Channel Myanmar

New releases (2025)

Content at random


Movies

Very Bad Things (1998)
Very Bad Things (1998) Very bad things ကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ thriller, comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ကိုင်းလ်ဖစ်ရှာက မကြာခင်မှာမင်္ဂလာဆောင်တော့မယ့်သတို့သားလောင်းတစ်ယောက်ဖြစ်ပြီး bachelor party ကျင်းပဖို့ Las Vegas ကို သူငယ်ချင်းငါးယောက်နှင့်အတူခရီးထွက်လာခဲ့ကြပါတယ်။ ယောက်ျားလေးတွေပဲအုပ်စုဖွဲ့ပြီး အပီအပြင်ကဲကြရင်း အပျော်ကနေအပျက်ဖြစ်သွားစေတဲ့ မတော်တဆလူသတ်မှူတစ်ခုကိုကျူးလွန်လိုက်မိပြီးနောက် ကိုင်းလ်နဲ့သူ့သူငယ်ချင်းတွေ ဒီအရာကိုဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး မင်္ဂလာပွဲကိုဖြစ်မြောက်အောင်စီစဉ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။File size…(1.8 GB)/(951 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju 
movie

Very Bad Things (1998)

Naale Raja Koli Maja (2024) 6.5
Naale Raja Koli Maja (2024) Naale rajaa koli majaa (2024) ကြက်သားဟင်းဂယက်အိန္ဒိယမှာ မဟတ္တမဂန္ဒီရဲ့ သက်ရောက်မှုက ယနေ့အထိ ရှိနေတုန်းပါပဲ။ဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ဒီဂျယန်တီနေ့သတ်မှတ်ပြီး အဲဒီ‌နေ့မှာ အကြမ်းဖက်မှုကို တားဆီးတဲ့အနေနဲ့ အသားဆိုင်တွေအကုန်ပိတ်ပြီး အရက်ဘီယာဆိုင်တွေဖွင့်တာ အရက်သေစာရောင်းတာကို ပိတ်ပင်ထားပါတယ်။ဆနေဟာကတော့ ကြက်သားကြိုက်တဲ့ကောင်မလေးဖြစ်ပြီး သူတို့အိမ်မှာ တနင်္ဂနွေနေ့တိုင်းမှာ အမေက ဆနေဟာအကြိုက် ကြက်သားဟင်းအမြဲချက်ပေးနေကြပါ။ဒါပေမဲ့ တစ်ရက်မှာတော့ တနင်္ဂနွေနေ့နဲ့ ဂန္ဒီဂျယန်တီနေ့က တိုက်ဆိုင်ပြီး ကြက်သားဝယ်မရတော့ပါဘူး။အဲဒါနဲ့ တစ်အိမ်လုံးကို ပတ်ပြီးပူဆာတာကလည်း အကြောင်းမထူးတော့ ယမကာလုလင်အဖေရဲ့ ပုလင်းကို ဖျောင်လိုက်ပါတော့တယ်။ဒီလိုနဲ့ အရက်ရှာပုံတော်ဖွင့်မယ့်အဖေနဲ့ ကြက်သားရှာပုံတော်ဖွင့်မယ့် သမီးတို့ရဲ့ဂယက်ကိုရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမော‌တွေ ဖြေလိုက်ကြပါဦးစို့(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှဖြစ်ပါတယ်) File size… 1.1 GB /565 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Naale Raja Koli Maja (2024)

Lion (2016) 8.0
Lion (2016)  Lion (2016)IMDb Rating (8.0)/ Rotten Tomatoes ( 84%)Nominated for 6 Oscars. Another 59 wins & 98 nominationsဆိပ်ကမ်းမဲ့တဲ့မြစ် (Lion - 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ ...
movie

Lion (2016)

