Exit print mode Print Data A+ A- Undo all

Memento (2000)

Some memories are best forgotten.
Memento (2000)Memento (2000)

Synopsis:

442

Memento (2000)

IMDb Rating (8.4) / Rotten Tomatoes (94 %)

သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း……….မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ………………….ရိုင်းစိုင်းမှုတွေ……………အသနားခံမှုတွေ………။ သေချာသွားပြီ………သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ “John G. raped and murdered my wife.”

Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ရခဲ့ပါတယ်။ အဲ့ဒီကားက Memento ပါပဲ။

Memento ဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Leonard Shelby ဟာ Anterograde amnesia လို့ဆိုတဲ့ ရောဂါကိုခံစားနေရပါတယ်။ သူဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးနိင်စွမ်းမရှိပါဘူး။ သူဟာ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စားသောက်ပြီး ခဏနေရင် သူဒီဆိုင်ကိုဘယ်လိုရောက်လာလဲ သိတော့မှာမဟုတ်ဘူး။ တစ်ခါတစ်လေ ညတစ်ရေးနိုးလာရင် အချိန်၊ နေရာ တွေကိုတစ်ခဏမေ့ပျောက်သွားပြီး စဉ်းစားလို့မရနိုင်တာမျိုး တော်တော်များများဖြစ်ဖူးလိမ့်မယ်။ ငါဘယ်လိုလုပ် ဒီအိပ်ရာပေါ်ရောက်လာသလဲပေါ့။ Leonard အတွက်တော့ အချိန်အပိုင်းအခြားတိုင်းက အဲသလိုပဲ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူဟာ ကင်မရာတစ်လုံး၊ ဘောပင်၊ စာရွက်အလွတ်တွေကိုအမြဲဆောင်ထားရတယ်။ သူ့ရဲ့ မော်တော်ကား၊ သူတည်းတဲ့နေရာ၊ သူ့မိတ်ဆွေသစ်တွေကို ဓာတ်ပုံရိုက်ပြီး အမြဲမှတ်ထားရတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေကိုတော့ သူ့ကိုယ်ပေါ်မှာ tattoo ရေးထိုးထားလိုက်တော့တယ်။

Christopher Nolan နဲ့ ညီဖြစ်သူ Jonathan Nolan တို့ကားတစ်စီးနဲ့ခရီးအတူထွက်ဖြစ်ခဲ့ရာမှာ Jonathan ကသူစိတ်ကူးထားတဲ့ ဒီဇာတ်လမ်းကို Christopher ကိုပြောပြခဲ့တယ်။ Christopher ကအရမ်းစိတ်ဝင်စားသွားပြီး ညီဖြစ်သူကို ဝတ္ထုအဖြစ် အပြီးသတ်ရေးဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ Jonathan က ဝတ္ထုတိုအဖြစ်ကြိုးစားရေးသားခဲ့ပြီး ရေးပြီးသမျှကိုလည်း အစ်ကိုဖြစ်သူဆီ မပြတ်ပို့ပေးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Christopher ကသူ့ညီပို့ပေးသမျှကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲနေခဲ့တယ်။ Jonathan က Memento mori ဆိုတဲ့ဝတ္ထုတိုကိုအဆုံးသတ်ပြီးချိန်မှာ Christopher ကလည်း Memento ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုအပြီးသတ်နိုင်ခဲ့ပါတယ်။

Leonard အဖြစ် Guy Pearce သရုပ်ဆောင်ပြီး The matrix မှာအတူတွဲသရုပ်ဆောင်ဖူးခဲ့ကြတဲ့ Carrie-anne Moss နဲ့ Joe Pantoliano တို့လည်းပါဝင်ပါတယ်။ အစက lead actor အဖြစ် Brad Pitt, Aaron Eckhart တို့ကိုစဉ်းစားခဲ့သေးပေမယ့် ဒီဇာတ်လမ်းအတွက်စိတ်အားထက်သန်လွန်းနေခဲ့တဲ့ Guy Pearce ကို Christopher Nolan ကရွေးလိုက်တာပါ။

