Exit print mode Print Data A+ A- Undo all

Mongol: The Rise of Genghis Khan (2007)

Greatness comes to those who take it.
Mongol: The Rise of Genghis Khan (2007)Mongol: The Rise of Genghis Khan (2007)

Synopsis:

ဒီရုပ်ရှင်ကားအကြောင်း မပြောခင် ချင်ဂစ်ခန်း(Chinggis Khan)လို့ကော

ဂန်ဂျစ်ခန်း(Genghis Khan)လို့ရော ခေါ်ကြတဲ့

442

ထယ်မူဂျင်းဆိုတဲ့ မွန်ဂိုလူမျိုးတစ်ယောက်အကြောင်းကို

အရင်ဆုံး ပြောပြချင်ပါတယ်။

 

ကမ္ဘာ့သမိုင်းရေးရာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့

နာမည်ကြားရုံနဲ့ တန်းသိလောက်မယ့် တစ်ခေတ်တစ်ခါက

ကမ္ဘာ့အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်အုပ်စိုးခဲ့တဲ့

ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။

 

သူ့ကို မသိတဲ့လူတွေတောင် သူပြောခဲ့တဲ့စကားတွေကိုတော့ ကြားဖူးကြမှာပါ၊

“ကြောက်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင်လည်း မကြောက်နဲ့”ဆိုတာမျိုးတွေပေါ့။

 

သူ မသေဆုံးခင်ထိဆို သူ့အင်ပါယာမှာ အာရှရဲ့

သုံးပုံတစ်ပုံလောက်ကို အုပ်စိုးထားနိုင်ခဲ့တာပါ။

ဒီဘက်ခေတ်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့

ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့

အရှေ့ဥရောပထိ ပါဝင်ခဲ့ပါတယ်။

 

ဟုတ်ပါတယ်…ဒီရုပ်ရှင်ဟာ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့

ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတိတ်သမိုင်းပါ။

သူ့အတိတ်သမိုင်းသာလျှင် ကြီးကျယ်တာမဟုတ်ပါဘူး၊

သူ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာလည်း ဆုပေါင်း ၁၆ ဆုရရှိခဲ့ပြီး

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

 

ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့

ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။

 

အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့

ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့

ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့

ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့

တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။

 

ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီး

ရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ဂျာမန်၊ မွန်ဂို၊ တရုတ်၊

ဂျပန်၊ ရုရှ၊ ယူကရိန်း၊ ကာဇက်စတန်.. တို့လို့ လူမျိုးပေါင်းများစွာ

ပါဝင်တာကြောင့် စကားပြန်အယောက် ၃၀ ကျော်ကို

ရိုက်ကွင်းပေါ် အမြဲတမ်းခေါ်ထားခဲ့ရပါတယ်။

 

ပြီးတော့ မြင်းစီးစစ်သည်တော်တွေဟာလည်း သရုပ်ဆောင်တွေမဟုတ်ကြပဲ

ကာဇတ်စတန်ကနေ လွှတ်လိုက်တဲ့ မြင်းစီးသမားအစစ်တွေဖြစ်တာကြောင့်

သူတို့အတွက် ၂လသီးသန့် သရုပ်ဆောင်လေ့ကျင့်ရေး ဆင်းခဲ့ရပါသေးသတဲ့။

 

“ မြင်းရဲ့ကျောပေါ်ကနေ ကမ္ဘာကြီးကို

သိမ်းပိုက်ရတာက လွယ်ပါတယ်၊ မြင်းပေါ်က ဆင်းပြီး

အုပ်ချုပ်ဖို့ကသာ ခက်တာ” တဲ့။

 

 

တစ်ခေတ်တစ်ခါရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးရဲ့ ငယ်ဘဝကို

မပင်မပန်းလေး ထိုင်ကြည့်နေနိုင်မှတော့

ဒီအခွင့်အရေးမျိုး လက်လွတ်မခံလိုက်ပါနဲ့နော့်။

 

 

File size…    3.8 GB /  1.4 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 2h 6m
Genre ….. Comedy/Thriller
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Z



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $18 000 000,00
Revenue
USD $26 527 510,00
Popularity
28.285
Status
Released
ID IMDb.com
tt0416044
IMDB Rating
7.2
ID Themoviedb.org
12246
TMDb Rating
6.786
TMDb votes
635