2016
The Uninvited (2024) 5.4
The Uninvited (2024)  The Uninvited (2024)IMDb Rating (5.4) / Rotten Tomatoes (78%) ဒီဇာတ်လမ်းလေးရဲ့အစကတော့ Hollywood Hills မှာနေတဲ့ လင်မယားနှစ်ယောက်ဖြစ်တဲ့ Sammy နဲ့ Rose က ညနေခင်းပါတီပွဲတစ်ခု သူတိုအိမ်မှာ စီစဉ်ထားကြတယ်။ဒါပေမယ့် ပါတီပွဲ စပြီးကျင်းပနေတဲ့အချိန်မှာပဲ Helen ဆိုတဲ့ အဘွားကြီးတစ်ယောက်က သူတိုအိမ်ကိုရောက်လာပြီး အဲဒါသူ့ရဲ့အိမ်ပါလို ပြောလာတယ်။Rose လည်း လမ်းပျောက်နေပုံရတဲ့ Helen ကို အိမ်ထဲခေါ်ပြီး Helen ရဲ့ မိတ်ဆွေတွေဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်။အဲဒီမှာ Rose သိလိုက်ရတာက Helen မှာ ရောဂါတစ်ခုရှိပြီးတော့ မကြာခင်ဆုံးတော့မယ်ဆိုတာကိုပါပဲ။အဲဒီအပြင် Ross ရဲ့ ရည်းစားဟောင်း Lucian ပါတီပွဲကို ရောက်လာတာတွေ၊ Helen ရဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာတွေနဲ့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လောကရဲ့ အသက်အရွယ်အရေးပါမှုတွေ၊ တကယ့်လက်တွေ့ ဟောလိဝုဒ်ရဲ့ ...
movie

The Uninvited (2024)

2024
Pulung Gantung: Pati Ngendat (2025) 4.7
Pulung Gantung: Pati Ngendat (2025)  Pulung Gantung: Pati Ngendat (2025)IMDb Rating (4.7) ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒါတွေအပြင် ရိုင်ယန့်ချစ်သူ အာလာနာပါ ပူလန်ဂန်တွန် ရဲ့သားကောင်ဖြစ်သွားတဲ့နောက်မှာတော့သူတို့တစ်သိုက်ဟာ ပူလန်ဂန်တွန် ကိုတားဖို့၊ ကျိန်စာကိုဖျက်ဆီးဖို့ ဒီဖြစ်ရပ်တွေရဲ့အရင်းခံရာ နောက်ကြောင်းနဲ့နည်းလမ်းတွေကို ရှာဖွေကြရပုံတွေကိုထိတ်လန့်သည်းဖိုရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:30:44 Subtitle….Myanmar Subtitle ...
movie

Pulung Gantung: Pati Ngendat (2025)

2025
[18+] Kalakal (2025) 7.3
[18+] Kalakal (2025)  Kalakal (2025)IMDb Rating (7.3) ဂီလိုနဲ့အငဲတို့ဟာ ပလုံကောက်ပြီးအသက်မွေးကြတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာတစ်ချိန်မှာ ဒီဘ၀က ရုန်းထွက်ဖို့ဆန္ဒရှိကြပါတယ်။ဂီလိုက သူ့ညီမကိုကျောင်းပြန်တက်စေချင်လို့ ငွေတွေစုဆောင်းထားပေမယ့်သူ့ညီမ အငဲကတော့ ဘ၀တူ ပလုံကောက်သမားတစ်ယောက်ဖြစ်တဲ့ ဒါရီယိုနဲ့ရည်းစားထားတမ်းကစားရင်းဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းနေတာပါ။Elevator Lady တစ်ကားတည်းနဲ့ ပရိသတ်ရသွားခဲ့တဲ့ Aliya Raymundo ကဦးဆောင်ပါဝင်ထားပြီး၊ နောက်ထပ် မင်းသမီးအသစ်လေးတွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်မိတ်ဆက်ထားတဲ့ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie

[18+] Kalakal (2025)

2025
13 Minutes (2015) 7.0
13 Minutes (2015) ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံ Munishမြို့ကBürgerbräukeller ခန်းမမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အတိအကျပြောရရင် ဟစ်တလာကိုလုပ်ကြံဖို့ ကြံစည်မှုပါ။ဒီဇာတ်လမ်းလေးကတော့ အဲဒီချိန်ကိုက်ဗုံးကိုတပ်ဆင်ခဲ့တဲ့ Georg Elser ဆိုတဲ့ ကောင်လေးအကြောင်းပဲဖြစ်ပါတယ်။ထူးဆန်းတာက သူကအဲဒီဗုံးကို သူကိုယ်တိုင်တစ်ယောက်တည်းတပ်ဆင်ခဲ့တာပါ။တကယ့်သမိုင်းဖြစ်ရပ်တွေအပေါ် အခြေခံထားတဲ့ဂျာမန်စကားပြော ဒုတိယကမ္ဘာစစ်ရုပ်ရှင်လည်း ဖြစ်ပါတယ်။Rating လည်းကောင်းပြီး ကမ္ဘာစစ်အတွင်းဂျာမနီနိုင်ငံရဲ့ပုံရိပ်အချို့နဲ့ နာဇီတွေရဲ့ယုံကြည်မှုကိုထင်ဟပ်တဲ့ရုပ်ရှင်မို့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ File size…    1.8 GB /  830MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Ginevera 
movie

