်ကျိုးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ဒါပေမယ့် သူမ ချစ်ရသူရဲ့ မျက်ဝန်းထဲမှာတော့အမုန်းတရားတွေသာပြည့်နှက်နေခဲ့ပြီး သူတို့ကြားမှာ ချစ်ခြင်းတွေ ပျောက်ကွယ်ပြီးဘာကြောင့်များ ရန်ငြိုးတွေဖြစ်စေခဲ့သလဲ၊ သူတို့ရဲ့ကိုယ်စီတာဝန်တွေကို ထမ်းဆောင်ရင်း ရန်ငြိုးတွေကိုရော ပြန်လည်ရှင်းလင်းနိုင်ပါ့မလား ဆိုတာကိုတော့ CMမှာ ဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။====================Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
8
TMDb: 8/10 2 votes
tv

Love Trap (2024)

2024
The Count of Monte Cristo (2025) 7.7
The Count of Monte Cristo (2025)   The Count of Monte Cristo (2025)IMDb Rating (7.8) ဒီတစ်ခုကတော့ ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထု မွန်တီခရစ်စတိုမြို့စားကြီးကိုပဲ တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ အင်္ဂလိပ်စကားပြော mini series လေးပါ။ဇာတ်လမ်းအစပျိုးကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယန် အယ်ဗာကျွန်းကို နယ်နှင်ဒဏ်ပေးခံရချိန်ကာလမှာစတင်ထားပါတယ်။နပိုလီယန်ရဲ့သူလျှိုဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အက်ဒ်မွန်ဒန်တစ်စ်ဟာ ခုံရုံးမတက်ရ မစုံစမ်းမစစ်ဆေးရပါပဲ နာမည်ဆိုးနဲ့‌ကျော်ကြားတဲ့ချိတိုဒိစ်ကျွန်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ အဖမ်းခံလိုက်ရပါတယ်။အဲ့လိုဖမ်းခံလိုက်ရတာရဲ့နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့လူသုံးယောက်ရှိနေပြီး အဲ့ဒီသူ့အပေါ်မ‌လိုမုန်းထားစိတ်တွေကြောင့် အက်ဒ်မွန်ဟာ အိမ်၊မိဘ၊ချစ်ရသူ၊ဘ၀ အကုန်လုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။သူကျွန်းကနေထွက်လာနိုင်ပြီးတဲ့အခါမှာတော့ သူ့အပေါ်မကောင်းကြံခဲ့တဲ့လူသုံးယောက်ကို လက်စားချေဖို့အကြံစတင်ပါတော့တယ်။အပြင်လောကမှာ ဒီလိုမတရားမှုမျိုးက တရားမျှတမှုရဖို့မလွယ်ပါဘူး။ ဒါပေမယ့် အကယ်၍ဆိုတဲ့အခြေအနေမျိုးမှာ အက်ဒ်မွန်နဲ့အတူသူ့ရဲ့ကလဲ့စားခရီးမှာ လိုက်ပါခံစားကြည့်လိုက်ကြပါ။ဘယ်ပြန်ရိုက်တာမျိုးကမှ ၀တ္ထုကိုမမှီဖူးပါဘူး။ ဒါပေမယ့် Adaptation တစ်ခုအနေနဲ့တော့ အချိန်ပေးဖို့တန်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။Cast တွေအနေနဲ့လည်း The Hunger Games , Me before you တို့နဲ့နာမည်ကျော်ခဲ့တဲ့ Sam Claflin က အက်ဒ်မွန်ဒန်တစ်စ် ...
7.7
TMDb: 7.7/10 19 votes
tv

The Count of Monte Cristo (2025)