ဝတ္ထုနဲ့ဇာတ်ညွှန်း ကွာခြားမှုလေးတွေတော့ရှိပါတယ်။ ဒီ Memento ဇာတ်ကားက မိတ်ဆွေတို့ကြည့်ဖူးသမျှဇာတ်ကားတွေနဲ့ ကွဲနေပါလိမ့်မယ်။ ဒီကားမှာ ပထမဆုံးအခန်းဟာ ဇာတ်သိမ်းခန်းဖြစ်ပါတယ်။ နောက်ဆုံးခန်းကတော့ ပထမဆုံးအခန်းဖြစ်ပါတယ်။ ဒီလို Reverse timeline နဲ့တင်ဆက်တာက Christopher ရဲ့ Idea ဖြစ်ပါတယ်။ Timeline ကိုမဖော်ပြဘဲ ဟိုတစ်ခန်း ဒီတစ်ခန်းပြတဲ့ ဇာတ်ကားတွေကြည့်ဖူးပါတယ်။ ဒါပေမယ့် ဒီလို နောက်ကနေရှေ့ကိုပြန်သွားတဲ့ ကားတော့ ဒီတစ်ကားသာကြည့်ဖူးတယ်။ နောက်ပြန်ကြည့်ရတာ ကျွန်တော်တို့ကို ဦးနှောက်ခြောက်စေဖို့မလုံလောက်သေးဘူးလို့ Christopher ကယူဆသလားမသိ။ နောက်ထပ် Time sequence မဖော်ပြထားတဲ့ အခန်းစဉ်တစ်ခုကို တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းမှာ Black & white colour နဲ့ ကြားဖြတ်ပြထားပါသေးတယ်။ Black & white အခန်းတွေကျတော့ chronological order အတိုင်းပြန်ဖြစ်သွားပါတယ်။ ကျွန်တော်တော့ ပထမတစ်ခေါက်ကြည့်တုန်းက တော်တော်လေးကို မူးနောက်သွားတယ်။ ဒုတိယတစ်ခေါက်ကြည့်တော့မှ နားလည်သွားတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားကို non-linear presentation လို့ပြောရင်မလုံလောက်သေးဘူး။ Extreme non-linear လို့ပြောရလိမ့်မယ်။

ဒီလိုဆန်းသစ်လှပတဲ့ စိတ်ကူးစိတ်သန်းကြောင့် ဇာတ်ညွှန်းနဲ့ editing တို့က အော်စကာဆန်ခါတင်မှာ ထိုက်ထိုက်တန်တန်ပါခဲ့ပါတယ်။ Christopher Nolan ဆိုတဲ့နာမည်လည်း ထင်ရှားလာခဲ့ပြီး Imsomnia, The prestige, The dark knight trilogy, Inception စတဲ့ budget ကြီးတဲ့ blockerbusters/crowdpleasers ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးခွင့်ရစေခဲ့ပြီး ဒီနေ့ဒီအချိန်မှာတော့ Hollywood ရဲ့လက်ရှိအထွန်းတောက်ဆုံးဒါရိုက်တာတွေထဲကတစ်ယောက်အဖြစ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