13 Minutes (2015)

Masameer Junior (2025) 6.7
Masameer Junior (2025) မကောင်းတာတွေလုပ်ရင် ငရဲကျမယ်လို့ ဆုံးမခံရပြီးနောက် ၆နှစ်သား သူငယ်ချင်းသုံးယောက်တို့ဟာ အကြီးကျယ်ဆုံး 'ကုသိုလ်ကောင်းမှု' တစ်ခုလုပ်ဖို့ စွန့်စား‌ပြီး စစ်ဖြစ်နေတဲ့တိုင်းပြည်ကို ထွက်လာကြပါတယ်။ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေက နေရာတိုင်းမှာ အလွဲအချော်တွေ၊ ပရမ်းပတာတွေကိုပဲ ဖြစ်ပေါ်စေတဲ့အခါ....ဒီဆော်ဒီအာရေဗျရဲ့ ပထမဆုံး Netflix Animation ရုပ်ရှင်ဟာ ဟာသတွေ၊ ထူးဆန်းတဲ့ ပုံရိပ်တွေနဲ့ လူ့အဖွဲ့အစည်းကို သရော်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့အပြင် ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပေးမယ့် ဇာတ်အိမ်ဖြစ်နေတာကြောင့် လက်မလွှတ်တမ်းကြည့်လိုက်ရအောင်..File Size… (1.14 GB) / ( 467 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 11m Genre …..Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie

Masameer Junior (2025)

Devil’s Double Next Level (2025) 5
Devil’s Double Next Level (2025) DD Next Level 2025 "သတ္တိဗျတ္တိ" IMDb - 4.8/10Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Devil’s Double Next Level (2025)

The Neighbors (2012) 7.3
The Neighbors (2012) The Neighbors (2012)**********************IMDb... 7.3 ဒီတစ်ခါမှာတော့ ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင်ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကိုပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။Castတွေအဖြစ်လည်း ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Ma Dong Seok,မင်းသားကြီး Kim Sung Kyun နဲ့အတူ မင်းသမီး Kim Sae Ron ကဇာတ်ကောင် 2ခုအဖြစ် အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက်၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာ အဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူ‌ဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကို ဖမ်းဆီးသွားနိုင်မှာလား...လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကိုရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ ကြည့်ရတာတန်တဲ့ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ...
movie

The Neighbors (2012)

Dear Uma (2025) 6.7
Dear Uma (2025) Dear Uma (2025) "ချစ်ရပါသော အူမာ"တေလဂူး ဖန်စီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အူမာဆိုတာ ဝေးလံတဲ့ရွာလေးမှာ မွေးပေမဲ့ ထိပ်တန်းဆေးကျောင်းကို တက်ခွင့်ရပြီး လူတကာချစ်ကြတဲ့ မိန်းကလေးဒေ့ဗ်ကတော့ အူမာနဲ့ဆန့်ကျင်ဘက် တော်လှန်လိုစိတ်ရှိပြီး ဘဝမှာ အငြင်းခံရတွေချည်းကြုံနေရတဲ့ ရော့ခ်စတားဖြစ်ချင်သူတစ်ယောက်မတည်ငြိမ်တဲ့သူ့ဘဝကို တည်ငြိမ်အေးချမ်းအောင်လုပ်ပေးနိုင်မယ့် မိန်းကလေးကိုရှာရင်း အူမာနဲ့ဆုံခဲ့ရာကနေသူတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ ထင်သလောက်ပဲ ရိုးစင်းမလား အလှည့်အပြောင်းတွေ ဖြစ်လာဦးမှာလား ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dear Uma (2025)

Eleven (2025) 5.6
Eleven (2025) Eleven (2025) "အတိတ်ဆိုး" IMDb- 7.9/10မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီးခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Eleven (2025)

Alappuzha Gymkhana (2025) 7.1
Alappuzha Gymkhana (2025) Alappuzha Gymkhana (2025)"အာလာပူဇာ အားကစားရုံ" ==============================================ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / ...
movie

Alappuzha Gymkhana (2025)