2025
Snowfall (2017) 8.442
Snowfall (2017) Season 1ဒီ Seriesရဲ့ Creatorက Baby Boy (2001)တို့, Boyz n the Hood (1991)တို့လို လူမဲအသားပေးလူမဲတွေရဲ့ဖြတ်သန်းမှုကို ရိုက်ပြထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့ လူမဲဒါရိုက်တာ John Singleton။Snowfallကလည်း လူမဲတွေကို အဓိက အသားပေးထားတဲ့ မူးယစ်ဆေးလောကအကြောင်း ရုပ်ရှင်ပါပဲ။ဟိုးအောက်ခြေကအနေ စတဲ့အကြောင်းတွေပေါ့။Snowfallက မူးယစ်ဆေးလောကကို ရိုက်ပြတဲ့နေရာမှာတော့ တော်တော်လေးသေသပ်တယ်ပြောရမယ်။Character Devlopmentလည်း တော်တော်ကြမ်းတဲ့စီးရီးပဲ။Pilotအပိုင်းမှာ ကျွန်တော်တို့ကို ဘာမှမဟုတ်တဲ့ ကာရိုက်တာတွေချည်းပဲ ချပြထားတယ်။တစ်ချို့ဇာတ်လမ်းတွေမှာကျ အဲဒီလိုချပြတာတွေမှာ သူတို့ရဲ့အလားအလာကို သိပ်မမြင်ရဘဲ ဖြစ်လာမှဖြစ်လာတယ်လို့ သိလိုက်ရတာမျိုးရှိပေမဲ့Snowfallကတော့ ဒီကာရိုက်တာတွေရဲ့ အလားအလာကို သူတို့စလာကတည်းက မြင်နေရအောင်ကို သေချာလေးပြထားတယ်။ဒီတော့ အပိုင်းတစ်ကြည့်လိုက်ရုံနဲ့ ဆက်ကြည့်ချင်သွားမယ့်စီးရီးပါပဲ။ကျွန်တော်ကိုယ်တိုင်လည်း တစ်ပိုင်းပြန်ပြီး နောက်ထပ်၁၉ပိုင်းဆက်တိုက်ကြည့်ဖြစ်သွားတယ်။ဇာတ်ကတော့ ၁၉၈၆ လော့အိန်ဂျယ်လိစ်မှာ ဇာတ်အိမ်တည်ထားတယ်။Creatorရဲ့ဖြတ်သန်းမှုရှိတဲ့ကာလမှာ တည်ထားတာထင်ရပါတယ်။လူမဲကောင်လေးတစ်ယောက် မူးယစ်ဆေးလောကထဲ ငြိသွားတာရယ်, စီအိုင်အေနဲ့ မက္ကဆီကန်တွေကြားက အရှုပ်အရှင်းတွေ,စီအိုင်အေကိုက ဆေးတွေခိုးရောင်းပြီး မက္ကဆီကန်ကွန်မြူနစ်တွေကို ...
8.442
TMDb: 8.442/10 531 votes
tv

Snowfall (2017)

2017
The Deception Game (2024)
The Deception Game (2024) The Decetption Game (2024) **************************စ/ဆုံးပြည့်စုံတဲ့တယ်လို့ ထင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ဖတ်ချနင်'...ဖတ်ချနင်ရဲ့ အိမ်ထောင်ရေးစပြီးအဆင်မပြေဖြစ်လာတဲ့အချိန်မှာတော့...'ဖတ်' နဲ့ 'ဒေါင်' ရဲ့ ပြိုင်ဆိုင်မှုတွေ စ တင်လာခဲ့ပါတော့တယ်။ အီဒေါင်က..အငြိုးအတေးတစ်ခုကြောင့် ဖတ်ချနင်ရဲ့ဘဝကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့...လက်တုံ့ပြန်မှုကို စတင်ခဲ့တယ်။ ဒါပေမဲ့ ဒီကစားပွဲဟာ သူတို့နှစ်ယောက်တင်မကဘဲ...ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးသမားတစ်ယောက်ပါ ရောပြီးပါလာတဲ့အခါမှာတော့...ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမှာလဲ။ အရှုပ်တော်ပုံတွေ ခံစားချက်ကစားမှုတွေကြားထဲမှာ..ကိုယ်မလုပ်ထားတဲ့အပြစ်အတွက် လက်တုံ့ပြန်ခံရလို့ ဘဝပျက်လုနီးပါးဖြစ်သွားတဲ့...ဖတ်ချနင်တစ်ယောက်ကရော ဘယ်လိုပြန်တုံ့ပြန်မလဲ။ အဆုံးကျရင် ဒီကစားပွဲမှာ...ဘယ်သူအနိင်ရမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်။'ဖတ်' အဖြစ် 'Thisa Varitthisa''ဒေါင်' အဖြစ် 'Preaw Tussaneeya''သမ်း' အဖြစ် 'Donut Phattharapon' တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Drama: The Deception Game Genres: Romance, Drama Country: Thailand Episodes: 24 Aired: Nov 2, 2024 - Feb 2, 2025 Aired On: ...

