Origin (2023)


Synopsis:
Origin ( 2023 )
==============
A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့ A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့ ဒီလိုအောင်မြင်မှုမျိုးရပါပြီ။ ဒီနှစ်လည်း A24က သူဖြန့်တဲ့ The Zone of Interest နဲ့ အော်စကာရခဲ့သလို နီယွန်ကလည်း Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု Origin ( 2023 )ကလည်း နီယွန်ကကားပါပဲ။
Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။ ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို လူဖြူရပ်ကွက်ထဲ ခြေသွားရှုပ်လို့အသတ်ခံရတာကနေစတယ်။ ဒီလိုအသတ်ခံရတော့ ဟိုးလေးတကြော်ဖြစ်ပြီး အယ်ဒီတာတစ်ယောက်က စာရေးဆရာမအစ္စဘဲလ်ကို ဒီအကြောင်းရေးဖို့ ပြောရာကနေစတယ်။ အစ္စဘဲလ်က ရေးဖို့လုပ်တော့ အားလုံးက သူ့ကို လူမျိုးရေးခွဲခြားမှုဆိုတဲ့ ခေါင်စဉ်အောက်က ရေးစေချင်ပေမဲ့ အစ္စဘဲလ်ကတော့ ဒီထက်ပိုတဲ့အရာတစ်ခုရှိတယ်လို့ ခံစားမိခဲ့တယ်။ သူကိုယ်တိုင်လည်း အမေးတွေပဲရှိပြီး အဖြေမရှိသေးတဲ့ ဒီပုစ္ဆာကို အဖြေရှာဖို့လုပ်ခဲ့တယ်။
ဒီလူမျိုးရေးခွဲခြားမှုတွေက ဘယ်ကနေစသလဲ။။ ဒီကားထဲက ဇာတ်ကောင်တစ်ဖြစ်လဲ အပြင်က စာရေးဆရာမ အစ္စဘဲလ်ကတော့ ဒီဇစ်မြစ်ကို နာဇီတွေကနေ စပြီးအဖြေရှာထားတယ်။ ဂျူးခြောက်သန်းကို သတ်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးတွေကို ရှင်းပစ်ဖို့ စိတ်ကူးကို အမေရိကန်တွေက နေးတစ်အမေရိကန်တွေကို ရှင်းပစ်တာကိုပမာယူပြီး လုပ်ခဲ့တယ်လို့ ပြောဖူးသတဲ့။ ပြောရရင် အမေရိကန်တွေက ဂျာမန်တွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တယ်တဲ့။ ဒါက သူရခဲ့တဲ့အစတစ်ခုပေါ့။ အစ္စဘဲလ်က လူမဲတွေခံနေရတဲ့ မတရားမှုတွေက လူမျိုုးရေးခွဲခြားတယ်ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်ဘူးလို့ယုံခဲ့တယ်။ ဒီထက်ပိုတယ်လို့ ယုံခဲ့တယ်။ ဒါပေမဲ့ အဲဒီအရာရဲ့ စကားလုံးကို သူကိုယ်တိုင်လည်း ခံစားမိပေမဲ့ တပ်အပ်မသိခဲ့ဘူး။ ဒီတော့ သူက နာဇီတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတဲ့ ဂျူးတွေကိုလေ့လာခဲ့တယ်။ လူဖြူချင်း ဘာလို့ သတ်တာလဲ အဖြေရှာခဲ့တယ်။ နောက် ဒီထက်အများကြီးပိုရှေးကျတဲ့ အိန္ဒိယရဲ့ ဇာတ်ခွဲခြားခြင်းကို ဆက်လေ့လာခဲ့တယ်။ အိန္ဒိယရဲ့ ဇာတ်အဆင့်အတန်းခွဲခြားမှုကတော့ လူမျိုုးတူခြင်းခွဲခြားတာဆိုတော့ ဒါဟာလူမျိုးရေးမဟုတ်ဘူးလို့ သူပိုသေချာလာခဲ့တယ်။ လူတန်းစားခွဲခြားမှု ခေါ် ဇာတ်ခွဲခြားထားတဲ့စနစ်တစ်ခုဆိုတာ သူသေချာလာတယ်။ ဖိနှိပ်မှုသက်သက်ဆိုတာ သူသိလာတယ်။ ဒါတွေအားလုံးကို ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုအထောက်အထားတွေရှာပြီး ကျွန်တော်တို့ကို ခင်းကျင်းပြသမလဲ သမိုင်းအမှန်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ကြည့်ရလိမ့်မယ်။