Nemlizade (2024) 4.7
Nemlizade (2024)   Nemlizade (2024)ဘာအလုပ်မှမရှိပဲ ရပ်ကွက်ထဲမှာ သူငယ်ချင်းတစ်သိုက်နဲ့ပျော်ပါးနေလေ့ရှိတဲ့ အိုနာကသူ့သူငယ်ချင်းရဲ့ညီမ ကယ်ရီမန်ကို ကြိုက်လို့အိမ်မှာ သွားသွားတောင်းတာ ဆယ်ခါလောက်ရှိပါတယ်။ဒါပေမဲ့လည်း ကယ်ရီမန် ရဲ့ ဦးလေးက ဆယ်ခါလုံးငြင်းလိုက်ပါတယ်။ အကြောင်းအရင်းက အိုနာက အလုပ်မရှိအကိုင်မရှိနဲ့ ဖြစ်နေလို့ပေါ့..တစ်နေ့ အိုနာက သူ့ဦးလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခေါပြီး ထပ်သွားတောင်းပေမဲ့လည်း အငြင်းခံလိုက်ရပါတယ်။အပြန်မှာ သူ့ဦးလေးအုပ်ကြီးက ကားအက်ဆီးဒန့်ဖြစ်ပြီး အသိစိတ်မရှိပဲမေ့မြောနေတဲ့အခြေအနေကို ရောက်သွားပါတယ်။အဲ့တာနဲ့ အိုနာက သူ့ဦးလေးနေရာ သူဝင်ယူပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ပါတော့တယ်။သူ့ကောင်မလေးကိုယူနိုင်ဖို့လဲကြိုးစားရင်း ရပ်ကွက်ထဲမှာ မဟုတ်တာတွေလုပ်လို့ရပ်ကွက်က သူ့ကိုအုပ်ကြီးအဖြစ်လက်မခံနိုင်တော့ပါဘူး..အဲ့တာ သူနဲ့ သူ့သူငယ်ချင်းတွေက အုပ်ကြီးနေရာကို ရေရှည်တည်တံ့နိုင်အောင်ဘယ်လိုကြိုးစားပြီးထိန်းသိမ်းသွားမလဲဆိုတာကို ရယ်မောရ‌ပြီးကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (2.2 GB) / (940 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:41:30 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated ...
movie

Nemlizade (2024)

2024
Ganapath (2024)
Ganapath (2024) Ganapath (2024)HDTV အကြည်ဗားရှင်းရပြီမလို့ တင်ဆက်လိုက်ပါပြီ********************** ကဲ ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိတ်သတ်အချစ်တော် မင်းသားလေး တိုက်ဂါးရှောဖ့်နဲ့ မင်းသမီး ချောလေး ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟင်ဒီစကားပြော Action/Thriller ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း မြို့ကြီးတစ်မြို့မှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးတဲ့နောက် သူချမ်းသာ တွေက သူဆင်းရဲတွေကို အုတ်တံတိုင်းနဲ့ကာပြီး အမှိုက်ပုံတွေမှာ အလုပ်လုပ်စေတာ ကျွန်ပြုတာတွေ လုပ်လာကြပါတယ်။သူဆင်းရဲတွေက ဒီကျွန်ပြုမှုကို တွန်းလှန်ဖို့ တပ်သားတစ်ယောက် ပေါ်ထွက်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့ကြပါတယ်။သူဆင်းရဲတွေရဲ့ အနာဂတ်ဟောဆရာ ဒလပသီရဲ့ ပြောကြားချက် အရ ဂန်ပသ်ဆိုတဲ့ ခေါင်းဆောင်ဟာ မကြာခင် ပေါ်ထွက်လာပြီး သူတို့က ဒီဆင်းရဲ့ ဒုက္ခတွေကနေ ကယ်တင်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ကဲ ဂန်ပသ်ဆိုတဲ့ တပ်သား ဘယ်တော့ ပေါ်ထွက်လာမှာလဲ... သူက တကယ်ပဲ သူ့လူမျိုးစုတွေကို ကယ်တင်နိုင်မှာလား... ဘယ်လို အခက်အခဲတွေကို ကြော်ဖြတ်ရမှာလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြကါလို့... ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။ File size… 2.6 GB / 1.4 GB Quality…HDTV  1080p HEVC/ ...
movie

Ganapath (2024)