The Deception Game (2024)

2024
Your Sky (2024) [Complete] 8.8
Your Sky (2024) [Complete] Your Sky (2024) အချစ်ရဲ့ ကောင်းကင်ငယ် (၂၀၂၄)**************************အပိုင်း (၁ မှ ၁၂) စ/ဆုံးအနေအေး ရိုးအလွန်းတဲ့ တီးရတ်ဆိုတဲ့ တက္ကသိုလ်တက်စ ကျောင်းသားသစ်လေးနဲ့ တက္ကသိုလ်က နာမည်ကြီး မွန်ဖာ ဆိုသူ စီနီယာကိုလူချောလေးတို့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အတွဲအဖြစ်ဟန်ဆောင်ဖို့ ဖြစ်လာပါတယ်။စတွေ့တွေ့ချင်းမှာ အလွဲအချော်တွေနဲ့ ဆုံခဲ့ကြတဲ့သူတို့နှစ်ယောက် ဟန်ဆောင်ချစ်သူတွေ ဖြစ်ကြပြီးတဲ့နောက်မှာ အချင်းချင်း နားလည်မှုရသွားကြမလား။အစ်ကိုအို ဆိုတဲ့ စီနီယာရဲ့ တီးရတ်အပေါ်မှာ ပိုင်ဆိုင်လိုစိတ်ပြင်းပြမှုကို မွန်ဖာက ဘယ်လိုမျိုး ကာကွယ်ပေးသွားမှာလဲ။Romance Vibe အပြည့်နဲ့ တက္ကသိုလ်ကျောင်းသားဘဝတက်ကြွမှုတွေကို အပြည့်အဝ ခံစားကြည့်ရှုဖို့ ဒီဇာတ်ကားလေးကိုညွှန်းပေးလိုက်ပါတယ်နော် .. ။ (အညွှန်းကို DaoPhyo မှ ရေးသားပေးထားပါတယ်) Episodes: 12 Aired: Nov 17, 2024 - Feb 2, 2025 Aired On: Sunday Original Network: iQIYI Genres: Romance, Drama, BL Translated by Char Ou, Dao Phyo, ...
8.8
TMDb: 8.8/10 892 votes
tv

Your Sky (2024) [Complete]

2024
Black Warrant (2025) 7.7
Black Warrant (2025) Black Warrant (TV Series 2025) IMDb - 8.1/10ဘောလိ၀ုဒ်လောကမှာ ဟိုးအရင်ကနေ အခုချိန်ထိ နေရာယူထားခဲ့တဲ့ အနုပညာရှင်မျိုးဆက်ဖြစ်တဲ့ ကပူးမိသားစုထဲက ဇာဟန်ကပူးရဲ့ Netflixကနေ ထုတ်လွှင့်ပေးလိုက်တဲ့ စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းခုနစ်ပိုင်းနဲ့ထွက်ရှိလာတဲ့ ဒီစီးရီးက ဆူနေးလ်ဂူပ်တားဆိုတဲ့ ထောင်ဝန်ထမ်းအသစ်တစ်ယောက်ရဲ့ အမြင်ကနေ ဖန်တီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲပေါ့။၁၉၈၀ကျော်ကာလ....။ထောင်ဝန်ထမ်းဖြစ်ဖို အလုပ်လျောက်တဲ့ ဆူနေးလ်။ ထုံးစံအတိုင်း အင်တာဗျူးမှာ ဘာလို ဒီအလုပ်ကိုလျောက်ချင်တာလဲမေးတော့ ထုံးစံအတိုင်းပဲ နိုင်ငံတော်ကြီးက လိုအပ်နေတာ ဘလာဘလာပေါ့။အမှန်အတိုင်းပြောဆိုတဲ့အချိန်မှာ ကျွန်တော့်မိသားစု အဆင်မပြေလို ဒီကလည်း အလုပ်ခေါ်နေလိုတဲ့။ ဒါပေမဲ့ ထောင်စောင့်တစ်ယောက်က အရပ်ရှည်ရှည် သန်သန်မာမာလူကိုလိုတာ။ ဆူနေးလ်ကကျ ပျော့တိပျော့ဖတ် အရပ်ကလည်းပုတလက်နဲ့ဆိုတော့ မင်းနဲ့မကိုက်ညီဘူးပေါ့။ ဒါပေမဲ့ ဆူနေးလ်ရဲ့ ယုံကြည်ချက်ရှိရှိ ဖြေဆိုမှုတွေကြောင့် အလုပ်ရသွားခဲ့တယ်။ဘာမှမသိနားမလည်တဲ့ ဆူနေးလ်တစ်ယောက် သပွတ်အူလိုရှုပ်ထွေးလှတဲ့ ထောင်လောကထဲကို ရောက်သွားတဲ့အခါမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်မှာ တဖြည်းဖြည်း ပြောင်းလဲလာပုံကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်၊)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...
7.7
TMDb: 7.7/10 11 votes
tv