ဒီရုပ်ရှင်ကို အစ္စဘဲလ်ဝီလ်ကာဆန်ရဲ့ Caste: The Origins of Our Discontentsစာအုပ်ကနေ အခြေခံထားတယ်။ သူစာအုပ်ကို ရေးစဉ်က သူ့ဘဝအကြောင်းတွေ ဒီစာအုပ်ကိုရေးဖို့ ဘယ်လိုတွန်းအားတွေရခဲ့တယ်ဆိုတာတွေကိုပါ ထင်ဟပ်အောင် ပြထားတယ်။ စာအုပ်ကလည်း ဖြစ်ရပ်မှန်တွေကိုပဲသုံးပြီး ကောက်ချက်ချပြထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတွေကလည်း တကယ့်အဖြစ်တွေချည်းပဲ။ လူမျိုးရေးခွဲခြားတယ်ဆိုတာရဲ့ ဇစ်မြစ်ကို ရေဆုံးဖျားဆုံးတူးဆွပြသွားခဲ့တယ်။ ဒီအကြောင်းအရာကို တင်ပြတဲ့ကားတွေ တော်တော်များပေမဲ့ ဒီတစ်ကားကတော့ ဒါသီးသန့်ပြလို့လားမသိ တော်တော်တော့ထိရောက်တယ်လို့ မြင်တယ်။ ဘိုင်အိုဂရပ်ဖီ ဒရာမာကားပေမဲ့ ပျင်းဖို့မကောင်းဘဲ တော်တော်တော့စိတ်ဝင်စားဖို့ကောင်းနေတယ်။ ဖိနှိပ်မှုတွေဆိုတာ ကမ္ဘာမှာ ဒီနေ့ထက်ထိ အားကောင်းတုန်းအရာတွေဆိုတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာကြီးကို ကျွန်တော်တို့မြင်တဲ့အမြင်ကို အမြင်သစ်တစ်ခုတိုးပေးနိုင်လိမ့်မယ့်ရုပ်ရှင်ဆိုတော့ တစ်ခါလောက်တော့ ကြည့်ထားကြသင့်တာပါပဲ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )
File size_(3.7GB)/( 1.6GB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_02:21:00
Genre_Drama, History
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by WiRa Aung
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_02:21:00
Genre_Drama, History
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by WiRa Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Director
Ava DuVernay
Stars
Abhishek Arun Bhalerao, Abigail London, Akil Jackson, Allan Jones, Allan Wilayto, Ann-Sophie Heier, Audra McDonald, Aunjanue Ellis-Taylor, Avery Gibson, Blair Underwood, Bryan McClure, Bryan Terry Shell, Connie Nielsen, Cristin König, Daniel Lommatzsch, Danielle Burr, David Bredin, Dhrubo Jyoti, Donna Mills, Emerson Smith, Emily Yancy, Felix Goeser, Finn Wittrock, Franz Hartwig, Gigi Pereira, Gissette E. Valentin, Hannah Pniewski, Holger Handtke, Ingo Hülsmann, Isha Blaaker, Ishaan Yadav, Jakob von Eichel, Jasmine Cephas Jones, Jessica Fontaine, John Hans Tester, Jon Bernthal, Jyotsana Siddharth, Keller Fornes, Konstantin Lindhorst, Lennox Simms, Leonardo Nam, Luis Lüps, Malachi Malik, Matthew Zuk, Matthias Miller, Max Schimmelpfennig, Michael "Spike" Topoozian, Mieke Schymura, Monica Patankar, Myles Frost, Nick Offerman, Niecy Nash, Ph.D, Prakash Dhingra, Raphael Allan, Sarah Navratil, Shahid Khan, Snehalata Siddharth Tagde, Stephanie March, Steven Allen, Suraj Yengde, Tatiana Harman, Thai Douglas, Vera Farmiga, Victoria Pedretti, Will Baker, Wyatt Werneth, Zing Ashford
Release Date
January 19, 2024
Awards
6 wins & 29 nominations
Budget
USD $38 000 000,00
Revenue
USD $4 474 931,00
Popularity
13.42
Status
Released
ID IMDb.com
tt13321244
IMDB Rating
7.2
ID Themoviedb.org
753336
TMDb Rating
6.304
TMDb votes
23