Love Wine & Salt: A Tuscan Romance (2024) 5.4
Love Wine & Salt: A Tuscan Romance (2024)  Love Wine & Salt: A Tuscan Romance (2024)ဒီကားဟာဆိုရင် Italy နိုင်ငံရဲ့ Tuscany ပြည်နယ်ရှိ တောင်ကုန်းတွေပေါ်က စပျစ်ခြံတွေအကြားမှာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အဖိုးအိုနဲ့ Roberta ၊ Claudia ၊ Georgia ဆိုတဲ့မြေးမလေးသုံးယောက်တိုဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူတိုရဲ့ အိမ်၊ စပျစ်ခြံနဲ့ ဝိုင်သိုလှောင်ခန်းကို ရောင်းရဖိုဖြစ်လာတယ်။သိုပေမဲ့ မြေးမလေးတွေမှ အိမ်နဲ့ခြံမရောင်းရဖိုအရေး အကြံထုတ်ရာမှ အိမ်ကို တည်းခိုခန်းအဖြစ်ပြောင်းလဲဖို အကြံရသွားတယ်။မိန်းမလှလေးတွေ ဦးစီးတဲ့တည်းခိုခန်းဖြစ်သည့်အလျှောက် လာတည်းခိုတဲ့ ဧည့်သည်တွေမှာ ယောကျာ်းလေးများဖြစ်ပြီး မြေးမလေးတွေကို အမြဲစိုးရိမ်နေနဲ့အဖိုးနဲ့ ဧည့်သည်တွေအကြား မကြာမကြာပြဿနာတက်ကြတာပေါ့။Germany မှ Ali ၊ Allan ၊ Thomas သူငယ်ချင်းသုံးယောက်ဟာလည်း Italy ကို အပန်းဖြေခရီးထွက်လာရာ မြေးမလေးတွေရဲ့တည်းခိုခန်းမှာတည်းရင်း မမျှော်လင့်ပဲ အချစ်ဇာတ်လမ်းတွေဖြစ်လာပါတယ်။ဒါကို အဖိုးဖြစ်သူက သိရှိသွားပြီးတော့ သူငယ်ချင်းသုံးယောက် ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ...
movie

Love Wine & Salt: A Tuscan Romance (2024)

2024
Habib (2024) Habib, la grande aventure 6.4
Habib (2024) Habib, la grande aventure Habib (2024) Habib, la grande aventureIMDb Rating (6.4) ဟာဘစ်က ဇာတ်ဆောင်အသေးလေးတွေကို သရုပ်ဆောင်ရင်းနဲ့ ပိုပြီးကြိးမားတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ရဖို့ အိမ်မက်မက်နေတဲ့ လူငယ်လေးဖြစ်ပါတယ်။သူက ရွေ့ပြောင်းနေထိုင်လာတဲ့ မိသားစုမှ ဖြစ်ပြီး သူ့မိသားစုကတော့ သူ့အိမ်မက်တွေကို အားပေးခြင်းမရှိခဲ့ပါဘူး။ကတ်သရင်းဒနီဗာဆိုတဲ့ ပြင်သစ်မင်းသမီး ကြီးနဲ့ တူတူ သရုပ်ဆောင်ခွင့် မရခင်ထိပါပဲ ။ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.1 GB) / (530 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:28:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin
movie

Habib (2024) Habib, la grande aventure

2024
Ballerina (2025) From the World of John Wick: Ballerina 7.3
Ballerina (2025) From the World of John Wick: Ballerina From the World of John Wick: Ballerina (2025)IMDb Rating (7.3) / Rotten Tomatoes (76%)ဂျွန်ဝစ်ရုပ်ရှင်တွေက ခွဲထွက်လာတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ လက်ရှိ အကြည်ဆုံး ရုံရိုက်ဗားရှင်းကို အကြည်ဆုံးအသံထည့်ပြီး အမှန်နိုင်ဆုံး ဘာသာပြန်ပေးထားပါတယ်။ဒါရိုက်တာကတော့ Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman ဖြစ်ပါတယ်။ မင်းသမီး အန်နာဒဲအာမက်စ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကာလကတော့ John Wick 4 မတိုင်မီ အချိန်ပဲ ဖြစ်ပါတယ်။ အရင်ဂျွန်ဝစ်ကားတွေနဲ့တန်းတူ အသားကုန်ကျုံးတဲ့ကားမို့ သေချာပေါက် ကြည့်ရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။ တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။ အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို ...
movie