Black Warrant (2025)

2025
Petrichor (2024) 7
Petrichor (2024) သိုဝှက်သောမိုး (၂၀၂၄) / Petrichor (2024) ************************************စ/ဆုံးအသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ် GL အချစ်ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။Main Lead အနေဖြင့် ကောင်မလေးတွေသဘောကျတဲ့ ထိုင်းကပြား Charlotte နဲ့ Engfa Waraha တို့က...အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Englot couple ရဲ့ တတိယမြောက်ဇာတ်လမ်းတွဲလေးဖြစ်ပြီး...အချစ်မှုခင်းကားလေးဖြစ်တာကြောင့် မှုခင်းစုံထောက်ကားကြည့်ရတာသဘောကျသူလေးအတွက်တော့...ဇာတ်လမ်းတွဲ ကားကောင်းလေးတစ်ကားဖြစ်မှာသေချာပါတယ်နော်။ဇာတ်လမ်းအကျဉ်း --------------သံယံဇာတသုတေသနဌာနတစ်ခုရဲ့ လက်ထောက် တွဲလ်(Engfa)က...ရာထူးတိုးပြီး မှုခင်းစုံစမ်းရေးဌာနကို...ရောက်သွားတဲ့အခါမှာတော့...မှုခင်းသိပ္ပံဌာနက ဒေါက်တာချဲကန်(Charlotte)နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး...မတူညီတဲ့ယူဆချက်တွေနဲ့လူနှစ်ယောက်က အမှုတွေကိုစုံစမ်းရတဲ့အခါ...ပြစ်မှုတစ်ခုရှာဖွေဖော်ထုတ်ပြီးတိုင်း...ပတ်ဝန်းကျင်ကတုန့်ပြန်မူတွေ အလုပ်ကဖိအားတွေကို စုံထောက်တွဲလ်တစ်ယောက် ရင်ဆိုင်ရချိန်မှာတော့...ဂုဏ်သိက္ခာ‌ကိုအထိအခိုက်မခံဘဲ အသင်းသားတွေ မှုခင်းဆရာဝန်ဖြစ်တဲ့ချဲရန်နဲ့အတူပူးပေါင်းပြီး...အချက်အလက်ကျကျနဲ့...အမှုတွေကို ဘယ်လိုရှာဖွေဖော်ထုတ်မလဲ...အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို...တရားမျှမျှတတ ကာကွယ်စောင့်ရှောက်ရင်း တစ်ယောက်ကိုတစ်ယောက် ပိုပိုယုံကြည်လာတဲ့သူတို့နှစ်ယောက်...ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အပတ်စဉ် CM မှာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်ဇာတ်လမ်းတွဲအညွှန်းကို Phaung Phaung မှရေးသားပေးထားပါတယ်Drama: Petrichor Genres: Thriller, Mystery, Romance, Drama Country: Thailand Episodes: 10 Aired: Nov 23, 2024 - Feb 1, ...
7
TMDb: 7/10 votes
tv

Petrichor (2024)

2024
Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
The Sex Lives of College Girls Season 3 7.2
The Sex Lives of College Girls Season 3 The Sex Lives of College Girls [Season 3]Rating ကောင်းကောင်းနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ ပရမ်းပတာတွေ ဂယက်တွေကို တဝကြီး ပေးစွမ်းမဲ့ စီးရီးက စီစန် 3 ထပ်မံထွက်ရှိလာပါပြီဒီစီစန်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းမ လေးယောက်ဟာ ဒုတိယနှစ်ကျောင်းသူကြီးတွေ ဖြစ်သွားပါပြီ။ ရှေ့စီစန်မှာ ဘဲကိစ္စအရှုပ်အပွေတွေကြောင့် အုပ်စုကွဲမလိုကလည်း ဖြစ်နေသေးတာပါ။ကိုယ်စီပြဿနာတွေနဲ့ သူတို့လေးယောက် ဒီစီစန်မှာရော ဘယ်လိုတွေ ဂယက်ရိုက်ကြဦးမလဲဆိုတာ တစ်ပတ်ကိုတစ်ပိုင်း စောင့်ကြည့်ပေးသွားပါဦး။ File Size – 900 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –37 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Jae JaeEncoder – YK   Episode 1 - Yoteshin ...
7.2
TMDb: 7.2/10 307 votes
tv

