Exit print mode Print Data A+ A- Undo all

Kindling (2023)

A summer to be remembered.
Kindling (2023)Kindling (2023)

Synopsis:

Kindling (2023)
============
IMDb Rating – 6.1/10
Genre – Drama, Romance

“အရာဝတ္ထုလေးတွေ တစ်စုံတစ်ခု လောင်ကျွမ်းသွားတဲ့အခါ..
ဒီ ဒြပ်မှုန်လေးတွေဟာ လေထုလွှာထဲကို လွှင့်ပါသွားပြီးတော့
ထာဝရ တည်ရှိနေနိုင်တယ်” – ဆစ်ဒ်

442

ဇာတ်ကားနာမည် Kindling ဆိုတာ မြန်မာလိုဆို မီးစာတဲ့…
ကျွန်တော်တို့ဘဝတွေမှာ ဆက်လက်ပြီး တောက်လောင်နေဖို့
အတွက် လိုအပ်တဲ့ မီးစာလေးတွေလို့ မြင်မိတယ်။ လက်ရှိဘဝမှာ
ချစ်ခင်မြတ်နိုးရတဲ့လူတွေကို သူတို့ ကိုယ့်အနားက ထွက်ခွာမသွား
ခင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ၊ ဘာတွေတူတူ ဖြတ်သန်းပြီးပြီလဲ၊
ဘယ်လို တန်ဖိုးထားခဲ့သလဲ မမေ့လိုက်ဖို့ အရေးကြီးတယ် မဟုတ်
ပါလား။

ဆစ်ဒ် – မကြာခင် ရက်ပိုင်းအတွက် သေဆုံးရတော့မယ့် ကောင်လေးတစ်ယောက်
ဒစ်ဂ် – ဆစ်ဒ်တို့ အိမ်မှာ လာနေပြီး အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ငယ်သူငယ်ချင်း
ဝူဖီ – ပေါက်ကရလုပ် အစအနောက်သန်ပြီး ခေါင်းဆောင်လုပ်ချင်သူ
ပလော့ဒ် – အရှက်အကြောက်ကြီးသူ အများဝိုင်းစတာကို အမြဲခံရသူ
ဒရစ်ဘယ် – သဘောမနောကောင်း ကောင်မလေးဆို စကားမပြောရဲတဲ့သူ

ဒီလို သူစိမ်း ၅ ယောက်ကနေ ညီအစ်ကို ၅ ယောက်လို ဖြစ်လာကြတဲ့
သူငယ်ချင်းတစ်စုဟာ သူတို့ ၅ ယောက်အတွက် နောက်ဆုံးသော နွေရာသီကို
အတူကုန်ဆုံးဖို့ ဖြစ်လာတယ်။ ဒါဆို တစ်သက်လုံး အမှတ်တရ ကျန်ခဲ့အောင်
ဘာလုပ်ကြမလဲဆိုတော့ ဆစ်ဒ်က ဒီ ညီအစ်ကို ၅ ယောက်လိုပဲ သူ့အတွက်
ဘဝမှာ တန်ဖိုးရှိတဲ့ စကားလုံး ၅ လုံး ဖြစ်တဲ့ “ချစ်ခြင်း မေတ္တာ” “မိသားစု”
“သူငယ်ချင်း” “အိမ်” နဲ့ “တည်နေရာ” ဆိုတာနဲ့ တူယှဉ်တွဲပြီး ဆက်နွယ်မှုရှိတဲ့
ပစ္စည်းလေးတစ်ခုစီကို တစ်ယောက်ချင်းစီက ရှာဖွေပြီး နောက် ၄ ရက်နေရင်
မီးပုံပွဲကြီးလုပ်ပြီး မီးစာအဖြစ် ထာဝရတည်မြဲနေအောင် မီးရှို့ပစ်ကြမယ်ပေါ့
လေ… ဒီလိုနဲ့ပဲ……။

ညီအစ်ကိုလို ဖြစ်နေကြတဲ့ သူငယ်ချင်း ၅ ယောက်ရဲ့ သံယောဇဉ်တွေ မိဘနှစ်
ပါးရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို လှပတဲ့ သံစဉ်တေးသီချင်းတွေနဲ့ ဖော်
ကျူးပြီး နောက်ဆုံးပိတ်အချိန်လေးမှာ ကျွန်တော့်ကို မျက်ရည်ကောင်းကောင်း
ချူသွားခဲ့တဲ့ ဒရမ်မာကားကောင်းလေး တစ်ကားလို့ပဲ ပြောလိုက်ချင်ပါတယ်ဗျာ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thura Aung ဖြစ်ပါတယ်)

File Size……….(1.2 GB) / (522 MB)
Quality………..WEB-DL 1080p / 720p
Duration……..1Hr 34Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Romance
Translator……Thura Aung
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
10.642
Status
Released
ID IMDb.com
tt15184804
IMDB Rating
6.1
IMDB votes
1224
ID Themoviedb.org
989799
TMDb Rating
6.667
TMDb votes
6