Ballerina (2025) From the World of John Wick: Ballerina

HDTC
Diablo (2025) 6.0
Diablo (2025)  Diablo (2025)ဒီရုပ်ရှင်က ကိုလံဘီယာ-အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Ernesto Díaz Espinoza ရဲ့ လက်ရာပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ထောင်ကပြန်လွတ်လာတဲ့ ကရစ်ချီနီ (Kris Chaney) အဖြစ် Scott Adkins က သရုပ်ဆောင်ထားပါတယ်။ကရစ်ဟာ ထောင်ကထွက်လာပြီး သေဆုံးသွားတဲ့ မိခင်တစ်ဦးရဲ့ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။သူဟာ ကိုလံဘီယာဂိုဏ်းစတားခေါင်းဆောင် ဗင်ဆင့် (Vicente) ရဲ့သမီး အဲလီဆာ (Elisa) ကို ပြန်ပေးဆွဲခဲ့ပြီး ဒီလုပ်ရပ်က သူ့ဘဝကို ပိုမိုအန္တရာယ်များသွား​စေပါတယ်။ဗင်ဆင့်ဟာ သူ့သမီးကို ပြန်ယူဖို့ ရာဇဝတ်လောကတစ်ခုလုံးကို လှုံ့ဆော်ပြီး စိတ္တဇလူသတ်သမား အဲလ်ကော်ဗိုကို ငှားရမ်းခဲ့ပါတယ်။အဲလ်ကော်ဗိုဟာ ဗင်ဆင့်ရဲ့မိသားစုကို လက်စားချေဖို့ လိုက်လံခြိမ်းခြောက်နေသူပါ။ကရစ်ဟာ အဲလီဆာကို ကာကွယ်ရင်း သူ့ရဲ့ကတိကို ထိန်းသိမ်းဖို့ ထောင်ထဲမှာရော အပြင်မှာပါ သင်ယူခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုအားလုံးကို အသုံးပြုရပါတယ်။ဒီရုပ်ရှင်ဟာ ပြင်းထန်တဲ့ ...
movie

Diablo (2025)

2025
4K HEVC
Ace (2025) 7.4
Ace (2025) Ace (2025) "နှလုံးလှလူမိုက် ဘို့ကန်နန်"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် နာမည်ကျော်တမီလ်မင်းသားကြီး ဗီဂျေးစည်သူပတီနဲ့ယိုဂီဘာဘူတို့ ပါ၀င်သရုပ်‌ဆောင်ထားတဲ့ ရုပ်ရှင်သစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်က မှုခင်းဇာတ်လမ်းပေမဲ့ အချစ်နဲ့ဟာသပါရောနှောတင်ဆက်ထားတာ ဖြစ်ပါတယ်။ကန်နန်ဟာပြစ်မှုကျူးလွန်ပြီး ထောင်ကျခဲ့ပေမဲ့ တကယ်တမ်းကတော့ စိတ်ထားကောင်းပြီး ကူညီပေးတတ်သူပါ။ အဲဒီစိတ်ကပဲ သူ့ကိုပြစ်မှုကျူးလွန်မိအောင်လုပ်သလို ဖြစ်နေခဲ့တာလို့ ဆိုရမလိုပါပဲ။သူထောင်ကထွက်လာချိန်မှာ‌တော့ ဘ၀သစ်စပြီး ပြဿနာတွေနဲ့ဝေးအောင်နေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကို အဲဒီအတိုင်းနေခွင့်မပေးခဲ့ဘဲ ပြဿနာတွေထဲ၀င်ပါမိ‌စေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနေတဲ့နေရာသစ်မှာ ရူကူဆိုတဲ့ မိန်းမချောလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ စစချင်းမှာ မတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိန်းကလေးရဲ့သနားစရာဘ၀ပြဿနာအကြောင်း သိလိုက်ရတဲ့အခါ.... အဲဒီအပြင် မတရားမှုတွေ မကောင်းတဲ့လူတွေနဲ့ ဆုံလာရတဲ့အခါ...ဘ၀အသစ်ပြန်စဖို့ ဆုံးဖြတ်ထားတဲ့ ကန်နန်တစ်ယောက် အရင်လိုဘ၀ထဲပြန်ရောက်ပြီး ပြဿနာတွေထဲ ၀င်ပါရဖို့ ဖြစ်လာပါတော့တယ်။အဲဒီလိုပြဿနာတွေကြားထဲမှာ ကန်နန် ဘာတွေကြုံရဦးမလဲ အရင်လိုထောင်ထဲပြန်၀င်ရဦးမလားဆိုတာကို အချစ်နဲ့ဟာသလေးပါနှောပြီး စိတ်၀င်တစားဆက်လက်ကြည့်ရှုကြရမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.87 GB / 1.45 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Ace (2025)

Genres

Archives