The Sex Lives of College Girls Season 3

2021
Maestro in Blue (2022) 6.4
Maestro in Blue (2022) ဒီတစ်ခါ cm ပရိသတ်ကြီးကို ဂရိဘာသာစကားပြောမီနီစီးရီးတစ်ခုဖြစ်တဲ့ Maestro in Blue ဆိုတဲ့ Drama,Crime and Mystery စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။IMDB မှာ Rating 8.2 အထိ ရထားတဲ့ ဒီဇာတ်ကားလေးကလက်ရှိအချိန်မှာ season 1,2 အပိုင်း စုစုပေါင်း ၁၅ပိုင်းအထိထွက်ရှိထားပြီး ဖြစ်ပါတယ်။ဒီစီးရီးရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်သုံးခုလုံးကို နာမည်ကြီး ဂရိမင်းသားချော ChristopherPapakaliatis က ပါဝင်ထားပြီး ဇာတ်အိမ်ကို ကိုဗစ်ပြီးခါစအချိန်ကို တည်ပြီး ရိုက်ကူးထားပါတယ်။ နောက်ပြီးထူးခြားချက်က ဂရိနိုင်ငံရဲ့ သာယာလှပလွန်းတဲ့ ကျွန်းစုတွေ၊ကြည်လင်ရှင်းသန့်နေတဲ့ ပင်လယ်ရေပြာပြာ၊အေသင်မြို့ရဲ့ နာမည်ကြီး အထင်ကရနေရာတွေကိုရိုက်ချက်ကောင်းကောင်းနဲ့ တင်ဆက်ပြသထားနိုင်တာပါ။ ဇာတ်လမ်းအကျဉ်း ***************အော်ရဲစတစ်လို့ အမည်ရတဲ့ ဂီတမှူး တစ်ယောက်ကတစ်နေ့မှာ ကျွန်းစုငယ်လေး တစ်ခုရဲ့ ဂီတပွဲတော်ကိုစီစဉ်အကောင်အထည်ဖော်ဖို့ ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့ပါတယ်။ လမ်းညွှန်မေးရင်းနဲ့ ကလဲလျာလို့ခေါ်တဲ့ငယ်ရွယ်ချောမောတဲ့ ကောင်မလေးနဲ့ သူစပြီး ဆုံခဲ့မိပါတယ်။ကျွန်းပေါ်က မြို့ငယ်လေးကို ရောက်ပြီးတဲ့အခါ ...
6.4
TMDb: 6.4/10 26 votes
tv

Maestro in Blue (2022)

2022
Comedy Revenge (2024) [Complete] 8
Comedy Revenge (2024) [Complete] Comedy Revenge (2024)*************************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှူနိုင်ဖို့အတွက် Netflix ကနေရိုက်ကူးထားပြီး တောင်ကိုရီးယားရဲ့ ဝါရင့်ထိပ်တန်းလူရွှင်တော်ကြီး  Lee Kyung-kyuဦးဆောင်ပါဝင်ထားတဲ့ Comedy Revenge ဆိုတဲ့ ဟာသစွမ်းရည်ပြိုင်ပွဲ reality show တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒီဟာသစွမ်းရည်ပြိုင်ပွဲမှာဆိုရင်တော့ ဟာသပညာမှာပါရမီရှိတဲ့ လူရွှင်တော် ၁၈ ယောက်တို့ကပရိတ်သတ်ကြီးတွေ ရယ်မောအောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြိတ်အနယ် ပြတ်လုံးထုတ်ပြီးယှဉ်ပြိုင်ကြပုံတွေကို ကြည့်ရှုရမှာပါ။နောက်ဆုံးမှာတော့ အဲဒီလိုအရည်အချင်းရှိတဲ့ လူရွှင်တော် ၁၈ ယောက်ထဲက ဘယ်သူတွေရဲ့အဖွဲ့က ဆရာကြီး Lee Kyung-kyu ကို ရယ်မောအောင်လုပ်နိုင်ပြီး Comedy Revenge Show ရဲ့အနိုင်ရရှိသူဖြစ်လာမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ဒီဟာသစွမ်းရည်ပြိုင်ပွဲလေးမှာကြည့်ရှုလိုက်ကြပါလို့ ညွှန်းဆိုလိုက်ပါရစေနော်။ (အညွှန်းကိုတော့ Wut Yi မှ ရေးသားထားပါတယ်။) Aired: Oct 15, 2024 Aired On: Tuesday Genres: Comedy, ...
8
TMDb: 8/10 2 votes
tv

