Like Father (2018)
There are some journeys you can't take alone.

Synopsis:
Like Father 2018 IMDb 6.1/10
ရေချယ်ဟယ်မစ်တန်က အလုပ်ကြိုးစားလွန်းတဲ့သူတစ်ယောက်ပါ
ခေါင်းထဲမှာအလုပ် အလုပ်ရာထူးတက်ရမယ်ဆိုတာကလွဲလို့
ကျန်တာသိပ်မ စဉ်းစားတတ်သူပါ ဘယ်လောက်ထိအလုပ်ကိုဦးစားပေးလွန်းလဲဆိုရင်
သူ့မင်္ဂလာပွဲဆင်နွှဲမယ့်နေ့မှာတောင် ဖုန်းတစ်လုံးနဲ့ညွှန်ကြားအလုပ်များနေသူပါ
သူ့သတို့လောင်းမှာဒီအကြောင်းကိုသိသွားတော့ သည်းမခံနိုင်တော့ပဲ
မင်္ဂလာပွဲကိုဆက်မလုပ်နိုင်တော့ဘူးဆိုပါလေရော ရေချယ်မသိ
ခဲ့တာက
သူ့မင်္ဂလာဆောင်မှာ သူမဖိတ်ခေါ်ထားတဲ့ဧည့် သည်တစ်ယောက်ရောက်နေတာကိုပါပဲ
တစ်ခြားသူတော့မဟုတ်ပါဘူး သူနဲ့သူ့အမေကို နှစ်ပေါင်းများစွာပစ်ထားခဲ့ပြီး
အလုပ်ကိစ္စတွေနဲ့ကမ္ဘာ ပတ်နေတဲ့သူမ အဖေ ဟယ်ရီဟယ်မစ်တန်ပါပဲ
ဟယ်ရီတစ်ယောက်သူ့သမီးမင်္ဂလာဆောင်ကိုတိုးတိုးတိတ်တိတ်တက်
ရောက်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြောင့်
ရေချယ်ကလဲသူ့ကိုမြင်သွားသလို သူကလဲသူ့သမီးလေးရဲ့
ပျက်စီးသွားတဲ့မင်္ဂလာပွဲလေးကိုစိတ်မကောင်းစွာကြုံတွေ့လိုက်ရပါတယ်
ဒီနောက်မှာတော့ ငယ်ငယ်ထဲကပစ်သွားရမလားဆိုပြီး
ဖခင်အပေါ်စိတ်နာနေတဲ့ ရေချယ်နဲ့ လောလောလတ်လတ်အသည်းကွဲနေတဲ့သမီးကို
နှစ်သိမ့်ပေးချင်တဲ့ ဟယ်ရီတို့၂ယောက်က စုံတွဲတွေအတွက်သီးသန့်
ခရီးစဉ်ဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မူးမူးနဲ့ရောက်သွားကျရောဆိုပါတော့
(တကယ်က အဲ့ခရီးစဉ်ကရေချယ်နဲ့သတို့သားအိုဝင်တို့ ဟန်းနီးမွန်းထွက်ဖို့လုပ်ထားတဲ့ခရီးစဉ်ပါ)
စုံတွဲတွေ လတ်လတ်ဆတ်ဆတ်လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေကြား
မတည့်အတူနေသားအဖ၂ယောက်ရောက်သွားတဲ့အခါမှာတော့….
Like Fatherက အဖေကိုအထင်လွဲစိတ်နာနေတဲ့သမီးနဲ့
အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားနေတဲ့ဖခင်တို့ကြားက
သံယောဇဉ် ချစ်ခြင်း မေတ္တာတို့အကြောင်းပေါ့ပေါ့ပါးပါးလေး
တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ
ဟာသလေးတွေလဲပါသလို မထင်မှတ်ထားတဲ့
ဇာတ်လမ်းပုံစံလေးတွေနဲ့သင့်ရဲ့အချိန်ကို
ပေါ့ပေါ့ပါးပါးလေးကုန်ဆုံးစေပါလိမ့်မယ်…
ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။