Hollywood မှာ entertainment ကိုဦးစားပေးပြီး ပရိသတ်တွေကို ကောင်းကောင်းဆွဲဆောင်ပြရတဲ့ဇာတ်ကားတွေရှိသလို၊ ဖန်တီးသူရဲ့ ရင်တွင်းဖြစ်အနုပညာကို ကိုယ်ကြိုက်သလိုချပြပြီး ပရိသတ်အကြိုက်ကိုဦးစားမပေးတဲ့ Indie/arthouse ဇာတ်ကားတွေလည်းရှိပါတယ်။ Christopher Nolan ကတော့ နှစ်မျိုးလုံးကို ရောစပ်ပြနိုင်တဲ့ဒါရိုက်တာလို့ ဆိုချင်ပါတယ်။ Christopher က သူ့ရဲ့အနုပညာ၊ သူ့ပြောချင်တာတွေကိုလည်း ထိထိမိမိပြောနိုင်တယ်။ တစ်ဆက်တည်းမှာ entertainment အပိုင်းကိုလည်း အားကောင်းအောင် ဖန်တီးနိုင်တယ်။ သူ့ရဲ့ကားတွေမှာ arthouse ရုပ်ရှင်တွေလို အသိရခက်ခဲတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းပြတတ်တယ်။ နှစ်မျိုးလုံးကိုရောစပ်ပြီး နှစ်မျိုးလုံးကိုလည်း အားကောင်းစေတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ The prestige, The dark knight trilogy, Inception တို့က အကောင်းဆုံးဥပမာတွေပါပဲ။

နောက်လထဲမှာ Christopher ရိုက်ကူးထားတဲ့ Interstellar ရုံတင်တော့မယ်ဆိုတာ သိကြမှာပါ။ အဲ့ဒီကားကိုလည်း Christopher ကသူ့ရဲ့ထုံးစံအတိုင်း အသေအချာကိုရိုက်ကူးထားတယ်လို့ကြားသိရပါတယ်။ Blackholes တွေ၊ Space တွေအကြောင်းကို အခြေခံတဲ့ ဒီကားရိုက်ကူးဖို့ Christopher က သူကိုယ်တိုင် သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို NASA အထိတောင် သွားရောက်လေ့လာခဲ့ပါတယ်။ ထွက်ရှိပြီးသမျှ sci-fi တွေထဲမှာ လက်တွေ့သီအိုရီတွေနဲ့ အနီးစပ်ဆုံးဇာတ်ကားဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားမှုတွေလည်းရှိနေပါတယ်။ အဲဒီကားကို စောင့်မျှော်ရင်း Christopher ရဲ့ Memento ကို review ရေးလိုက်ရခြင်းပါ။

အဆုံးသတ်ပြောရရင်တော့ Memento ဟာ ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ idea အဆန်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်တယ်လို့ ဆိုချင်ပါတယ်။ Christopher Nolan ရဲ့ဇာတ်ကားတွေထဲမှာလည်း The dark knight, Inception တို့နဲ့အတူ အကြိုက်မိဆုံးဇာတ်ကားတစ်ကားပါ။

သူပြေးနေသည်။ သူနှင့်မလှမ်းမကမ်းမှာ လူကြီးတစ်ယောက်ပြေးနေသည်။
“ငါဘာလုပ်နေတာလဲ………….သြော် ငါသူ့နောက်ကိုလိုက်နေတာပဲ”
ထိုလူကြီးက သူ့ကိုသေနတ်နှင့်ပစ်လိုက်သည်။
“မဟုတ်ဘူး……..သူက ငါ့ကိုလိုက်နေတာ”

~Miller~

(ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။)

File size…(10 GB)/ (2.6 GB )/(1.2 GB)
Quality….BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:53:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Trasnlated by Myo Min Aung (MMA)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Memento
Director
Christopher Nolan, Steve Gehrke
Stars
Callum Keith Rennie, Carrie-Anne Moss, Guy Pearce, Harriet Sansom Harris, Joe Pantoliano, Jorja Fox, Larry Holden, Mark Boone Junior, Russ Fega, Stephen Tobolowsky, Thomas Lennon
Release Date
25 May 2001 (USA)
Rated
R
Runtime
1h 53min
Awards
Nominated for 2 Oscars. Another 57 wins & 56 nominations
Country
USA
Budget
USD $9 000 000,00
Revenue
USD $40 047 236,00
Popularity
52.984
Status
Released
ID IMDb.com
tt0209144
IMDB Rating
8.4
IMDB votes
1,087,093
ID Themoviedb.org
77
TMDb Rating
8.2
TMDb votes
14846