Comedy Revenge (2024) [Complete]

2024
My Girlfriend’s Child (2024) [Complete] 5.5
My Girlfriend’s Child (2024) [Complete] My Girlfriend's Child (2024)*****************************အပိုင်း (၁ မှ ၁၂) စ/ဆုံးဆယ်ကျော်သက်တဲ့ .. ၊ သိပ်ကို စိတ်ကူးယဉ်လို့ကောင်းပြီး အရာရာကိုနားလည်စပြုလာတဲ့ ဘဝရဲ့ သိပ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု .. ရည်မှန်းချက်ကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့ ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတဲ့ အချိန်ကာလလေး...ပြောရမယ်ဆိုရင် တာဝန်ဆိုတာ ကျောင်းစာနဲ့ စာမေးပွဲလောက်သာ စိတ်ထဲရှိတဲ့ ကျောင်းနေ အရွယ်လေးတွေပေါ့လေ .. တာ့ကာရနဲ့ဆချီတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် .. ၊ တာ့ကာရက ကျောင်းတွင်းမှာ ထူးချွန်တဲ့အားကစားသမားဖြစ်ပြီး တောက်ပတဲ့အနာဂတ်တစ်ခုကို မျှော်မှန်းနေတဲ့ကျောင်းသားလေးဖြစ်ပြီးတော့ ဆချီကတော့ ချစ်ရသူကို အရာရာပုံအပ်ထားတဲ့ သာမန် ပျော်ရွှင်တဲ့ကျောင်းသူလေးပေါ့လေ။ဒါပေမဲ့ ဆယ်ကျော်သက်စုံတွဲတွေရဲ့ မဟာအိပ်မက်ဆိုးကြီးတစ်ခု ဒီစုံတွဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါကတော့ ဆချီနဲ့တာ့ကရတို့ အတူနေချိန်မှာ ကွန်ဒုံးပေါက်သွားပြီး ဆချီတစ်ယောက် ကိုယ်ဝန်ရလာတာပါပဲ။အသက်မပြည့်သေးတဲ့ချစ်သူတွေကြား ကိုယ်ဝန်ရလာတဲ့အခါမှာ တစ်ခုတည်းသောရွေးစရာက ကိုယ်ဝန်ဖျက်ချတာပဲလို့ လူတိုင်းထင်ကြပေမဲ့ ဆချီနဲ့ တာ့ကာရကတော့ ရဲတင်းစွာနဲ့ပဲ ဒီကလေးလေးရဲ့ မိဘတွေဖြစ်ဖို့ ရွေးချယ်လိုက်ချိန်မှာတော့....စိတ်ကစားတတ်တဲ့အရွယ်ရယ်လို့ ရောက်လာပြီဆိုရင် ချစ်သူရည်းစားကိစ္စ ချစ်တင်းနှောတာတွေ ကိုယ်ဝန်တွေ အစရှိသဖြင့် ...
5.5
TMDb: 5.5/10 128 votes
tv

My Girlfriend’s Child (2024) [Complete]

2024
Karate Girls (2024)
Karate Girls (2024) Karate Girls (2024) ကရာတေးအဖွဲ့သားများ Imdb 6.6/10ကရာတေးတိုက်ကွက်ဆန်းတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမဲ့ ကရာတေးပြိုင်ပွဲကြီး ဒီပြိုင်ပွဲမှာအနိုင်ရတဲ့လူက ဂျပန်နိုင်ငံ‌ကို အခမဲ့ပညာသင်ခွင့်ရမှာဖြစ်တဲ့အတွက် နိုင်ငံထဲမှာရှိတဲ့ နာမည်ကြီးပေ့ဆိုတဲ့ သင်တန်းကြီးတွေပါ ဝင်ပြိုင်မဲ့ပွဲ..မတူတဲ့နေထိုင်မှုဘဝတွေနဲ့ အဘာနဲ့ ကိုမယ်.. ကိုမယ်ကတော့ ယောကျာ်းလေးတွေနဲ့ပါ အပြိုင်ရန်ဖြစ်တတ်ပြီးဘဝမှာ သူရှုံးတယ်ဆိုတာမရှိခဲ့တဲ့ ဆတ်ဆတ်ကြဲမိန်းကလေး အဘာကတော့ ကရာတေးဆရာရဲ့သမီးဖြစ်ပေမဲ့ သူစိတ်ဝင်စားတာကတော့ ဟစ်ဟော့အကပါ နောက်ကွယ်မှာတော့အဖေမသိအောင် ဗီဒီယိုခိုးရိုက် ခိုးတင်ပြီး အဖေ့ရှေ့မှာတော့ကရာတေးကိုစိတ်ဝင်စားသလိုနေထိုင်နေသူပေါ့ဂျပန်သွားချင်နေတဲ့ကိုမယ်နဲ့ အဖေ့ဆန္ဒအတိုင်း အဘာတို့ ဒီပြိုင်ပွဲကြီးကိုဝင်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ ဇာတ်လမ်းကတော့ ဒီလောက်မရိုးရှင်းဘူးပေါ့ နောက်ပိုင်းတွေမှာ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်သွားရမယ် သူတို့ဘာတွေကြုံတွေ့လာရမယ်ဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )File Size – 600 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:5EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Yunni Encoder – YK  Episode 1 - Yoteshin ...

