Murder at the Lighthouse (2025)


Synopsis:
ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့
Murder at the lighthouse လို့ အမည်ရတဲ့
Psychological Thriller အမျိုးအစားရုပ်ရှင်
တစ်ခုပဲဖြစ်ပါတယ် ။
ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူ
ဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဗစ်ကားစ်ကို အဓိက
ထားရိုက်ကူးထားတာဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဆီကနေ
ထွက်ပြေးလာတဲ့ ဂျက်စီကာဟာ မုန်တိုင်းထန်တဲ့ ည
တစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီရဲ့ အကူအညီနဲ့ ပင်လယ်
ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ် ။
မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်း
လှိုင်းဒဏ်ကို မခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်း
ပြီး အသက်မသေတဲ့ဂျက်စီကာဟာ ကမ်းတစ်ခုမှာ သွားတင်
နေခဲ့ပါတယ် ။
အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့
ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဂျက်စီကာကို ကယ်ထား
ပေးပြီး အနိုင်ကျင့်တဲ့ခင်ပွန်း လာလိုက်ရှာတာကနေပါ
ကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက်
ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာ သိလိုက်ရပါ
တော့တယ် ။
လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက်
တည်း နေတဲ့ အက်ဒလိုင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ
ပြီးတော့ ဂျက်စီကာကရော ဘယ်လိုဆက်လုပ်မှာလဲ
သူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာ
လားဆိုတာကို Murder At the Lighthouse ရုပ်ရှင်မှာ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။
File size… (1.19 GB) / (616 MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 26m
Genre …..Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။