Karate Girls (2024)

2024
Waves of Life (2017) 7.6
Waves of Life (2017) Waves Of Life (2017) / ဘဝလှိုင်းတံပိုး (၂၀၁၇) *****************************************စ/ဆုံး2017ရဲ့ best masterpiece လို့ပဲပြောပြော P'Markနဲ့ P'Yayaတို့ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုလို့ပဲပြောပြောပရိသတ်တိုင်းရဲ့ရင်ထဲမှာ အမှတ်တရတွေ ကျန်နေရစ်ခဲ့တဲ့ Waves of Lifeဆိုတဲ့ ဇာတ်လမ်းတွဲလေး‌ကို CMလက်ရာလေးနဲ့ တင်ဆက်ပေးချင်ပါတယ်...Cast အနေနဲ့ရော plot အနေနဲ့ပါပြောစရာမရှိတဲ့အပြင်မင်းသားနဲ့မင်းသမီးရဲ့ chemistry မိနေမှုကြီးကို ကြည့်ဖူးသူတိုင်းသိကြတာဖြစ်လို့ မကြည့်ရသေးဘူးဆိုရင်တော့အခုပဲ CMမှာ ပြန်လည်ရှုစားလိုက်ကြရအောင်ပါ...ဇာတ်လမ်းအကျဉ်း --------------ဂျီရာဝပ်တဲ့ဆိုတာ သိပ်ကိုတောက်ပနေတဲ့ တစ်နည်းပြောရရင် စန်းထနေတဲ့ အနုပညာကြယ်ပွင့် မော်ဒယ်၊ မင်းသမီးတစ်လက်ပေါ့...ရိုက်လိုက်တဲ့ဇာတ်ကားတွေကလည်း ကြည့်ရှုနှုန်းတွေတဟုန်ထိုးတက်၊ လူတကာကလည်းချစ်ကြတဲ့မင်းသမီးဆိုတော့မနာလိုသူတွေ အတိုက်အခံတွေလည်းအတော်များတဲ့သူပေါ့...ဒါပေမဲ့ ဂျီရာဝပ်ရဲ့ မီဒီယာနောက်ကွယ်ကဘဝကတော့လူတွေ‌ထင်သလို သာယာဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး...အမေဖြစ်သူက သူဌေးကြီးဆစ်ထာရဲ့ မယားငယ်ဖြစ်ပြီးတော့တဏှာကြီးတဲ့သူဌေးကြီးကလည်း လှလွန်းတဲ့ဂျီကိုပဲ အမြဲကျားချောင်းချောင်းနေတာဖြစ်လို့ပါ...အမေဖြစ်သူကလည်း ဂျီ့ကိုသူ့ရဲ့တက်လမ်းက ခုတုံးတစ်ခုလိုပဲမြင်တဲ့အတွက် ဖန်သားပြင်ပေါ်က လူတကာချစ်တဲ့မင်းသမီးဂျီဟာ တကယ့်လက်တွေ့မှာမေတ္တာငတ်နေသူဆိုလည်းမမှားပါဘူး။...တစ်ရက်မှာတော့ ဂျီကိုဘယ်လိုနေနေ အပိုင်လိုချင်တဲ့ဆစ်ထာတစ်ယောက်ဟာdate rape drug နဲ့ ဆေးခတ်ပြီးတော့ သိမ်းပိုက်ဖို့ကြံစည်တော့တယ်...ဂျီတစ်ယောက်လည်း အသိစိတ်ဝင်တစ်ချက် မဝင်တစ်ချက်နဲ့ကားမောင်းထွက်ပြေးရင်း ...
7.6
TMDb: 7.6/10 10 votes
tv

Waves of Life (2017)

2017
Love in the Edge of Divorce (2025)
Love in the Edge of Divorce (2025) ဟဲလို ပရိတ်သတ်တို‌ရေ ဒီတစ်ခေါက်CM ကနေမိတ်ဆက်ပေးတဲ့ဇာတ်ကားအသစ်လေးက လူငယ်အချစ်ကားဖြစ်တဲ့မင်းသား Ryan Renနဲ့ မင်းသမီး Li Xing Yao တိုပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ကားကိုတင်ဆက်ချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဖုယန့်ချန်နဲ့ ရှန့်မျန်တိုက တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးပဲစီးပွားရေးပေါင်းစည်းမှုတစ်ခုကြောင့် ချစ်ခြင်းမရှိတဲ့အိမ်ထောင်ရေးကို သုံးနှစ်ကြာ ပေါင်းသင်းလက်ထပ်ခဲ့တယ်။နှစ်ဦးနှစ်ဖက်တွေ့ဆုံဖို အကြိမ်ကြိမ်ကြိုးစားခဲ့လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့်သူတိုကြားမှာ မမျှော်လင့်တဲ့ ရင်းနှီးသောဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။သူတိုပြန်တွေဆုံတော့ မှားယွင်တဲ့အချစ်ခံစားချက်ကြောင့် အထင်လွှမှုတွေတိုးလာခဲ့တယ်ဖုယန့်ချန့်က ရှန့်မျန်ကို penny မှန်းသိခဲ့တဲ့အခါ...သူက ရှန့်မျန်နဲ့ပြန်ပေါင်းသင်းမလားသူတိုနှစ်ဦးကြား မှားယွင်တဲ့ချစ်ခြင်းမေတ္တာကြားမှာ စစ်မှန်တဲ့အချစ်မေတ္တာပြန်ရနိုင်မလား ...အထင်လွှမှုတွေ ပြေလည်နိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုပါဦးနော်====================Quality : WEB-DL 1080p Total Episodes : 31 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

Love in the Edge of Divorce (2025)

2025
Anyway Thirty (2025) [Complete] 7.5
Anyway Thirty (2025) [Complete] Anyway Thirty (2025)************************အပိုင်းသစ် (၁ မှ ၅) စ/ဆုံး My Secret Romance ထဲက မင်းသမီး Song Ji Eun နဲ့ My Man is Cupid ထဲက Park Ki Woong တို့အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတွဲတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ -ဇာတ်လမ်းအညွန်း- အသက် ၃၀ ရောက်တဲ့အခါမှာ လူတော်တော်များများဟာ အလုပ်အကိုင်၊ လက်တွဲဖော်အတည်တကျဖြစ်နေမှာပဲဆိုပြီး မျှော်မှန်းကြသလို ဖြစ်လာအောင်လည်း ကြိုးစားကြပါတယ်။ဒါပေမဲ့ အသက် ၃၀ ထဲဝင်မှ အလုပ်ကလည်းပြုတ် ရည်းစားနဲ့လည်းပြတ်သွားတဲ့ စတိုင်လစ်ဂျူဆောအွန်းအတွက်ကတော့ အိပ်မက်ဆိုးကြီးလိုပါပဲ။တစ်ယောက်တည်း လမ်းပျောက်နေတဲ့အချိန် သူ့ဘေးကို ပဟေဠိဆန်တဲ့ အချိုပွဲဆိုင်ပိုင်ရှင်လေးရောက်လာပြီး စစချင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘုနဲ့ဘောက်ဆိုပေမဲ့လည်းတဖြည်းဖြည်း တစ်ယောက်အကြောင်း တစ်ယောက် နားလည်လာတဲ့အခါမှာတော့..ချိုချိုမြိန်မြိန် မုန့်လေးတွေလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာကိုဟာသလေးနှောပြီး ရိုမန်တစ်ဆန်ဆန်ကြည့်ရမှာမို့ အမြန်ဆုံးကြည့်လိုက်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ Aired: Jan ...
7.5
TMDb: 7.5/10 100 votes
tv

Anyway Thirty (2025) [Complete]

2025

Genres

Archives